ဌာနပေါင်းစုံရည်းစားစကားပြောနည်းများ

ဌာနပေါင်းစုံရည်းစားစကားပြောနည်းများ google.com

ဆည်မြောင်း

—————–

ကိုယ်တို့ ရဲ့ သံယောဇဉ် ကောက်ပင်လေးတွေ ရှင်သန်စေဖို့  အကြင်နာ ရေစီးကြောင်းလေး စီးဆင်းခွင့်ပေးပါတော့လား —- ဟင် ။

ကျန်းမာရေး

—————

အနီရင့်ရင့် လေး တွေမြင်ကတည်းက ရောဂါ တစ်ဝက် သက်သာနေပြီလေ.. ဗိုလ်ချုပ်အောင်ဆန်း လို တိုတိုတုတ်တုတ် ပြောရ ရင် ကိုယ့်ဘဝ ထဲကို ငွေသော်တာရောင်ခြည်လေး ထာဝရ လင်းလက်ခွင့်ပေးပါလားဗျာ ။

 

ပညာရေး

————

စံပယ်လေးတွေ စီရရီ ရင်ထဲမှာ ပွင့်လာသလိုပဲ အေးချမ်းလိုက်ပါဘိ — ဖြစ်ချင်ရာ ဖြစ်ခွင့်ရကြေးဆို ဆရာမ လက်ထဲက အပိုင်းအစ မြေဖြူခဲလေး ဖြစ်ပါရစေ အနူးညံ့ဆုံး လက်ချောင်းလေးတွေရဲ့ ထိတွေ့ခွင့် ရပြီး ကွယ်ပျောက်သွားရလည်း ကျေနပ်ပါရဲ့ ။

 

စည်ပင်

———

ရင်ဘတ်ထဲက လာသမျှက အမှိုက်လို့ မင်းမထင်ပါနဲ့ မေတ္တာ တွေများ လွန်းး လို့  အခွန်ဆောင်ရမယ်ဆိုလည်း ရာသက်ပန် ဆောင်ပါရစေ နော် ။

 

လျပ်စစ် ( EPC )

——————–

အချစ်ဆိုတာ လာချင်မှလာ ပြတ်ချင်တိုင်း ပြတ်လို့ မရဘူးးနော် လကုန်မှ မီတာ ခ လာဖတ်သလိုတော့ မလုပ်နဲ့ ဟွန်းးး.. ဒီက ချစ်တာ က ဗို့ အား ပြင်းတယ် ဘာမှတ်နေလဲ တစ်သက်တာ မီတာခကို ၁၅၀၀ အပြည့်ဆောင်ပေးလိုက်လို့  အကုန်မီးထပွင့်သွားးမယ်။

 

စိုက် / ဘဏ်

——————–

ပုံစံ ( ၇ ) ရမှ ချေးငွေရမယ်ပေါ့ —- ဟုတ်စ ဟော့ဒီရင်ဘတ်က ဖြစ်လာတဲ့ အချစ်က ပုံစံ( ၇ ) မပါပေမဲ့ ပေါက်လွှတ်ပဲစား မဟုတ်ရပါဘူးးး နိုင်ငံတော်ချေးငွေကို စောင့်မနေပဲ မင်းရဲ့ အကြင်နာချေးငွေသာ ၁၅၀၀ အပြည့် ပေးလိုက်ပါတော့လား ။

 

လဝက

———

နှလုံးသားစစ်စစ်ပါပဲ ဘာလို့ များ မိတ္တူတွေ တောင်းနေရတာလည်း.. ဟိုစစ် ဒီစစ် စစ်မနေပါနဲ့တော့ ကိုယ်တို့ ရဲ့ အိမ်ထောင်စု လူဦးရေ စာရင်းထဲ မင်းနာမည်လေး ပါ တခါတည်း ထည့်ပါရစေလား ။

 

စိုက်ပျိုးရေး

————–

ဟော့ဒီရင်ဘတ်ထဲ က အချစ်ကိုများ မင်းက စပါးဖျက်ပိုး လို့ ထင်နေတာလား.. ထင်ချင်လည်း ထင်ပါ မင်း သုးံတဲ့ ဆေးတိုင်း ဓါတု လက်နက်တွေမသုံးပဲ သြဂဲနစ်စစ်စစ် သာဖြစ်ပါစေ.. မေတ္တာ စပါးပင်လေးတွေ ရှင်သန်စေဖို့ ကိုယ်တာဝန်ယူပါရစေ ။

 

ကျေးလက်

—————-

ဟိုဟာပေးမယ် ဒီဟာ ပေးမယ်ဆိုပြီး ဖြေသိမ့်ဖို့ တော့လာမလုပ်ပါနဲ့.. ပြည်သူ က ( 50 )% ထည့်ဝင်မှ တခုခုပေးမယ်ဆိုရင် မင်းအတွက် (100) % အပြည့်ထည့်ဝင်ထားတယ်.. မင်းဘဝ တစ်ခုလုံးသာ ထည့်ပေးဖို့ ပြင်ဆင်ထားပါ ။

