“အပျိုကြီး လုပ်ရင် အိုဇာတာ ကောင်းပါ့မလား စိတ်ပူနေသူများအတွက်”

“အပျိုကြီး လုပ်ရင် အိုဇာတာ ကောင်းပါ့မလား စိတ်ပူနေသူများအတွက်” google.com

အပျိုကြီး လုပ်ချင်တယ် ဒါပေမယ့် အိုဇာတာ မကောင်းမှာ လည်းကြောက်တယ်ဆိုတဲ့

မိန်းကလေးတွေ ၁၀ ယောက်မှာ ၆ ယောက်လောက်ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အမြင်ကတော့ ဒါတွေဟာ ရှေးရိုးစွဲ အယူအဆတွေ သပ်သပ်သာဖြစ်တဲ့ အပြင်

တကယ့် လက်တွေ့ဘဝ က အပျိုကြီးတွေလည်း သူတို့ နည်းသူတို့ဟန် နဲ့ အဆင်ပြေနေကြတာပါပဲ။

တစ်ခုရှိတာကတော့ ကိုယ့်အနေနဲ့ အသက်ကြီးရင် ခပ်ဂေါ်ဂေါ် Independent အပျိုကြီး ဖြစ်ဖို့အတွက် ဒီအချက်တွေကိုတော့ သေချာကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

 

(၁) ကျန်းမာရေး ဂရုစိုက်ပါ

အဓိကတော့ ကျန်းမာရေးဆိုတာ ရုတ်တရက်တင်ဖြစ်တာမျိုးတင်မဟုတ်ပဲ အသက်ကြီးတဲ့အခါမှ ငယ်ငယ်က ဆိုးခဲ့တဲ့ ဒဏ်တွေ ပြန်ထိတာမျိုးပါ။ငယ်တုန်းမှာ အားကစား မလုပ်ခဲ့ရင်

အသက်ကြီးတဲ့အခါ အပင်ပန်းမခံနိုင်ဖြစ်မယ် ၊ အစားအသောက် မဆင်ခြင်ခဲ့ရင် ကြီးတဲ့အခါ ရောဂါမျိုးစုံဖြစ်လာမယ်။ ပြောချင်တာက အပျိုကြီးဆိုတာ အားကိုး မှီခိုနေစရာမလိုပဲ

Independent ဖြစ်နေဖို့လိုတဲ့အတွက် ကိုယ့်ရဲ့ ရေရှည်ကျန်းမာရေးကို အခုတည်းက ဂရုစိုက်သင့်ပါတယ်။

 

(၂) မိသားစု ၊ မောင်နှမ နဲ့ သူငယ်ချင်း တွေကို ချစ်ခင်ပါ

အသက်ကြီးလာတဲ့အခါ ကိုယ့်ဘေးမှာ လင်ယောက်ျား ၊ သားသမီး ဆိုတာမရှိနိုင်တဲ့ အတွက် အဖေ အမေ ၊ ညီအကို မောင်နှမ နဲ့ ဘော်ဒါ တွေကသာ ကိုယ့်အတွက် တစ်သက်တာ အားကိုးချစ်ခင်စရာ

ဖြစ်မှာပါ။

 

(၃) ငွေကြိုစု ပါ

အိုစာ မင်းစား ရှာတယ်ဆိုတာ ဒါမျိုးကိုရည်ရွယ်တာပါ။ တစ်ယောက်တည်း ခရီးတွေထွက်ပစ်ဖို့ ၊ ကမ္ဘာပတ်ဖို့ ၊ ဝယ်ချင်တာတွေ ဝယ်ဖို့ ၊ အရေးအကြီးဆုံးကတော့ ကျန်းမာရေး အတွက် ငွေပိုပေါ့လေ။

 

(၄) ဝါသနာ တစ်ခုခု သေချာမွေးမြူပါ

အသက်ကြီးလို့ ဘေးမှာဘယ်သူမှ မရှိမယ့်လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ပဲ ပြန်ပြီး Entertain လုပ်ရမှာပါပဲ ။ အဲ့အတွက် ငယ်တုန်းကတည်းက ကိုယ်ဝါသနာ ပါတဲ့ ကိစ္စရပ်တွေကို သေချာကြိုတင်

လေ့ကျင့်ပါ ။ ( ဥပမာ ပန်းချီဆွဲတာ ၊ သိုးမွှေးထိုးတာ ၊ ပီယာနိုတီးတာ အစရှိသဖြင့်ပေါ့)

ကဲ အပျိုကြီးလုပ်မယ့်လူတွေ Mention ခေါ်လိုက်ကြပါအုန်း။

 

Credit;Cherry Wai

 

Readmore;ဒီလိုဆိုရင်တော့သင်ကအချစ်ရေးမှာကံဆိုးတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ

Read times Last modified on Wednesday, 19 September 2018 10:39
Rate this item
(1 Vote)