မွေးခဲ့တဲ့ ရာသီဥတုအလိုက်ရှိတတ်တဲ့ စိတ်နေစိတ်ထားများ

မွေးခဲ့တဲ့ ရာသီဥတုအလိုက်ရှိတတ်တဲ့ စိတ်နေစိတ်ထားများ google

နွေ၊မိုး၊ဆောင်း ရာသီဥတုတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ကိုယ်ပိုင်ပုံစံတွေရှိကြပါတယ်။

 

 

ဒီလိုပါပဲ။ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေရှိနေကြပါတယ်။

 

 

ကဲ….ကိုယ့်ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်းဘာတွေ ပြောနေမလဲ….အောက်မှာ နှိပ်ကြည့်လိုက်ပါ။

 

 

သင်ဟာ နွေရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ အဆိုးမြင်စိတ်နည်းတယ်။

 

 

လွတ်လွတ်လပ်လပ် နေချင်တယ်။ စိတ်ကူးစိတ်သန်းကောင်းတယ်။ အခက်အခဲတွေရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ရှိတယ်။

 

 

ပျော်ပျော်နေတတ်တယ်။ စူးစမ်းလိုစိတ်ကြီးတယ်။ အမြဲတက်ကြွနေလေ့ရှိတယ်။

 

 

ဒါတွေဟာ နွေရာသီဖွားလေးတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

 

 

သူငယ်ချင်းအပေါင်းအသင်းတွေကတောင် အားကျရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။

 

 

သူငယ်ချင်းတွေကိုလည်း အမြဲတမ်း ကူညီနေကျသူတစ်ယောက်၊

 

 

မိသားစုရဲ့ အားထားရသူတစ်ယောက်၊ အားလုံးရဲ့ ဆည်းလည်းလေးလည်း ဖြစ်ပါတယ်။

 

 

နွေရာသီမှာ မွေးဖွားသူတွေဟာ စိတ်ခံစားလွယ်လွန်းပြီး သနာကြင်နာစိတ်လည်း ကြီးမားကြသူတွေ ဖြစ်ပါတယ်။

 

 

သင်ဟာ မိုးရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ တည်ငြိမ်အေးဆေးသူတစ်ယောက်ပါ။

 

 

ဆုံးဖြတ်ချက်တစ်ခုခု ချမယ်ဆိုရင် သေချာစဉ်းစားတတ်လေ့ရှိတယ်။ အမြဲတမ်း ပတ်ဝန်းကျင်ကို လေ့လာနေလေ့ရှိတယ်။

 

 

ချစ်သူခင်သူတွေနဲ့ စကားတွေပြောနေရရင် သင်ပျော်တယ်။ သင့်အကြောင်းတွေအားလုံးကို ရင်ဖွင့်လေ့ရှိတယ်။

 

 

ကောင်းတာရော ဆိုးတာရော အားလုံးပေါ့။ ပွင့်လင်းတဲ့ သင့်ပုံစံကြောင့် ချစ်သူခင်သူ မရှားဘူး။

 

 

သင်ဟာ ဆောင်းရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ ဇွဲကြီးသူတစ်ယောက်ပါ။

 

 

တစ်ခုခုကို တကယ်လိုချင်ပြီဆို မရရအောင် ယူတတ်တာ သင့်အကျင့်ပါ။

 

 

သင့်ရဲ့ အားနည်းချက်ကတော့ လူတွေကို အားနာတတ်လွန်းတာပါပဲ။

 

 

တစ်ယောက်ယောက်က အကူအညီတောင်းတဲ့အခါ ငြင်းရခက်လေ့ရှိတယ်။ အလွန်ရှက်တတ်သူတစ်ယောက်လည်း ဖြစ်တယ်။

 

 

တစ်ယောက်ကို ချစ်မိတဲ့အခါမှာလည်း သင့်ဘက်ကတော့ အမြဲတမ်း ထာဝရအတွက်ကိုပဲ ရည်ရွယ်လေ့ရှိတယ်။

 

 

အမြဲတမ်း ပေးဆပ်သူပဲ ဖြစ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲ ဝေဖန်နေတတ်သူတစ်ယောက်။

 

 

