ဂရုစိုက်ခြင်းတွေနဲ့ သင့်ကောင်မလေးကို ပျော်အောင်ချစ်နည်း

ဂရုစိုက်ခြင်းတွေနဲ့ သင့်ကောင်မလေးကို ပျော်အောင်ချစ်နည်း google

မိန်းကလေး တော်တော်များများက သူတို့ကို အချိန်ပေး ၊ ဂရုစိုက်ပေး ချစ်တတ်တဲ့ ယောကျာ်းမျိုးကို ကြိုက်ကြတယ်။

ဒါကလည်း သူတို့စိတ်ကူးထားတဲ့ ချစ်သူကောင်လေး ပုံစံမျိုးပါ။ ဒါကြောင့် သင့်ကောင်မလေးကိုလည်း ဂရုစိုက်ခြင်းတွေနဲ့ ပျော်အောင်ချစ်ပေးလိုက်ပါ။

 

 

() သူမနဲ့အတူ ဈေးဝယ်ထွက်ပါ

 

ပိုက်ဆံကြောင့် သင့်နဲ့ ဈေးဝယ်ထွက်တာထက် သင့်နဲ့အတူ အချိန်တွေကုန်ဆုံးချင်နေလို့ပါ။ သူမနဲ့အတူ ဈေးဝယ်ထွက်ပါဆိုတာက သူမအတွက် ၀ယ်ပေးဖို့ပြောတာမဟုတ်ပါဘူး ၊ သူမဘေးကနေ လက်တွဲပေးဖို့ပဲလိုတာပါ။ သူမအင်္ကျီရွေးတဲ့အခါ ၊ ၀တ်ကြည့်တဲ့အခါ လိုက်ရွေးပေးပါ။ ဒီလိုအရာတွေက သင့်ကောင်မလေးကို ပျော်ရွှင်စေပါတယ်။

 

 

() သူမအတွက်ပဲရှိနေတဲ့အရာမျိုးနဲ့ အံ့သြအောင်လုပ်ပါ

 

သေချာစီစဉ်ထားတဲ့ညစာ ၊ Spa Date ၊ ပန်းစည်းပို့ပေးတာဖြစ်ဖြစ် ၊ သူမရဲ့အလုပ်ကြိုးစားမှုကို ချီးကျူးပေးတာဖြစ်ဖြစ် ၊ သူမရဲ့အလှအပကို အကောင်းပြောပေးတာဖြစ်ဖြစ် စတဲ့ အသေးအမွှားလေးတွေက သူမကို ပျော်ရွှင်စေနိုင်ပါတယ်။ သင့်သူမကို တကယ်ချစ်တယ်ဆိုရင် သူမနဲ့အတူ အချိန်တွေကုန်ဆုံးချင်နေမှာပါ။

 

 

() သူမ မိသားစု နဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင်နေပါ

 

 

ဘယ်သူအတွက်မဆို မိသားစုနဲ့ သူငယ်ချင်းတွေက အရေးကြီးပါတယ်။ သင့်ကောင်မလေးရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ဆိုရင် သူမ မိသားစုနဲ့ သူငယ်ချင်းတွေကို အပိုင်ချုပ်ထားဖို့လိုပါတယ်။ သင့်ကောင်မလေးနဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင်လုပ်တာက သင့်ကောင်မလေးကို ပျော်ရွှင်စေနိုင်ပါတယ်။

 

 

() သူမရင်ဖွင့်သံကို နားထောင်ပေးပါ

 

သူမပြောတာတွေ ၊ ရင်ဖွင့်တာတွေ ဘာပဲဖြစ်ဖြစ် နားထောင်ပေးပါ။ သူမအတွက် သင့်က ချစ်သူလည်းဟုတ်သလို သူငယ်ချင်းလည်းဟုတ်သလို ရင်ဖွင့်ဖော်လည်းဟုတ်ပါတယ်။ ဒါကြောင့် သူမစိတ်ညစ်နေချိန် ၊ သင့်ကို လိုအပ်နေချိန် အနားမှာနေပေးပါ။ ဖေးမပါ ၊ သူမကို အားပေးပါ ၊ သူမဘက်မှာ ရပ်တည်ပေးပါ ၊ သူမအိပ်မက်တွေကို အကောင်အထည်ဖော်ပေးပါ။

 

 

() သူမအမြဲမှန်ပါတယ်

 

မိန်းမတွေက အမြဲမှန်တယ်လို့ ယူဆထားရင် ရန်ဖြစ်တယ်ဆိုတာ မရှိလာတော့ပါဘူး။ သူမနဲ့ ရန်ဖြစ်ရင် ၊ သူမမှားတယ်ဖြစ်စေ မှန်တယ်ဖြစ်စေ သင့်ဘက်က အရင်တောင်းပန်းလိုက်ပါ။ ဒါက သူမကို ပျော်ရွင်လာစေမယ့် နည်းမို့လို့ပါ။ ဒါကြောင့် မလိုအပ်ပဲ ရက်အကြာကြီး မခေါ်မပြောဖြစ်နေမယ့်အစား သင့်ဘက်က အရင်တောင်းပန်ပြီး စချော့ပေးပါ။ မိန်းမတွေက အချော့အရမ်းကြိုက်ပါတယ်နော်။

 

 

Credit;Shwemom

Read times Last modified on Monday, 07 January 2019 13:22
Rate this item
(1 Vote)