Central Hotel

Central Hotel

Central Hotel ဟာ ရန်ကုန်မြို့လယ်တွင် ဗိုလ်ချုပ်လမ်းပေါ်တွင် တည်ရှိပြီး လူသွားလူလာ အချက်အချာကျသော နေရာတစ်နေရာဖြစ်ပါတယ်။ Sule-Shangrila Hotel နဲ့ ကပ်လျက်တွင် တည်ရှိပါတယ်။ Central Hotel တွင် Jade Hall နှင့် Ruby House ဟူ၍ ခန်းမ နှစ်ခန်းပါရှိပြီး Ruby House မှာ အယောက် ၈၀ ခန့် ဆန့်ဝင်ပြီး Jade Hall မှာ လူအယောက် ၄၅၀ နှင့်အထက် ပွဲများအတွက် သင့်တော်ပါတယ်။

 

ခန်းမ နှင့်ဝန်ဆောင်မှု

Jade Hall လူဦးရေ ၁၀၀ မှ ၂၅၀ ထိဆန့် ခန်းမ ကို တစ်သိန်းကျပ်၊ လူဦးရေ ၂၅၀ မှ ၄၅၀ ထိဆန့် ခန်းမ ကို တစ်သိန်းတစ်သောင်းကျပ်၊ လူဦးရေ ၄၅၀ အထက် ခန်းမ ကို တစ်သိန်း နှစ်သောင်းကျပ်နှင့် Ruby House တွင် လူဦးရေ ၈၀ ဆန့် ခန်းမ ကို ရှစ်သောင်းကျပ် ဖြစ်ပါတယ်။

ဟိုတယ်တွင် မင်္ဂလာပွဲကို ၄ ချိန် ကျင်းပနိုင်ပြီး မနက် ၉ နာရီ မှ ၁၀ နာရီခွဲအထိတစ်ချိန်၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီခွဲအထိ တစ်ချိန်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိတစ်ချိန် ညနေ ၆ နာရီမှ ၇ နာရီခွဲအထိတစ်ချိန် မိမိကြိုက်နှစ်သက်ရာ အချိန်ကို ယူနိုင်ပါတယ်။

မင်္ဂလာစင်မြင့်ပန်းအိုးတစ်အိုးလျှင် နှစ်သောင်းငါးထောင်ကျပ် မိမိစိတ်ကြိုက်ပန်းအိုးကို ထားနိုင်ပါတယ်။ သတို့သား၊ သတို့သမီး နာမည်ရေးထိုးမည်ဆိုပါက  မြန်မာဘာသာတစ်မျိုးဖြင့် နာမည်ရေးထိုးလျှင် နှစ်သောင်း ငါးထောင်ကျပ် နှင့် တရုတ်၊ အင်္ဂလိပ်၊ မြန်မာဘာသာ (၂) မျိုးဖြင့် နာမည်ရေးထိုးလျှင် သုံးသောင်းကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

ဧည့်သည် ၂၀၀ နှင့်အထက်အတွက်မှာယူမည်ဆိုလျှင် Wedding Cake လက်ဖွဲ့ပေးပါတယ်။ ဧည့်သည် ၅၀၀ နှင့်အထက် ဟိုတယ်မှ အစားအသောက်မှာယူမည်ဆိုလျှင် သတို့သား၊ သတို့သမီးကို တစ်ညတာ တည်းခိုခွင့်နဲ့ နံနက်စာအပါအ၀င် လက်ဖွဲ့ပေးပါတယ်။ ဧည့်သည်စားပွဲပေါ်ရှိ တစ်ပွင့်ထိုးပန်းအိုးများကို ဟိုတယ်မှ မေတ္တာလက်ဆောင်ပေးပါတယ်။ မင်္ဂလာဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးအတွက် သီးခြားကောက်ခံမှုမရှိကြောင်း သိရပါတယ်။

မင်္ဂလာအခမ်းအနားအတွက် ရက်/အချိန် သတ်မှတ်ပြီးပါက ကျသင့်ငွေ၏ ၂၀% ကို စရံငွေအဖြစ် ပေးသွင်းရပါတယ်။ မင်္ဂလာရက်မတိုင်မီ (၁၀) ရက်အလိုတွင် ကျသင့်ငွေအားလုံး အပြီးပေးချေရပါတယ်။ မင်္ဂလာရက်အား ပြောင်းရွှေ့ခွင့် လုံးဝခွင့်မပြုပါ။ စရံပေးသွင်းပြီးမှ ပွဲမလုပ်ဖြစ်ပါက စရံငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်း သိရပါတယ်။ အထက် ဖော်ပြပါ ဈေးနှုန်းများ အခါအားလျော်စွာ အပြောင်းအလဲ ရှိကြောင်းလည်း သိရပါတယ်။

အစားအသောက်

အကျွေးအမွေးအနေကတော့ မုန့်များနှင့် မြန်မာထမင်းဟင်းများဖြင့် တည်ခင်းကျွေးမွေးနိုင်ပြီး မုန့်တွင် ရွေးချယ်စရာ ၅ မျိုးရှိကာ အစားအသောက်တွင် ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။ ရွေးချယ်နိုင်သည့် မုန့်များနှင့် အစားအသောက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်ကို ၅၀၀၀ ကျပ်၊ ကြက်သား (ထောပတ်ထမင်း/ဒံပေါက်) တစ်ယောက် ၆၅၀၀ ကျပ် နှုန်းနှင့် ဆိတ်သား (ထောပတ်ထမင်း/ဒံပေါက်) ကို တစ်ယောက် ၇၀၀၀ ကျပ်နှုန်း ဖြစ်ပါတယ်။

 

Snack A

Snack B

Snack C

Snack D (Dimsum)

Snack E

Cheese Sandwich

Vegetable Puff

Marble Cake

Crème Caramel

Fruit Tart

Coffee

Vanilla Ice Cream

Sardine Sandwich

Chicken Puff

Chocolate Spicy Cake

Apple Cake

Cheese Voucheese

Coffee

Vanilla Ice Cream

Chicken Sandwich

Mutton Kemar Puff

Chicken Sausage Roll

Butter Cake

Bread & Butter Pudding

Coffee

Strawberry Ice Cream

ပေါက်စီ (ကြက်/၀က်/ပဲ)

ငါးဖယ်ငုံးဥပေါင်း

ပုဇွန်ကော်ပြန့်လိပ်ကြော်

ကြက်ဘဲဥအငံ

ပုဇွန်ရေညှိလိပ်

Coffee

Fruits Ice Cream

Cheese Sandwich

Sweet Roll

Chocolate Éclair

Mutton Puff

Coffee

Strawberry Ice Cream

 

ကြက်သား (ထောပတ်ထမင်း/ဒံပေါက်)

ဆိတ်သား (ထောပတ်ထမင်း/ဒံပေါက်)

ကြက်သား (ထောပတ်ထမင်း/ဒံပေါက်)

ချဉ်ပေါင်ဟင်းချို

ဘာလချောင်ကြော်

သခွားသီးငြုပ်သီးစပ်ချဉ်

သရက်သီးသနပ်

ရေခဲမုန့်

ဆိတ်သား (ထောပတ်ထမင်း/ဒံပေါက်)

ချဉ်ပေါင်ဟင်းချို

ဘာလချောင်ကြော်

သခွားသီးငြုပ်သီးစပ်ချဉ်

သရက်သီးသနပ်

ရေခဲမုန့်

Read times Last modified on Tuesday, 18 September 2018 15:06
Rate this item
(4 votes)