တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ အချစ်ဇာတ်လမ်းလေးတွေ

တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ အချစ်ဇာတ်လမ်းလေးတွေ google.com

သူငယ်ချင်းတွေကောင်းမှုကြောင့်ချစ်ကြိုက်ကြတဲ့ဇာတ်လမ်း

နှစ်ဖက်သူငယ်ချင်းတွေဝိုင်းပြီး အားပေးအားမြှောက်လုပ်လို့ စိတ်ဝင်စားကြရာကနေ ချစ်ကြိုက်တဲ့အထိဖြစ်သွားကြတဲ့ဇာတ်လမ်းကတော့ တက္ကသိုလ်ကျောင်းသားဘ၀မှာ ဖြစ်လေ့ဖြစ်ထအရှိဆုံးဇာတ်လမ်းလို့ပြောလို့ရပါတယ်။

 

နာမည်ကြီးဇာတ်လမ်း

ဒါကတော့ ယောင်္ကျားလေးကော မိန်းကလေးပါ ကျောင်းအတွင်းမှာ ချောမောလှပမှုကြောင့်ပဲဖြစ်ဖြစ်၊ ဗရုတ်ကျလို့ပဲဖြစ်ဖြစ်၊ စာတော်လို့ပဲဖြစ်ဖြစ် နာမည်ကြီးကြတဲ့သူတွေပါ။ ဒီလိုနာမည်ကျော်ကြားရာကနေ တစ်ဦးနဲ့တစ်ဦး သတိထားမိပြီး ဇာတ်လမ်းလေးတွေဖြစ်လာကြတဲ့ နာမည်ကြီးဇာတ်လမ်းပါ။

 

သူငယ်ချင်းဇာတ်လမ်း

ဒါကတော့ရှင်းပါတယ်။ သူငယ်ချင်း အချင်းချင်းအနေနီးရာကနေ သံယောဇဉ်တွယ်ပြီး ချစ်ကြိုက်မိကြတဲ့ ဇာတ်လမ်းပါ။

 

သိပ်မုန်းရာက သိပ်ချစ်မိကြတဲ့ ရန်ဘက်ဇာတ်လမ်း

တစ်ယောက်နဲ့တစ်ယောက် ကြည့်မရဘဲ တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ ရန်ဘက်တွေကနေ သူနဲ့မတွေ့ရရင် ရန်ဖြစ်ရမယ့်သူမရှိလို့ တစ်ခုခုလိုနေသလိုတွေ ခံစားမိပြီး မသိစိတ်ကနေချစ်မိကြတဲ့ ရန်ဘက်ဇာတ်လမ်းပေါ့ ဒါကတော့။

 

စီနီယာ၊ ဂျူနီယာဇာတ်လမ်း

စီနီယာကြီးကို အားကိုးချင်စရာကောင်းလို့တစ်မျိုး၊ ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေလုပ်တတ်တဲ့ ဂျူနီယာလေးကိုစိတ်ဝင်စားတာကတစ်ဖုံကြောင့် ဖြစ်တဲ့ဇာတ်လမ်း။

 

တစ်ဖတ်သတ် ဇာတ်လမ်း

တက္ကသိုလ်ကျောင်းသားကျောင်းသူမှ မဟုတ်ဘဲ လူတော်တော်များများကြုံဖူးကြတဲ့ အချစ်ဇာတ်လမ်းကိုပြောပါဆိုရင် တစ်ဖတ်သတ်ဇာတ်လမ်းပါပဲ။ Crush ကိုတစ်ဖတ်သတ်ကြွေနေရတဲ့ ခံစားချက်ကို ခံစားဖူးသူတိုင်း ကောင်းကောင်းသိပါတယ်။

 

သုံးပွင့်ဆိုင် ဇာတ်လမ်း

တော်တော်ကိုရှုပ်ထွေးပြီး ဖြေရှင်းရခက်တဲ့ ဇာတ်လမ်းကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းပါပဲ။ ရွေးချယ်မှုမှန်ကန်မှ တော်ကာကျမှာပါ။

 

Source – Lwin Pyin

 

Read More: ဒီလိုအချစ်ခံရတဲ့မိန်းကလေးတွေဖြစ်ချင်ကြမှာပါ
interesting facts about love 2

Read times Last modified on Wednesday, 19 September 2018 10:47
Rate this item
(1 Vote)