October,November,December လမွေးသူများအတွက်

October,November,December လမွေးသူများအတွက် google

မွေးလအလိုက်သင်တို့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်

 

 

October လတွင်မွေးဖွားသူများ


October မွေးဖွားသူတွေဟာ အေးဆေးနေတတ်သူများဖြစ်ကြပြီး လျို့ဝှက်သိုသိပ်သူများဖြစ်ကြသည်


ပြန်မပြောနားမထောင်သူများဖြစ်သလို တဇွတ်ထိုး လုပ်တတ်ကြသည် ဥပေက္ခာပြုနှလုံးသားကို ပိုင်ဆိုင်ထားကြသည်။


သင်ဟာ အမြဲကံကောင်းလေ့ရှိသူပါ။ တစ်ခုခုကို ရည်ရွယ်လိုက်ရင် အောင်မြင်တာများပါတယ်။ အလုပ်ထဲမှာလည်း စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။


စကားပြောရတာကို ကြိုက်တယ်။ ချစ်ခင်သူတွေနဲ့ နွေးနွေးထွေးထွေးရှိရတာကို ကြိုက်တယ်။ သမာသမတ်ရှိတယ်။ စိတ် နေသဘောထားပျော့ပျောင်းပေမဲ့ တစ်ခါတရံ ဒေါသထွက်ရင် သူများနဲ့မတူပါဘူး။ ဒါ့အပြင် သင်က ကလေးအရမ်းချစ်တတ်ပါတယ်။

 

 

November လတွင်မွေးဖွားသူများ


November မွေးဖွားသူတွေဟာ အလွန်စာနာ သနားကြတတ်သူများဖြစ်ကြသည်

 

နှလုံးသားကို ဦးစားပေးကြသူများဖြစ်ပြီး စူးစူးစိုက်စိုက်ချစ်တတ်ကြသည်


မျက်နှာပွင့်ပြီး လူချစ်လူခင်ပေါကြသည် သူတစ်ပါးအပါ် အနိုင်ယူလိုကြသည်။သင်က မျှဝေခံစားပေးတတ်တယ်။


အကောင်းမြင်တတ်တယ်။ တခြားသူတွေအတွက် နမူနာ ယူစရာလူဖြစ်ပြီး ဆရာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။


စိတ်ကူးတွေအများကြီးရှိပါတယ်။ ရှေ့ ရေးကို ကြိုတွေးတတ်တယ်။ တောက်ပမှုတွေနဲ့ ပြိုင်ဘက်ကင်းတယ်။ စိတ်ကူးကောင်းတယ်။


အသစ် တွေကို စဉ်းစားတတ်တယ်။ အချစ်ရေးမှာ မရေရာမသေချာဘဲ စိတ်ကူးယဉ်မှုကို ဦးစားပေးတတ်ပါ တယ်။ အိမ်ကိုခင်တွယ်တတ်ပြီး အလုပ်ကြိုးစားတယ်။ မြင့်မားတဲ့စွမ်းရည်ရှိပါတယ်။

 

 

December လတွင်မွေးဖွားသူများ


December မွေးဖွားသူတွေဟာ အပေးသမားဖြစ်ကြပြီး ကိုယ်ချစ်ကို ဦးစားပေးကြသည် လွတ်လပ်မှုကိုမြတ်နိုးကြပြီး လေနှင်ရာ ရွက်လွှင့်ချင်သူများဖြစ်ကြသည်။


မနာလို ဝန်သိုခြင်းကင်းကြသည်…အလွယ်ယုံတတ်ကြသူများ ဖြစ်ကြသည်။ သင်က သက်တောင့်သက်သာနေရတဲ့ဘဝပုံစံကို တန်ဖိုးထားပြီး လက်တွေ့ကျတဲ့တွေးခေါ်ပ ညာရှင်တစ်ယောက်ဖြစ်ပါတယ်။


သင်က ကံမကောင်းတာများပေမဲ့ အချစ်နဲ့ချမ်းသာခြင်းကို လွယ်ကူ စွာ တွေ့တတ်ပါတယ်။ သစ္စာရှိတယ်။ သဘောထားကြီးတယ်။ မျိုးချစ်စိတ်ရှိတယ်။ စိတ်မရှည်တတ် ဘူး။ ကြီးပွားလိုစိတ်ရှိတယ်။


ဒါ့အပြင် မာနကြီးပြီး ကန့်သတ်ချက်တွေကို မနှစ်သက်တဲ့သူဖ်ြစ်ပါတယ်။

 

 

Source-အဂ္ဂမင်း

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times Last modified on Friday, 02 August 2019 13:44
Rate this item
(0 votes)
Tagged under