အသည်းကွဲခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူး (၁၀) ချက်

အသည်းကွဲခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူး (၁၀) ချက် google.com

ဘဝမှာကိုယ်ချစ်တဲ့သူအတွက်နဲ့ နာကျင်ခံစားဖူးခဲ့သူတွေ၊ အသည်းကွဲတဲ့သူတွေ တပုံတပင်ရှိခဲ့ဖူးမှာပါ။

တကယ်တော့ အသည်းကွဲတယ်ဆိုတာမျိုးက ကိုယ့်တစ်ဘဝစာလုံး နှစ်နှစ်ကာကာရည်ရွယ်ခဲ့ဖူးသူနဲ့ ကွေကွင်းရတဲ့အခါမျိုးမှသာ နာကျင်ခံစားရတဲ့ဝေဒနာပါ။ အကြောင်းအမျိုးမျိုးကြောင့် အသည်းကွဲတတ်ကြပေမယ့် တကယ်တမ်းတော့ အသည်းကွဲတယ်ဆိုတာ နာကျင်ခံစားရရုံတင်မကဘဲ တစ်ဖက်မှာလည်း ကိုယ့်အတွက် ကောင်းကျိုးတွေ ရှိနေပါသေးတယ်။

 

 

() အသည်းကွဲခြင်းဟာ ပိုသန်မာစေတယ်

 

ချစ်တဲ့သူနဲ့ ကွေကွင်းရလို့ ရင်ထဲကနာကျင်ခံစားရသမျှခံစားချက်တွေဟာ ဘဝမှာ အဆိုးဆုံးလို့ သတ်မှတ်လိုက်တဲ့အခါ ဒီ့ထက်ပိုဆိုးရွားစရာ၊ ဆုံးရှုံးစရာမရှိတော့လောက်အောင် ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလို ဒဏ်ရာတွေကိုတဖြည်းဖြည်းပြန်လည်ကုစားလာနိုင်တဲ့အခါ အသည်းကွဲသူတွေဟာ အရင်ကထက်ပိုသန်မာလာပါတယ်။

 

 

() အသည်းကွဲခြင်းဟာ ပိုဉာဏ်ကောင်းစေပါတယ်

 

အသည်းကွဲတဲ့သူတွေဟာ တစ်ဒင်္ဂတာ လက်လွှတ်ဆုံးရှုံးရတဲ့ ပူဆွေးမှုတွေ၊ ကြေကွဲမှုတွေကြား ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါပေမယ့် ဒီအချိန်တွေကျော်လွန်လာတဲ့အခါ နှလုံးသားက ရူးရူးမိုက်မိုက်ခံစားခဲ့သမျှကို ဦးနှောက်ကပြက်ရယ်ပြုလာနိုင်သွားပါပြီ။ ကိုယ့်ဘဝအသက်ရှင်ရတာ အဓိပ္ပာယ်ရှိဖို့၊ ကိုယ်နဲ့ထိုက်တန်တဲ့သူဆီသွားဖို့၊ ကိုယ့်အတွက်အကျိုးရှိဖို့အရာတွေကို ပိုတွေးခေါ်တတ်လာပါတယ်။

 

 

() အသည်းကွဲခြင်းဟာ ပိုမိုယုံကြည်မှုပြည့်လာစေပါတယ်

 

ချစ်တဲ့သူနဲ့လမ်းခွဲခဲ့ရပြီးနောက် သူ့အပြစ်၊ကိုယ့်အပြစ်တွေကြားပိတ်လှောင်ရင်း နာကျင်ခဲ့ရဖူးမှာပါ။ ဒါပေမယ့် အရာရာကို ဦးနှောက်နဲ့ တွေးခေါ်တတ်လာပြီးနောက်မှာ အရင်နဲ့မတူတဲ့သူဖြစ်ဖို့၊ ပိုတော်၊ ပိုထက်မြက်၊ ပိုလှဖို့ ပြုပြင်သင်ယူလာတတ်ပါတယ်။ အရင်ထက်အရာရာပိုတိုးတက်လာတဲ့အခါ ယုံကြည်မှုတွေပိုမြင့်တက်လာပါတယ်။

 

 

() အသည်းကွဲခြင်းဟာ အရာရာကိုကျေးဇူးတင်တတ်လာစေပါတယ်

 

ကိုယ့်ကိုနာကျင်စေတဲ့သူထွက်ခွာသွားတဲ့အတွက် တစ်ချိန်ကိုယ့်အပေါ်ကောင်းတဲ့အရာတွေ၊ လူတွေပေါ်လာတဲ့အခါ ကျေးဇူးတင်တတ်လာပါတယ်။ ကိုယ့်အပေါ်နာကျင်စေခဲ့လို့ ခံနိုင်ရည်ရှိအောင် ကျော်ဖြတ်တတ်ပြီးနောက် မှာ ပိုသန်စွမ်းလာစေတဲ့အတွက် အရာရာဟာကျေးဇူးတင်စရာပါပဲ။

 

 

() အသည်းကွဲခြင်းဟာ ကိုယ့်ကိုကိုယ်ပိုချစ်လာစေပါတယ်

 

