မဖောက်ပြန်တတ်တဲ့ယောင်္ကျားကောင်းတွေဆိုတာ

မဖောက်ပြန်တတ်တဲ့ယောင်္ကျားကောင်းတွေဆိုတာ google.com

လူမှုရေးဖောက်ပြန်တယ်ဆိုတာ အဆိုးရွားဆုံးပြစ်ချက်တစ်ခုပါပဲ။ ဒီလိုပဲ အိမ်ထောင်ရေးမှာ ဖောက်ပြန်တယ်ဆိုတာ

အကျင့်စာရိတ္တ မကောင်းတဲ့လူတွေလုပ်တဲ့ လုပ်ရပ်ပါ။ ယောင်္ကျားကောင်းတွေဟာ ဘယ်တော့မှ အိမ်ထောင်ရေးမဖောက်ပြန်ကြပါဘူး။ ကိုယ်ချစ်တဲ့သူအပေါ်မှာလည်း သစ္စာမမဲ့ကြပါဘူး။ မဖောက်ပြန်တတ်တဲ့ယောင်္ကျားကောင်းတွေရဲ့  အင်္ဂါရပ်တွေကတော့ -

 

ဆက်ဆံရေးကိုတန်ဖိုးထားတယ်

ကိုယ်ချစ်ရတဲ့သူရဲ့ ယုံကြည်ခြင်းခံရတာကို ယောင်္ကျားကောင်းတွေက တန်ဖိုးထားကြပါတယ်။ ဒီလိုပဲ ကိုယ်ချစ်တဲ့သူနဲ့ကိုယ်နဲ့ကြားက ဆက်ဆံရေးကိုလည်း မပျက်စီးအောင်ထိန်းသိမ်းနိုင်ကြပါတယ်။ လက်ရှိဆက်ဆံရေးကိုတန်ဖိုးထားပြီး တစ်ဘ၀လုံးကိုယ်ချစ်ရတဲ့သူနဲ့ပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့အတွက် တဒင်္ဂစိတ်သာယာမှုအပေါ်မှာ မနစ်မြောအောင် ထိန်းချုပ်နိုင်တာဟာ ယောင်္ကျားကောင်းတွေရဲ့ ကောင်းတဲ့အင်္ဂါရပ်ပဲဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူ တစ်ယောက်တည်းကိုပဲချစ်တယ်

မိန်းကလေးနှစ်ယောက် သုံးယောက်ကို တစ်ပြိုင်တည်းတွဲပြီး အပျော်အပါးလိုက်စားနေတာဟာ ယောင်္ကျားကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ ယောင်္ကျားကောင်းတွေဟာ ကိုယ်တန်ဖိုးထားရတဲ့ ချစ်သူတစ်ယောက်ဆီမှာပဲ ကိုယ့်စိတ်ကိုနှစ်ပြီး နှစ်နှစ်ကာကာချစ်တတ်သူတွေပါ။ ကိုယ့်ချစ်သူကလွဲရင် ကျန်တဲ့မိန်းကလေးတွေဟာ ဖွဲနဲ့ဆန်ကွဲဆိုပြီး သတ်မှတ်ထားသူတွေပါ။

 

ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်

ယောင်္ကျားကောင်းတွေဟာ ကိုယ့်ရဲ့တန်ဖိုးကို ချစ်သူဆီကယုံကြည်မှုနဲ့တည်ဆောက်ကြပါတယ်။ ကိုယ့်ချစ်သူကိုယ့်အပေါ်မှာ ယုံကြည်မှုမရှိတော့တာဟာ ကိုယ့်ရဲ့တန်ဖိုးလျော့ကျသွားတာပါပဲ။ ဒါ့ကြောင့် တဏှာကြောမှာ ဘယ်တော့မှ မနစ်မြောကြပါဘူး။ ကိုယ်နဲ့ကိုယ့်ချစ်သူကြားက ဆက်ဆံရေးကို တန်ဖိုးမရှိတဲ့အရာများနဲ့ ဘယ်တော့မှ အပျက်အစီးမခံကြပါဘူး။

 

လိမ်ညာမထားဘူး

မိန်းကလေးတွေဟာ လိမ်ညာခြင်းကို မုန်းတီးကြပါတယ်။ ဒါ့ကြောင့် ယောင်္ကျားကောင်းတွေဟာ ကိုယ့်ကောင်မလေး မုန်းတီးတဲ့ လိမ်ညာခြင်းကိုဘယ်တော့မှ မပြုလုပ်ကြပါဘူး။ အတိတ်က အဖြစ်အပျက်တွေ၊ ချစ်သူကောင်မလေးနဲ့ မတွေ့ခင်က အကြောင်းအရာတွေ ရှိရင်လည်း အမှန်အတိုင်းကြိုတင်ပြောပြပြီး ကိုယ့်လိပ်ပြာကို ကိုယ်စောင့်ထိန်းကြပါတယ်။

 

 

Source – Auntymay

Read times Last modified on Wednesday, 19 September 2018 11:05
Rate this item
(2 votes)
Tagged under