Tuesday, 22 January 2019 09:42

Relationship တစ်ခုမှာ မိန်းကလေးတွေ လိုလားတောင့်တသည့်အရာများ

ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ ချစ်သူရည်းစားတွေအဖြစ် ဒါမှမဟုတ် အကြင်လင်မယားတွေအဖြစ် လက်တွဲကြပြီး Relationship တစ်ခုကို တည်ဆောက်ကြပြီဆိုရင် မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့ ချစ်သူဆီက လိုချင်တဲ့အရာက ဘာလဲဆိုတာ သိပါသလား။
Monday, 21 January 2019 15:54

အေးစက်နေတဲ့ချစ်သူနှစ်ဦး ဘယ်လိုနွေးထွေးလာအောင်လုပ်မလဲ???

  ချစ်သူစုံတွဲတွေ တွဲလာတဲ့ သက်တမ်းကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အရင်ကလောက် နွေးထွေးမှုတွေ မရှိတော့ဘဲ အချစ်တွေလျော့လာတယ်လို့ ခံစားရတတ်ပါတယ်။ အဲ့ဒီအခါ အဆင်မပြေမှုတွေဖြစ်လာပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိတဲ့သူက နည်းပါတယ်။ တကယ်တော့ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်စိမ်းနေတာတွေ ပျောက်သွားပြီး ချစ်စခင်စတုန်းကလို ရင်းနှီးနွေးထွေးမှုမျိုးပြန်ရအောင် လုပ်ဖို့ အရင်ကသုံးခဲ့ကြတဲ့ နည်းလမ်းအဟောင်းလေးတွေက အရမ်းအသုံးဝင်တယ်ဆိုတာကို သိခဲ့ကြပါတယ်။ ဒီတော့ သူစိမ်းဆန်နေကြတဲ့စုံတွဲတွေကြား အချစ်တွေပြန်ဖြစ်လာအောင် ဟိုအရင်က စုံတွဲတွေသုံးခဲ့ကြပြီး အခုချိန်ထိအလုပ်ဖြစ်နေသေးတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) လမ်းအတူတူလျှောက်ပါ ဒါက ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။ ပန်းခြံတစ်ခု ဒါမှမဟုတ် လူသိပ်ရှုပ်တဲ့လမ်းတစ်ခုမှာ နှစ်ယောက်သားလမ်းအတူတူလျှောက်ပြီး စကားစမြည်ပြောတာက သင်တို့စုံတွဲကိုစိတ်ချင်း နီးကပ်လာစေနိုင်ပါတယ်။ (၂) စာလေးတွေရေးပေးပါ ချစ်သူသက်တမ်းကြာလာတဲ့အခါ ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ဝန်လေးလာတတ်သလို ၊ ပြောဖို့မလိုတော့ဘူးလို့လည်းထင်လာတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ချစ်ရတဲ့သူကို ချစ်တယ်လို့ပြောဖို့ အချိန်တိုင်းမှာ လိုအပ်နေပါတယ်။ ပြီးတော့ ဒီတိုင်းပါးစပ်ကပြောတာထက် ပိုလေးနက်တဲ့၊ ပိုပြီးရိုတဲ့နည်းလမ်းလေးကတော့ သူ့ကိုချစ်တဲ့အကြောင်း စာတိုလေးတွေရေးပြီး ပေးတာပါပဲ။ ဒီလိုမျိုးစာလေးတွေ ရေးပြီးပေးရတာက  အချိန်လည်း သိပ်ပေးစရာမလိုဘဲသင်တို့ နှစ်ယောက်ကို ပြန်နီးကပ်လာစေမယ့် နည်းလမ်းကောင်းလေးတစ်ခုပါ။         (၃) ပိတ်ရက်တွေမှာလျှောက်လည်ပါ ပိတ်ရက်တွေမှာ သူနဲ့လျှောက်လည်ဖို့ထက်ကိုယ့်ဘာသာအိမ်မှာ အေးဆေး နားဖို့ကိုပဲ တွေးနေတယ်ဆိုရင်တော့ သင်တို့နှစ်ယောက် တဖြည်းဖြည်းစိမ်းလာတာ မဆန်းပါဘူး။ ချစ်သူကို တစ်ပတ်မှာ တစ်ရက်လောက် အချိန်ပေးပြီး သူကြည့်ချင်တဲ့ ရုပ်ရှင်လိုက်ကြည့်ပေးတာမျိုး၊ သူသွားချင်တဲ့နေရာလေးတွေ လိုက်ပို့ပေးတာမျိုးလုပ်ပေးပါ။ ကိုယ်လုပ်ချင်တာတွေကိုချည်းပဲ အမြဲရှေ့တန်းတင်မနေပါနဲ့နော်။ (၄) ခရီးအတူထွက်ပါ နှစ်ယောက်သားက တဖြည်းဖြည်းဝေးကွာနေသလို၊ သူစိမ်းဆန်နေသလို ခံစားနေရရင် ခရီးတစ်ခုလောက်အတူတူသွားလိုက်ပါ။ နှစ်ယောက်တည်းသွားလို့ အဆင်မပြေလောက်ဘူးဆိုရင် သူငယ်ချင်းတွေကို ခေါ်ပြီး ကမ်းခြေလိုနေရာမျိုး၊ ပျော်စရာကောင်းတဲ့နေရာမျိုးကို သွားပါ။ (၅) ညစာအတူတူစားပါ နှစ်ယောက်လုံးက မအားကြလို့ ၊ အချိန်မရှိလို့ မတွေ့နိုင်ဘူး၊ မတွေ့လည်းဘာမှမဖြစ်ဘူးဆိုပြီး မနေလိုက်ပါနဲ့နော်။ တစ်ရက်လောက်အချိန်ပေးပြီး ညစာအတူတူစားတာမျိုး လုပ်ပေးပါ။ (၆) Surprise လက်ဆောင်လေးတွေပေးပါ Surprise လက်ဆောင်ပေးတယ်ဆိုတာ သူ့ကိုပျော်စေချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး သင့်စိတ်ထဲမှာ သူ့ကိုပျော်စေချင်တဲ့စိတ်မျိုးရှိနေသေးတယ်၊ သူ့ကို ချစ်နေသေးတယ်ဆိုတဲ့ ခံစားချက်မျိုးပြန်ဖြစ်လာစေနိုင်တာကြောင့် ရင်းနှီးမှုတွေပြန်ရလာနိုင်ပါတယ်။ (၇) နေ့စဉ်အကြောင်းအရာလေးတွေအပြန်အလှန်ပြောပါ နှစ်ယောက်သားက ချစ်သူတွေဖြစ်စအချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်နေ့စဉ်ဖြစ်သမျှ အကြောင်းအရာအားလုံးကို မရိုးနိုင်အောင်ပြောခဲ့ကြပေမယ့် ကြာလာတော့ ကိုယ့်ချစ်သူနဲ့စကားပြောရတာကို မပျော်တော့ဘဲ ငြီးငွေ့လာကြပါတယ်။ ဒီတော့ သူစိမ်းတွေလိုမျိုးပြန်ဖြစ်လာကြတာပေါ့။ ဒီတော့ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့  နှစ်ယောက်သားက နေ့စဉ်အကြောင်းအရာလေးတွေကို ပြန်ပြောကြဖို့လိုပါတယ်။ Source:Aunty May
Monday, 21 January 2019 14:04

