ချစ်သူကို သဘောထားကြီးကြီးထားပြီးချစ်တတ်တဲ့ကောင်လေးတွေဆိုတာ

ချစ်သူကို သဘောထားကြီးကြီးထားပြီးချစ်တတ်တဲ့ကောင်လေးတွေဆိုတာ google.com

ကိုယ့်ချစ်သူကောင်မလေးအပေါ်မှာ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်အနစ်နာခံပြီးချစ်ပေးတတ်တဲ့ ကောင်လေးမျိုးတွေဟာ

ဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

 

အငြိုးအတေးမထားတတ်တဲ့သူ

သူတို့တွေက ချစ်သူမိန်းကလေးတွေအမှားလုပ်မိတဲ့အခါ စိတ်ထဲမှာ အငြိုးအတေးမထားတတ်ကြပါဘူး။ ကိုယ့်ချစ်သူစိတ်ဆင်းရဲမှာ မလိုလားတဲ့စိတ်တစ်ခုနဲ့တင် အမှားတွေအားလုံးကို လွယ်လွယ်ခွင့်လွှတ်ပေးတတ်တဲ့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။

 

နှစ်ကိုယ့်တစ်စိတ်ဖြစ်တယ်

နှစ်ယောက်ပေါင်းမှ တစ်ယောက်ဖြစ်သလိုပဲ ကိုယ့်ချစ်သူရဲ့ပြဿနာဟာ ကိုယ့်ပြဿနာလို့ခံယူထားတတ်တဲ့ကောင်လေးတွေပါ။ ကိုယ့်ချစ်သူကောင်မလေး ပြဿနာဖြစ်ပြီး စိတ်ဆင်းရဲ၊ စိတ်ညစ်နေရတာကို မကြည့်ရက်ဘဲ ပြဿနာကိုကိုယ့်ကိစ္စလိုသဘောထားပြီး အားလုံးအဆင်ပြေအောင်ဖြေရှင်းပေးတတ်တဲ့သူမျိုးတွေပါ။

 

ကိုယ်ဖြစ်ချင်တာထက် ချစ်သူကိုဦးစားပေးတယ်

ဒီလိုယောင်္ကျားလေးမျိုးတွေက ကိုယ်ဖြစ်ချင်၊ ကိုယ်လုပ်ချင်တာတွေကို ချစ်သူကမကြိုက်ဘူးဆိုရင် လှည့်တောင်မကြည့်တတ်တဲ့သူတွေပါ။ သူတို့ဝါသနာပါတာ၊ စိတ်ဝင်စားတာတွေကို ချစ်သူအတွက် စွန့်လွှတ်နိုင်တဲ့သူတွေပါပဲ။

 

ကိုယ့်ချစ်သူသာ အလှဆုံးပဲ

သူတို့အမြင်မှာ ကိုယ့်ချစ်သူကလွဲရင် ကျန်တာဖွဲနဲ့ဆန်ကွဲပါပဲ။ ချစ်သူတစ်ယောက်တည်းသာ ကမ္ဘာပေါ်မှာအလှဆုံးလို့မှတ်ယူပြီး ကိုယ့်ချစ်သူကောင်မလေးကိုသာ အစွမ်းကုန်ချစ်တတ်ကြတဲ့ ကောင်လေးတွေပါ။

 

Source – B.Trix (Love Shop)

 

Read More: ယောင်္ကျားလေးတွေစိတ်ဝင်စားတတ်ကြတဲ့မိန်းကလေးပုံစံ(၁၀)မျိုး
maxresdefault 2

Read times Last modified on Wednesday, 19 September 2018 10:47
Rate this item
(2 votes)