အချစ်နဲ့ဘဝကိုအောင်မြင်အောင်တည်ဆောက်ပါ

အချစ်နဲ့ဘဝကိုအောင်မြင်အောင်တည်ဆောက်ပါ google.com

ယောက်ျားလေးတွေရဲ့အားနည်းချက်က အခြားကောင်လေးတွေကောင်းကြောင်း ကိုယ်ချစ်သူကလာပြောတာကိုမကြိုက်ဆုံးပဲ။

မင်းသား၊အဆိုတော်၊သရုပ်ဆောင်ကို အားပေးတာလက်ခံနိုင်ပေမယ့် ဘယ်ကောင်လေးကဖြင့် ဘယ်ကောင်မလေးကို ဘယ်လိုတွေဝယ်ပေးတာ ဘယ်လိုထားတာ အားကျလိုက်တာလို့ ကိုယ့်ချစ်သူကလာပြောတာကို ဘယ်ယောက်ျားလေးကမှကြိုက်မယ်မထင်ပါဘူး။သူများတွေလိုလုပ်ပေးနိုင်ချင်မှလုပ်ပေးနိုင်ပါလိမ့်မယ်။ဒါပေမယ့် ကိုယ်ချစ်သူအပေါ်ချစ်တဲ့အချစ်ကတော့ ဘယ်သူ့ထက်မှမလျှော့ပါဘူး။လူဆိုတာမျိုးကလည်း သူ့အကျိုးပေးနဲ့သူ ကိုယ့်အကျိုးပေးနဲ့ကိုယ် နောက်ပြီးလုပ်တိုင်းလည်းဖြစ်တာမဟုတ်ဘူး။ဒါပေမယ့် မလုပ်ဘဲနဲ့လည်းနေလို့မရပါဘူး ကံ၊ဥာဏ်၊ဝီရိယ တို့ပေါင်းစုံမိတဲ့အခါကြရင် အရာအားလုံးအဆင်ပြေသွားမှာပါ။တစ်ယောက်နဲ့တစ်ယောက် ဘယ်အရာကိုမှယှဉ်လို့မရပါဘူး။ကိုယ့်အားနည်းချက်သူ့အားသာချက်လည်းဖြစ်သွားနိုင်တာပဲ သူ့အားနည်းချက်ကကိုယ့်အားသာချက်လည်းဖြစ်နိုင်တာပဲကိုယ်တွေရဲ့လက်မှာတောင် အတိုအရှည်ရှိတာပဲ၊အဓိက က ကိုယ်ရတဲ့ဘဝကို ကိုယ်ကျေနပ်ဖို့ပါပဲ။ဒါအရေးအကြီးဆုံးပဲ။နောက်ပြီးမိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူယောက်ျားလေးကို ဘယ်မိန်းကလေးနဲ့မှမစွပ်စွဲမိပါစေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်အောင်တော့ ကြိုးစားလို့ရပါတယ်။ကိုယ်မယုံကြည်တဲ့သူနဲ့ဆက်ပြီးတော့ လက်မတွဲပါနဲ့ကိုယ့်ချစ်သူကို ကိုယ့်ရဲ့သဝန်တိုမှုကြောင့် ဝန်မပိပါစေနဲ့။အချစ်ကြောင့် စစ်မဖြစ်ပါစေနဲ့။အချစ်ကြောင့် ငြိမ်းချမ်းရေးသာဖြစ်ပါစေ။အချစ်နဲ့ဘဝကိုအောင်မြင်အောင်တည်ဆောက်ကြပါ......

 

Myanmar Wedding Guide

 

Credit;အချစ်နဲ့ဗေဒင်

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(2 votes)