အောင်မြင်မှုပိုရနေတဲ့ အမျိုးသမီးတွေရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်ကဘာလဲ???

မိန်းကလေးတစ်ယောက် စိတ်ချမ်းသာဖို့ ၅၀%လောက်ဟာ သူနဲ့ပတ်သတ်တဲ့အမျိုးသားနဲ့သက်ဆိုင်ပါတယ်။ မိန်းကလေးတွေဟာအချစ်ရေးနဲ့ပတ်သတ်လာရင် တော်တော်များများက ယောက်ျားလေးတွေထက်ပိုပြီးလေးလေးနက်နက်တွေးတတ်ကြတာသဘာဝပါ။
Friday, 18 January 2019 15:20

ချစ်သူက စနေ သားသမီးလေးဆိုရင်တော့

စနေသားသမီးတွေက လူ့ဘဝကို စရောက်ပြီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပြီ ဆိုရင်လည်း အရာဝတ္ထု တစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။
Friday, 18 January 2019 14:53

အရပ်ရှည်တဲ့ အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ ကောင်းတဲ့အချက် (၁၀) ချက်

အရပ်ရှည်လွန်းတဲ့ ကိုယ့်ချစ်သူကြောင့် ရှေ့သွားနောက်လိုက် မညီဘူးလို့ သူငယ်ချင်းတွေ စတာနောက်တာ ခံနေရလား။ ဘယ်သွားသွား အားလုံးက တန်းပြီး သတိပြုမိတာကြောင့် ရှောင်ချင်၊ နှုတ်မဆက်ချင်တဲ့သူတွေကိုလည်း အမြဲ နှုတ်ဆက်နေရတဲ့အဖြစ်လား။
Friday, 18 January 2019 14:20

လူတိုင်းကသူတို့အလေးထားရသူတွေအတွက်ပဲပြောင်းလဲလေ့ရှိပါတယ်

မိန်းကလေးဆိုတာသူတကယ်ချစ်တဲ့သူအတွက်ပဲစကားနားထောင်သလိုယောကျာ်းလေးဆိုတာသူချစ်တဲ့သူအတွက်ပဲ ပြောင်းလဲလေ့ရှိတယ်။
Friday, 18 January 2019 13:52

ကိုယ့်ယောက်ျားနဲ့ ကြင်နာမှုတွေ နေ့တိုင်းရှိနေဖို့

အိမ်ထောင်ရှင်မလေးတို့ရေ အိမ်ထောင်ကျသွားလို့ ဟိုအရင်လို ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာခြင်းတွေ ထုတ်ဖော်ပြစရာမလိုတော့ဘူးလို့ တွေးနေမိလား။
Friday, 18 January 2019 13:22

Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ မင်္ဂလာဆောင်မယ့် ရက်အတိအကျ သတင်းထွက်ပေါ်လာ

နာမည်ကျော် Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲလေးရဲ့ မင်္ဂလာရက်စွဲကတော့ အတွင်းလူတွေကတဆင့် ထွက်ရှိလို့ လာခဲ့ပါပြီ။
Friday, 18 January 2019 10:17

လက်ထပ်ရာမှာ အမြဲတမ်းသစ္စာမြဲ ပေါင်းဖက်နိုင်စေဖို့

မင်္ဂလာရက် သတ်မှတ်ကြတဲ့အခါမှာ ရက်ရာဇာ၊ ပြဿဒါးတွေအပြင် ဘယ်လ၊ ဘယ်ရက်တွေမှာ ဆောင်သင့်တယ်ဆိုတာလည်း သေချာလေး စီစဉ်ဆောင်ရွက်သင့်ပါတယ်နော်။
Friday, 18 January 2019 09:56

မိန်းကလေးတွေ ချစ်သူကို စိတ်ကုန်သွားတဲ့အခါ လုပ်တတ်တဲ့ အပြုအမူ(၆)မျိုး

ယောကျာ်းလေးတော်တော်များများဟာ မိန်းကလေးတွေရဲ့စိတ်ခံစားချက်နဲ့ အပြုအမူတွေကို သိပ်နားမလည်နိုင်ကြပါဘူး။