 

ရဲ ( ရဲမေ )

————

မင်းကို မြင်လိုက်တည်းက ကိုယ့်ဘဝတစ်ခုလုံး လုံခြုံသွားပြီ.. မင်းရဲ့ မေတ္တာ အချုပ်ခန်းထဲမှာ ထာဝရ အကျဉ်းသားပဲ ဖြစ်ခွင့်ရချင်တော့တယ်.. ကျေးဇူးပြုပြီး အနမ်းလက်ထိပ် လာခတ်ပေးပါလား ။

 

တပ်မတော် ( စစ်သမီး )

——————————

သိုင်းတော့ သင်ထားဦးမှ သိပ် လက်လျှင်တာ အခန့်မသင့်ရင် မျက်နှာပေါ် မှာ အာလူးသီးသွားနိုင်တယ်.. ဒါပေမဲ့လည်း လေ အကြင်နာစစ်စစ်တွေ အကြောင်း သူ သိလာရင် နူးညံ့သွားလောက်မှာပါ.. အနမ်းလေးတစ်ခု နမ်းဖို့ အရေးတောင် သတိတစ်ခါစွဲ သစ္စာ အဓိဌာန်တွေ ဆိုနေရသေးး ဟူးးးးးး။

 

တိုင်းရင်းဆေး

—————

တိုးတက်နေတဲ့ခေတ်ထဲ မင်းကို မြင်လိုက်ဆိုကတည်းက အင်္ဂလိပ်ဆေး ကိုမသောက်ချင်တော့တာ ကိုယ့်ဘဝတခုလုံး ဗမာဖြစ်ဆေးလေးတွေနဲ့ပဲ ရှင်သန်ပါရစေနော်။

 

ဥပဒေ ( ရှေ့နေ )

———————

တရားကို လောကပါလ နတ်မင်းစောင့်တယ်လေ.. ကိုယ်ယုံကြည်ပါတယ် ကိုယ့်ကိုတော့ ပုဒ်မ ၁၅၀၀ ကလွဲပြီးကျန်တာ မတပ်ပါနဲ့.. မင်းရဲ့ နှလုးံသားထဲ လွတ်ရက်မရှိသာ အကျဉ်းချလိုက်ပါတော့။

 

မြေစာရင်း ၊ မီးသတ်

——————————

(ဒီဌာနတွေကတော့ ခြွင်းချက်ပါပဲကျွန်တော် သိသလောက် အကုန်အထီးတွေချည်းမို့ ရည်းစားစကားသွားပြောလို့ မဖြစ်ပါ)။

 

ကော်မရှင်

————-

နှလုံးသားရဲ့ ဆန္ဒ မဲတွေကို စနစ်တကျ သိမ်းဆည်ပေးပါလား .. မေတ္တာနယ်ပယ်မှာ မဲစနစ် နဲ့ သွားခဲ့ရင်လည်း သမာသမတ်ကျစွာ ပဲ ကိုယ့်ကို ရွေးချယ်စေလိုပါတယ် ။

 

ထွေ / အုပ်

————

အရေးပေါင်းစုံ ခေါင်းထဲ ထည့်ထားမှတော့ ခန္ဓီပါရမီ ဘယ်လောက်ရင့်သန်လဲ ဆိုတာ ကိုယ်သိပြီ.. ပင်ပန်းနေတဲ့ကြားက သူ့ အပြုံးလေးတွေများ သိပ်လှနေလိုက်တာ —— ပညာရေးဆိုလည်း သူသိတယ် လူမှုရေးနယ်ပယ်ဆိုလည်း သူကျွမ်းတယ် ယုတ်စွ အဆုံး လူတစ်ယောက် မီးဖွားတာကအစ သေဆုံးသွားတာ အထိ သူမသိတာမရှိဘူး.. အစိမ်းရောင်စစ်စစ်လေး ကနေ ဗေဒါရောင်လေး ပြောင်းလိုက်လည်း အလှကို မပျက်တာ ပို လို့ တောင်ထင်ပေါ်လာသေး ဘာဖြစ်ဖြစ်လေ ချစ်သူက ဗေဒါဆိုတော့ ကိုယ်ကရေလွှာပေါ့ ဘယ်ကမ္ဘာမှ မခွဲဘူးနော်.. အမှုအထွေထွေ ရှုပ်နေလည်း ကျွန်တော့်ရဲ့ မဗေဒါလေးက ” ဗေဒါ ပျံ အံကိုခဲ ပန်း ပန်လျှက်ပါ ပဲ “

 

Ps — မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်ပါ မည်သူ့ ကိုမျှ လည်း ပုတ်ခတ်လိုခြင်းမရှိပါ ။

 

Crd to သျှားထက်အောင်

Read times Last modified on Wednesday, 19 September 2018 10:48
Rate this item
(1 Vote)