Tuesday, 16 October 2018 14:27

ထိပ်တန်း ဒီဇိုင်နာတွေရဲ့ သတို့သမီး ဝတ်စုံများ

မြန်မာပြည်ရဲ့ ၂၀၁၈ ခုနှစ်ဟာ Wedding Fair တွေ၊ Bridal Show တွေနဲ့ ပြည့်နှက်နေတဲ့ နှစ်လို့ဆိုနိုင်ပါတယ်။

Monday, 15 October 2018 14:41

သတို့သမီးအရံလေးတွေအတွက် ပေးသင့်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ

မင်္ဂလာပွဲကို အခမ်းအနားနဲ့ ပွဲထွက်မယ် စီစဉ်ထားတဲ့ မင်္ဂလာဇနီးမောင်နှံလေးတို့ အနေနဲ့ မင်္ဂလာအခမ်းအနားမှာ သတို့သား၊ သတို့သမီး အရံလေးတွေ လိုအပ်ပါတယ်နော်။

Wednesday, 10 October 2018 15:14

သတို့သားလေးတို့အတွက် မြန်မာတိုက်ပုံနဲ့တောင်ရှည်ပုဆိုးအရောင် အတွဲအစပ်လေးတွေ

မင်္ဂလာပွဲတစ်ပွဲမှာ ဧည့်ပရိသတ်တွေအားလုံးက သတို့သမီးလေးကို ပိုပြီးတော့ အာရုံစိုက် ကြည့်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်အတွက် အလှဆုံးအချိန်ဆိုလည်း မမှားပါဘူးနော်။

Tuesday, 09 October 2018 16:33

သတို့သမီးလေးတို့အတွက် နှင်းဆီလက်ကိုင်ပန်း အရောင်လေးတွေရဲ့ အဓိပ္ပါယ်

အခမ်းနားဆုံးမင်္ဂလာပွဲမှာ နှင်းဆီပန်းလက်ကိုင်ပန်းကိုင်မယ့် သတို့သမီးလေးတို့အတွက် နှင်းဆီပန်းအရောင်ရဲ့ အဓိပ္ပါယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Tuesday, 09 October 2018 13:49

မြန်မာ့ရိုးရာ မင်္ဂလာပွဲတစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့သူ(၂) ဦး

မင်္ဂလာမောင်နှံလောင်းလေးတွေက မင်္ဂလာပွဲကို မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနား အစီအစဉ်တွေအတိုင်း ကျင်းပချင်တယ်ဆိုရင် မြန်မာ့ရိုးရာ မင်္ဂလာပွဲတစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့သူတွေ အကြောင်းသိထားပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Tuesday, 09 October 2018 10:01

မင်္ဂလာဧည့်ခံပွဲမှာ ဘာကြောင့် အလှဆုံးအချိန်တွေကို မှတ်တမ်းတင်သင့်တာလဲ

တစ်သက်မှာတစ်ခါပဲ ကျင်းပခွင့်ရတဲ့ မင်္ဂလာပွဲကို လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်ကြေးကျအများကြီးခံ ကျင်းပပြီးတဲ့နောက် ပွဲပြီးသွားတဲ့အခါ 

Friday, 05 October 2018 16:30

မင်္ဂလာမဆောင်မီ ကြိုတင်ပြင်ဆင်စို့

ဝါကျွတ်ရင် မင်္ဂလာဆောင်ကြမယ့် မင်္ဂလာမောင်နှံတို့ ကြိုတင်ပြင်ဆင်သင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Thursday, 04 October 2018 11:05

မင်္ဂလာပွဲမစခင် ဒါတွေစားပေးပါ

မင်္ဂလာနေ့လေးမှာ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားပါနော်

Tuesday, 02 October 2018 11:54

မင်္ဂလာပွဲတက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

ဖိတ်စာမှာ ဖိတ်ကြားမခံရတဲ့ လူပိုခေါ်ခြင်းကို ရှောင်ကြဉ်ပါ

 

