မင်္ဂလာပွဲမစခင် ဒါတွေစားပေးပါ

မင်္ဂလာပွဲမစခင် ဒါတွေစားပေးပါ google.com

မင်္ဂလာနေ့လေးမှာ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားပါနော်

 

မင်္ဂလာပွဲဆိုတာကတော့ တစ်သက်မှာတစ်ကြိမ်သာ ပြုလုပ်ရတဲ့ မင်္ဂလာနေ့ရက်လေးပဲ ဖြစ်ပါတယ်။ အထူးအလေးပေးရမယ့်နေ့ရက်လေး ဖြစ်တဲ့အတွက် အမှားအယွင်းသေးသေးလေးတွေတောင် မဖြစ်ပေါ်အောင် အဘက်ဘက်က အကောင်းဆုံး ပြင်ဆင်ပေးထားရမှာပါ။ ပြင်ဆင်တဲ့အချိန်မှာလည်း စာရင်းနဲ့သေချာ လိုအပ်ချက်မရှိအောင် ထပ်ကာ ပြန်လည်စစ်ဆေးပေးတာမျိုး ပြုလုပ်ပေးရမှာပါ။ ပြင်ဆင်ဖို့ သတိပေးလိုက်ရင်း မင်္ဂလာပွဲ မစခင် စားပေးသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

 

မင်္ဂလာနေ့ဆိုတာကတော့ အရေးကြီးတဲ့နေ့လေး ဖြစ်တဲ့အတွက် ထိုနေ့လေးအတွက် မနက်ပွဲမစခင် အချိန်ကတည်းကစပြီး ညနေပွဲပြီးတဲ့အချိန်ထိ အချိန်ဇယားကို ပြင်ဆင်ထားရမှာပါ။ ပြင်ဆင်တဲ့အချိန်မှာ လိုအပ်တဲ့အရာတွေထဲက တစ်ခုက အစားအသောက်ပဲ ဖြစ်ပါတယ်။ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားပေးပါနော်။

 

 

အဆာခံတဲ့ အစားအစာ

 

ဗိုက်ဆာနေတဲ့အချိန်ဆို ဆာလောင်ခြင်းကို ခံစားလာရတဲ့အချိန်ဆို စိတ်တွေအလိုလို အလိုမကျဖြစ်ပေးလာတတ်တာကို အမှတ်ရပေးပါ။ မင်္ဂလာပွဲလေးမတိုင်ခင် စားပေးရမယ့်အစာတွေထဲက အရေးကြီးဆုံး အချက်ဆိုရင်တော့ အဆာခံတဲ့အစားအစာတွေကို စားပေးရမှာပါ။ မုန့်လေး တို့တိလောက်ပဲ စားပေးထားတာမျိုးဆိုရင် ဧည့်သည်တွေကို လိုက်လံနှုတ်ဆက်တဲ့အချိန် ဗိုက်ကဆာလာတာမျိုးဆိုရင် မင်္ဂလာမောင်နှံလေးတွေရဲ့ အပြုံးလေးတွေက အရောင်တောက်ပနေနိုင်မှာ မဟုတ်လို့ပါ။

 

 

အသီးအနှံများများ စားပေးပါ

 

အသီးအနှံတွေကို များများစားပေးထားပါ။ အသီးအနှံစားပေးတာက အသားအရေတွေကို ကြည်လင်တောက်ပစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် မင်္ဂလာပွဲအလယ်က မင်္ဂလာမောင်နှံလေးတွေ အလှက တင့်တယ်နေစေမှာပါ။ နောက်တစ်ချက်က အသီးအနှံတွေ များများစားပေးတာကတော့ ကိုယ်ကထွက်တဲ့ ချွေးနံ့တွေကိုလည်း အနံ့အသက်ပြင်းပြင်းထွက်တာမျိုးကို သက်သာစေနိုင်သလို ခံတွင်းနံ့နံခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

 

Credit;Marry

Read times Last modified on Thursday, 04 October 2018 11:09
Rate this item
(1 Vote)