ကိုယ်ချစ်ရတဲ့သူနဲ့တုန်းက ချစ်တဲ့စိတ်နဲ့ အရာရာချစ်သူအတွက်ပဲ တွေးပေး၊ ဂရုစိုက်ပေး၊ စဉ်းစားပေးရင်းနဲ့ ကိုယ့်အတွက်ကိုယ်မေ့နေခဲ့မှာပါ။ ဒါပေမယ့် ကိုယ်ကောင်းခဲ့သလောက်ကိုယ့်အပေါ်မကောင်းခဲ့သူကြောင့် အသည်းကွဲပြီးသွားရင်တော့ ဘယ်သူ့အတွက်မှစဉ်းစားပေး၊ ဂရုစိုက်ပေးစရာမလိုတော့ဘဲ ကိုယ့်အတွက်ပိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာပါတယ်။

 

 

() အသည်းကွဲခြင်းဟာ ကိုယ်တစ်ယောက်တည်းအထီးမကျန်ဘူးဆိုတာကို သိလာစေပါတယ်

 

အသည်းကွဲလို့ တစ်ယောက်တည်းဘယ်လောက်ပဲ ပူဆွေးငိုကြွေးပြီး နာကျင်ခံစားနေရပါစေ ကိုယ့်ကိုတန်ဖိုးထားတဲ့ မိဘ၊သူငယ်ချင်းအစစ်အမှန်တွေက အနားမှာ ဝေမျှခံစားပေး၊ အားပေးကြတဲ့အတွက် တစ်ယောက်တည်းအထီးမကျန်တော့ဘဲ ချစ်တဲ့သူအစစ်အမှန်တွေရဲ့ တန်ဖိုးကိုခံစားလာရစေပါတယ်။

 

 

() အသည်းကွဲခြင်းဟာ နှလုံးသားနေရာလွတ်လေးကို ဖန်တီးပေးပါတယ်

 

ဘယ်လောက်ပဲနာကျင်ကြေကွဲရပါစေ အချိန်တန်လို့ ဖြတ်သန်းကျော်လွှားပြီးချိန်မှာတော့ ကိုယ့်အပေါ်ပိုကောင်းတဲ့လူတွေအတွက် ကိုယ့်နှလုံးသားကို နေရာပေးတတ်လာပါတယ်။ ဒါ့ကြောင့် ချစ်ခြင်းတရားကိုပိုခံစားမိစေမယ့် နှလုံးသားအသစ်အစား ဒဏ်ရာတွေပရပွနဲ့ နှလုံးသားအဟောင်းကြီးကို နေရာပေးထားတာမျိုးတွေဖယ်ထုတ်လိုက်ပါတော့။

 

 

() အသည်းကွဲခြင်းဟာ ကြင်နာသနားတတ်လာစေတယ်

 

ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူကြောင့် နှလုံးသားတစ်ခုလုံးကြေကွဲခဲ့ပြီးနောက်မှာတော့ ပြန်တည်ငြိမ်လာတဲ့အခါ ကိုယ်ခံစားခဲ့ရသလိုမခံစားမိစေဖို့ လူတိုင်းအပေါ်ပိုကြင်နာတတ်လာပါတယ်။ ကိုယ့်ကိုလူတစ်ယောက်ကနာကျင်စေခဲ့သလို ကိုယ်ကတခြားလူတွေကိုပြန်မနာကျင်မိစေဖို့ နှလုံးသားကနွေးထွေးတတ်လာပါတယ်။

 

 

() အသည်းကွဲခြင်းက အနုပညာကိုပိုခံစားတတ်လာစေပါတယ်

 

အသည်းကွဲတဲ့အခါ အသည်းကွဲသီချင်းတွေနားထောင်ရင်း၊ တစ်ယောက်တည်းတွေဝေငေးမောရင်း၊ အရာရာကိုခံစားတတ်လာစေပါတယ်။ အဲ့ဒီအခါ ဂီတအနုပညာနဲ့ရင်းနှီးလာတတ်ပြီး ပိုမို ဉာဏ်ကွန့်မြူးလာတတ်ပါတယ်။

 

 

(၁၀) အသည်းကွဲခြင်းဟာ ကိုယ့်အတွက်အစစ်အမှန်ကို ရှာဖွေတွေ့ရှိစေပါတယ်

 

ကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ ဝေးကွာရတဲ့အခါ နာကျင်ခံစားမှုတွေထဲမှာ ပိတ်မိနေတတ်ပေမယ့် တစ်ကယ်တော့ ကိုယ်နဲ့မထိုက်တန်လို့ကိုယ့်အနားက စွန့်ခွာသွားခဲ့တာပါ။ အချိန်တန်လာတဲ့အခါ ကိုယ့်ဘက်မှာလည်း ပိုမိုရင့်ကျက်လာတဲ့တစ်ချိန် ကိုယ်နဲ့ထိုက်တန်မယ့်၊ ကိုယ့်အတွက်တည်ရှိလာသူကို တွေ့ရှိလာနိုင်ပါတယ်။

 

အသည်းကွဲတယ်ဆိုတာ နာကျင်စရာတွေချည်း ခံစားဖို့မဟုတ်ပါဘူး။ ဒီလို တစ်ဘဝလုံးစာအတွက်အကျိုးရှိတဲ့ ကောင်းကျိုးတွေလည်း ရနိုင်ပါသေးတယ်။

 

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 16:03
Rate this item
(3 votes)