ဖိတ်စာမှာ ကိုယ့်နာမည်ပဲ ရေးထားတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သွားသင့်ပါတယ်။ မိသားစုလို့ရေးထားမှသာ မိသားစုနှင့်အတူ တက်ရောက်သင့်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ Budget နဲ့ လူဦးရေအကန့်အသတ်ကို နားလည်လေးစားမှု ရှိရပါမယ်။

 

 

မင်္ဂလာမောင်နှံအတွက် အသုံးတည့်မယ့်လက်ဖွဲ့ကိုသာ ရွေးချယ်ပါ

 

လက်ဖွဲ့ပစ္စည်းအများစုဟာ အမျိုးအစားတူဖြစ်နေတတ်တာကြောင့် လက်တွေ့မှာအသုံးမတည့်ပဲဖြစ်နေတတ်ပါတယ်။ ငွေသားနဲ့ Gift Card လက်ဖွဲ့တွေကတော့ မင်္ဂလာမောင်နှံအနေနဲ့ စိတ်တိုင်းကျသုံးစွဲနိုင်တာမို့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။

 

 

အချိန်မှန်ရောက်အောင်သွားပါ။ ခန်းမအတွင်းမှာသာစောင့်ဆိုင်းပါ

 

သတို့သမီး မိတ်ကပ်ပြင်အခန်းထဲမှာ မလိုအပ်ပဲဝင်ထွက်သွားလာတာ၊ အလှပြင်နေဆဲသတို့သမီးနဲ့ ဓာတ်ပုံတွဲရိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ မင်္ဂလာမောင်နှံနဲ့ မိတ်ကပ်အဖွဲ့သားတွေ အေးချမ်းစွာပြင်ဆင်ပါစေ။

 

 

သတ်မှတ်ပေးတဲ့နေရာမှာပဲထိုင်ပါ

 

ခန်းမအနောက်ဘက်ရောက်နေတာမျိုး၊ စင်မြင့်ကို မမြင်ရတာမျိုးဖြစ်သည့်တိုင်အောင် ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာကနေ ဟိုပြောင်းဒီပြောင်း မပြောင်းသင့်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ယောက်က နေရာချပေးတာမျိုး မရှိဘူးဆိုရင်တော့ သင့်တော်တဲ့နေရာမှာထိုင်နိုင်ပါတယ်။

 

 

စကားအကျယ်ကြီးပြောတာကိုရှောင်ကြဉ်ပါ

 

မင်္ဂလာအခမ်းအနား စတင်နေချိန်မှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ မင်္ဂလာမောင်နှံ လိုက်လံဧည်ခံနေစဉ် ကိုယ့်ဘက်ကနေ စကားအကြာကြီးပြောတာ၊ အတင်းဆွဲပြီး ဓါတ်ပုံရိုက်တာတွေဟာ မင်္ဂလာမောင်နှံကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။

 

 

မိသားစုဝင်တွေ ဦးစားပေး ဓါတ်ပုံရိုက်ပါစေ

 

ပွဲပြီးလို့စင်ပေါ်တက် ဓါတ်ပုံရိုက်ကြတဲ့အခါ မင်္ဂလာမောင်နှံရဲ့ မိသားစုဝင်တွေကို ဦးစားပေးပါ။ တခြားဧည့်သည်တွေကို ဦးစားပေးရင်း မိသားစုနဲ့ ဓါတ်ပုံအတူရိုက်ဖို့ အချိန်မလောက်တော့တဲ့ မင်္ဂလာမောင်နှံတွေ ရှိတတ်ကြလို့ဖြစ်ပါတယ်။

 

 

Credit;Myanmar Wedding Guide

Wednesday, 26 September 2018 11:31

Basic Wedding Planning Course (Batch 6)

Basic Wedding Planning သင်တန်းအကြောင်း

Page 3 of 6