ကိုယ်ကရောဘယ်လိုချစ်တတ်သူမျိုးလဲ???

ကိုယ်ကရောဘယ်လိုချစ်တတ်သူမျိုးလဲ??? google

လူတစ်ယောက်ရဲ့တခြားသူအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကိုအောက်ပါအချက်လေးတွေကိုကြည့်ပြီးလည်း သိနိုင်ပါတယ်နော်…

 

(၁)ခွေးလေးကြောင်လေးတွေချစ်တဲ့သူ

 

သူတို့က သူတို့ချစ်သူအပေါ် ဂရုတစိုက်ချစ်တတ်တယ်။ တစ်ဘဝလုံးအတွက်ရည်ရွယ်တာမျိုးပါ။

 

(၂)ကစားစရာအရုပ်လေးတွေကို ချစ်တဲ့သူ

 

သူတို့ရဲ့အချစ်က ကန့်သတ်ချက်ဆန်သလိုသူတို့ချစ်သူကို သူတို့ကြိုက်နှစ်သက်တဲ့ အချက်အလက်ဘောင်လေးတွေနဲ့ ရွေးချယ်ချစ်တတ်တယ်။

 

ဘဝအရေးကို အလေးပေးတဲ့အချစ်မျိုးဖြစ်ပါတယ်။

 

(၃)သူငယ်ချင်းအပေါင်းအသင်းကို ချစ်တဲ့သူ

 

သူတို့အချစ်ကို လက်ခံရရှိသူအနေနဲ့ကတော့တကယ်သဘောကြီးပေးနိုင်မှ ဖြစ်မှာပါ။


ကိုယ်ဟန်အမူအကျင့် စမတ်ကျပြီး လူတိုင်းနဲ့ အလိုက်သင့်ပေါင်းသင်းဆက်ဆံတတ်တဲ့ သူမျိုးဖြစ်သလို


ဘော်ဒါတွေနဲ့ဆုံရင်ထမင်းမေ့ဟင်းမေ့နေတတ်သလောက် ချစ်သူအပေါ် ဂရုတစိုက်နဲ့ ကြင်နာတတ်သူမျိုးဖြစ်တယ်။

 

ရည်မှန်းချက်နဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော် ချစ်တတ်တာမျိုးဖြစ်ပါတယ်။

 

(၄)အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို ခုံမင်စွာ ချစ်တတ်တဲ့သူ

 

သူတို့အချစ်ကိုရရှိသူကတော့ဘဝရဲ့ထည်ဝါမှုတွေခံစားရမှာဖြစ်ပေမဲ့ ဇီဇာကြောင်တဲ့အချက်တချို့က

 

သည်းခံနေနိုင်ရမှာဖစ်ပြီးခေတ်မှီဆန်းသစ်စင်ကြယ်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အမြဲကြိုးစားနေရမှာဖြစ်တယ်။

 

ဂုဏ်တွင်ကြယ်တဲ့အချစ်မျိုးဖြစ်ပါတယ်။

 

(၅)သစ်ပင်ပန်းမာန်တွေကို ချစ်တဲ့သူ

 

သူတို့ရဲ့အချစ်က နူးညံသိမ်မွေ့သလိုတဖြည်းဖြည်းပုံဖော်ချစ်တတ်တာမျိုး အနုပညာလည်း ဝါသနာပါတတ်ပြီး


ချစ်သူကို တစိမ့်စိမ့်နဲ့ချစ်တတ်ပြီး စိတ်ကျေနပ်စေပါတယ်။အနုပညာဆန်တဲ့ အချစ်မျိုးဖြစ်ပါတယ်။

 

(၆)အားကစားကို ချစ်တတ်တဲ့သူ

 

သူတို့ရဲ့ အချစ်ကတော့စိတ်ခံစားချက်ကိုဦးစားပေးပြီးတစ်ယောက်ဆိုတစ်ယောက် ချစ်သူအပေါ် တစ်သက်လုံးအတွက် ရူးသွပ်စွာချစ်တတ်ပါတယ်။

 

(၇)စာပေကို ချစ်တတ်တဲ့သူ

 

သူတို့ကအရာရာကို စဉ်းစားတွေးတောတတ်လွန်းသလိုချစ်သူကို စိတ်ရှည်ရှည်နဲ့ သည်းခံချစ်တတ်တယ်။


တခါတလေ ဆုံးဖြတ်ချက်တွေ နှောင့်နှေးတာကြောင့်ဆုံးရူံးမှုလေးကိုတော့ ပဲ့ကိုင်ပေးရမယ်။

Myanmar Wedding Guide

 

3

Read times
Rate this item
(1 Vote)
Tagged under