ယောင်္ကျားလေးတစ်ယောက် ဒီအချက်တွေနဲ့ ကိုက်ညီနေရင်သင့်ဆီ ပြန်လာမှာ မဟုတ်ဖူး

ယောင်္ကျားလေးတစ်ယောက် ဒီအချက်တွေနဲ့ ကိုက်ညီနေရင်သင့်ဆီ  ပြန်လာမှာ မဟုတ်ဖူး google

ယောင်္ကျားလေးတစ်ယောက်ဟာ သင့်ချစ်သူပဲဖြစ်ဖြစ်၊ သင်နဲ့ စကားပြောနေကျလူတစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ သင့်ဖက်က ချစ်နေတဲ့သူပဲဖြစ်ဖြစ်

သင့်ကို တကယ်ချစ်ရင် သင့်ဆီကိုပြန်ပြန်ရောက်လာတတ်ပါတယ်။ ဒါပေမယ့်လည်း ထွက်သွားပြီးတဲ့ ယောင်္ကျားလေးတစ်ယောက်ဟာ ဒီအချက်နဲ့ ကိုက်ညီနေရင်တော့ သင့်ဆီကိုပြန်လာတော့မှာမဟုတ်ပါဘူး။

 

 

သင်တို့နှစ်ယောက်ကြားမှာပြောစရာစကားမရှိတော့ဘူး

 

ယောင်္ကျားလေးတစ်ယောက်နဲ့သင်ဟာ လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲဖြစ်ဖြစ် စကားပြောရတာ အဆင်မပြေတော့သလို ခံစားရမှာပါ။ သင်တို့ကြားမှာ ပြောစရာစကားလုံးဝမရှိတော့တာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘာမှကို မပြောချင်တော့တာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ ဒီလိုဖြစ်ပြီးနောက်ပိုင်း သင့်အနားကထွက်သွားတဲ့သူဟာ သင့်ဆီကိုပြန်မလာတော့ပါဘူး။

 

ခဏခဏရန်ဖြစ်တယ်

 

ရန်ဖြစ်စကားများတယ်ဆိုတာသဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်နာစရာစကားလုံးတွေ၊ စိတ်ဒဏ်ရာရစေနိုင်တဲ့အရာတွေနဲ့ ခဏခဏရန်ဖြစ်တယ်ဆိုရင်တော့ လုံးဝအခြေအနေမကောင်းပါဘူး။ ဒီလိုရန်ဖြစ်ပြီးမှ သင့်အနားက ထွက်သွားတဲ့သူတစ်ယောက်ဟာ သင့်ဆီကို ပြန်လာတော့မှာမဟုတ်ပါဘူး။

 

သူငယ်ချင်းလိုပဲ ဆက်ဆံတော့တယ်

 

ယောက်ျားလေးတစ်ယောက်ဟာ သင့်ကို ဆက်ဆံတဲ့ပုံစံပြောင်းသွားတာပါ။ အရင်တုန်းက သင့်ကို ချစ်သူလို၊ အီစီကလီလိုမျိုး ချစ်ကြောင်းကြိုက်ကြောင်းတွေပြောတတ်တဲ့သူတစ်ယောက်က ခုနောက်ပိုင်းမှာ သူငယ်ချင်းအကန့်နဲ့ပဲ ဆက်ဆံတော့တယ်။ စကားတွေကို အပိုအလိုမရှိပြောနေပြီဆိုရင်တော့ သူ့ရဲ့ နှလုံးသားက သင့်ဆီကိုပြန်လာတော့မှာ မဟုတ်ပါဘူး

 

 အလုပ်များကြောင်းပဲပြောတော့တယ်


သင်နဲ့ ဆုံနေကျ၊ သင့်ကို ဖုန်းဆက်နေကျ၊ လိုင်းပေါ်မှာ စကားပြောနေကျ သူတစ်ယောက်ယောက်က နောက်ပိုင်းမှာ သင့်အပေါ်ကို တဖြည်းဖြည်း စိမ်းကားလာတယ်၊ သင့်ကို အရင်လို မတွေ့တော့ဘူး၊ စကားမပြောတော့ဘူး။ သင်ကမေးလိုက်တဲ့အခါမှာလည်း အလုပ်များတာကိုပဲ အကြောင်းပြနေမယ်ဆိုရင်တော့ သင့်ဆီကိုပြန်လာတော့မှာ မဟုတ်ပါဘူး။

 

ပျင်းခြောက်ခြောက်ကြီးဖြစ်နေတယ်

 

အရင်ကတော့ သင်တို့နှစ်ယောက်တွေ့တဲ့အခါ အရမ်းပျော်စရာကောင်းတယ်လို့ ခံစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပျင်းစရာကောင်းလာတယ်၊ စိတ်ညစ်စရာတွေ များလာတယ်၊ သင့်အနားမှာ ရှိနေတဲ့အခါတွေမှာလည်း လူသာရောက်နေတယ် စိတ်က တခြားမှာဆိုရင်တော့ သင့်ဆီကို ပြန်လာတော့မှာမဟုတ်ပါဘူး။

 

Myanmar Wedding Guide

Read times
Rate this item
(3 votes)
Tagged under