အသည်းကွဲပြီး အဖီးလ်လွန်နေတာကို ထိန်းချုပ်ဖို့နည်းလမ်း (၄) ခု

အသည်းကွဲပြီး အဖီးလ်လွန်နေတာကို ထိန်းချုပ်ဖို့နည်းလမ်း (၄) ခု google.com

ခေတ်စကားနဲ့ပြောရင် ဖီးလ်(feel) တယ်ပေါ့။ တစ်ခုခုကို အရမ်းခံစားလွန်းတဲ့အခါ ပြောနေကြတဲ့စကားပါ။

 

မူရင်းစကားလုံးကို ခံစားတယ်လို့ အဓိပ္ပာယ်ရပေမဲ့ လက်ရှိခေတ်လူငယ်တွေကတော့ ဖီးလ်တယ်ဆိုရင် ဆွေးမြေ့ကြေကွဲတဲ့ဘက်ကို ပိုပြီးရည်ညွှန်းကြတယ်။အသည်းကွဲနေတယ်၊ လွမ်းဆွတ်နေတယ် ဆိုပါစို့။ မင်းကတော့ အရမ်းကိုဖီးလ်နေတာပဲလို့ ဘော်ဒါတွေက ပြောကြတယ်။ အသည်းကွဲပြီး ဘာမှမလုပ်ဘဲ တမှိုင်မှိုင်တတွေတွေ ကြေကွဲလွန်း၊ ဖီးလ်လွန်းတာတွေက ကိုယ့်ဘဝကိုယ်ဖျက်ဆီးနေတာပဲ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကအစ ကိုယ့်ကိုပါ လှောင်ပြောင်လာကြနိုင်တယ်။

 

အသည်းကွဲတဲ့အခါ ခံစားချက်တွေကလည်း ရှုပ်ထွေးနေတာပဲ။ ဒါတွေကို ထိန်းချုပ်နိုင်မှဖြစ်မယ်။ အရမ်းခံစားလွန်းနေရင် မကောင်းဘူး။ ဒီနည်းတွေနဲ့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ကြည့်ပါ။

 

() အပြစ်ရှိတယ်လို့ခံစားနေရတာကို စွန့်လွှတ်လိုက် ကိုယ့်ကို သူကထားသွားတာဖြစ်ဖြစ် ကိုယ်က ထားခဲ့ရတာဖြစ်ဖြစ် မဆုံနိုင်လို့ ဝေးသွားရတာပါ။ အဲ့ဒီအခါကျတော့ ကိုယ့်အပြစ်တွေကြောင့် ဝေးရပါတယ်ဆိုပြီး ကြံဖန်တွေးမိတတ်ကြပါတယ်။ ကိုယ်ပဲ ကြေကွဲဝမ်းနည်းစိတ်ပုံလာရော။ ဘယ်သူ့အပြစ်မှမဟုတ်ဘူး ရေစက်မပါတော့လို့ သူနဲ့ဝေးရတာပါ။ ကိုယ့်အပြစ်လို့ မတွေးပါနဲ့။

 

() ကိုယ်က ချစ်ပါလျက်၊ ဂရုစိုက်ပါလျက်နဲ့ ထားရစ်ခံရတယ် ဆိုပြီးတော့လည်း တွေးမိကြပါလိမ့်မယ်။အဲ့ဒါက ထောင်ချောက်တစ်ခုလို ကိုယ့်ကိုပိတ်လှောင်နေမိစေတာပါ။ ဒီခံစားချက်ကို မရအရ ဖယ်ရှားပါ။ ကိုယ်ဒီလောက်ကောင်းတာတောင် သူက ထားသွားတယ်ဆိုရင် သူနဲ့မတန်လို့ပေါ့။

 

() အဆင်ပြေနေတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်မဝေဖန်ပါနဲ့ ဘယ်လိုမှအဆင်မပြေတော့တဲ့ အချစ်ရေးကို ကိုယ့်ဘက်ကအရင် အဆုံးသတ်လိုက်ပါ။ ဒါကြောင့် စိတ်ထဲမှာ သက်တောင့်သက်သာရှိသွားနိုင်ပါတယ်။ ဒါမှမဟုတ် အသည်းကွဲနေတယ်ဆိုပြီး ဘော်ဒါတွေနဲ့ KTV သွားပြီး ဟဲပလိုက်ပါ စိတ်ပေါ့သွားပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ခံစားချက် ကောင်းနေဖို့က အရေးကြီးပါတယ်။ ဒါကိုပဲ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားတာတွေ မှတ်ချက်ချတာတွေ မလုပ်မိပါစေနဲ့။ အဲ့ဒီစိတ်ဝင်လာတာနဲ့ လူက ကြေကွဲမိလာပါလိမ့်မယ်။

 

() တစ်ခါတစ်ခါမှာလည်း အသည်းကွဲခြင်းအပေါ် ဒေါသတွေဖြစ်မိပါလိမ့်မယ်။ ဒင်းလိုလူမျိုး ငါနဲ့မတန်ဘူး၊ သူက ဘယ်လိုလူမျိုးမို့လို့ ငါ့ကိုအသည်းခွဲတာလဲ စတဲ့ဒေါသတွေ ထွက်လာမိလိမ့်မယ်။ ထွက်ပလေ့စေ။ ဒေါသကို အတင်းမျိုသိပ်မထားပါနဲ့။တစ်ခုတော့ရှိတယ်။ ဒေါသထွက်နေချိန်မှာ သူငယ်ချင်းတွေနဲ့မတွေ့ပါနဲ့၊ စကားမပြောပါနဲ့။ စိတ်ထဲကဖြစ်နေတာတွေကို စာရွက်ပေါ်ချရေးပြီး မီးရှို့ပစ်လိုက်ပါ။ ခွင့်လွှတ်ဖို့လိုတဲ့လူတွေကို ခွင့်လွှတ်ရမယ့်အထဲမှာ ကိုယ်တိုင်လည်းပါဝင်ပါတယ်။ ကိုယ့်ဒေါသတွေ ပေါက်ကွဲမိတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပေးလိုက်ပါ။ ဒေါသကိုမျိုသိပ်ထားရင် လူက အိုစာလာပါလိမ့်မယ်။

 

 

Credit;Burmese Asia

Read times Last modified on Friday, 14 December 2018 10:56
Rate this item
(1 Vote)