ပြီးတော့ ရည်မှန်းချက်ကြီးတွေလည်း သင့်မှာ ရှိပါတယ်။

 

 

မျှော်မှန်းထားတွေလည်း ဖြစ်မလာတဲ့အခါမှာလည်း အလွန်အားငယ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

 

 

သူများတွေအတွက် ဘာမဟုတ်တဲ့ ရှုံးနိမ့်မှုသေးသေးလေးတွေက

 

 

ဆောင်းရာသီဖွားလေးတွေအတွက်တော့ အကြီးအကျယ်စိတ်ဓာတ်ကျစေတတ်လေ့ရှိပါတယ်။

 

 

 

 

ေႏြ၊မိုး၊ေဆာင္း ရာသီဥတုေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီၾကဘဲ ကိုယ္ပိုင္ပံုစံေတြရွိၾကပါတယ္။

 

 

ဒီလိုပါပဲ။ ေႏြ၊ မိုး၊ ေဆာင္း မွာ ေမြးဖြားခဲ့တဲ့ ကၽြန္ေတာ္တို႔၊ ခင္ဗ်ားတို႔မွာလည္း မတူညီတဲ့ ပံုစံ၊ အက်င့္စရိုက္ေတြရွိေနၾကပါတယ္။

 

ကဲ….ကုိယ့္ကို ေမြးခဲ့တဲ့ ရာသီဥတုက ကိုယ့္အေၾကာင္းဘာေတြ ေျပာေနမလဲ….ေအာက္မွာ ႏွိပ္ၾကည့္လိုက္ပါ။

 

ray1

 

သင္ဟာ ေႏြရာသီမွာ ေမြးဖြားခဲ့သူတစ္ေယာက္ဆိုရင္ေတာ့ သင္ဟာ အေကာင္းျမင္တတ္သူတစ္ေယာက္ပါ။ အဆိုးျမင္စိတ္နည္းတယ္။

 

လြတ္လြတ္လပ္လပ္ ေနခ်င္တယ္။ စိတ္ကူးစိတ္သန္းေကာင္းတယ္။ အခက္အခဲေတြရွိလာရင္ အိုင္ဒီယာေကာင္းေတြ ထြက္ေလ့ရွိတယ္။ 

 

ေပ်ာ္ေပ်ာ္ေနတတ္တယ္။ စူးစမ္းလိုစိတ္ႀကီးတယ္။ အၿမဲတက္ၾကြေနေလ့ရွိတယ္။

 

ဒါေတြဟာ ေႏြရာသီဖြားေလးေတြရဲ႕ စရိုက္လကၡဏာေတြပဲ ျဖစ္ပါတယ္။

 

သူငယ္ခ်င္းအေပါင္းအသင္းေတြကေတာင္ အားက်ရေလာက္တဲ့ တက္ၾကြမႈမ်ိဳး သင့္မွာရွိပါတယ္။

 

သူငယ္ခ်င္းေတြကိုလည္း အၿမဲတမ္း ကူညီေနက်သူတစ္ေယာက္၊

 

မိသားစုရဲ႕ အားထားရသူတစ္ေယာက္၊ အားလံုးရဲ႕ ဆည္းလည္းေလးလည္း ျဖစ္ပါတယ္။

 

ေႏြရာသီမွာ ေမြးဖြားသူေတြဟာ စိတ္ခံစားလြယ္လြန္းၿပီး သနာႀကင္နာစိတ္လည္း ႀကီးမားၾကသူေတြ ျဖစ္ပါတယ္။ 

 

ray

 

သင္ဟာ မိုးရာသီမွာ ေမြးဖြားခဲ့သူတစ္ေယာက္ဆိုရင္ေတာ့ သင္ဟာ တည္ၿငိမ္ေအးေဆးသူတစ္ေယာက္ပါ။

 

ဆံုးျဖတ္ခ်က္တစ္ခုခု ခ်မယ္ဆိုရင္ ေသခ်ာစဥ္းစားတတ္ေလ့ရွိတယ္။ အၿမဲတမ္း ပတ္၀န္းက်င္ကို ေလ့လာေနေလ့ရွိတယ္။

 

ခ်စ္သူခင္သူေတြနဲ႔ စကားေတြေျပာေနရရင္ သင္ေပ်ာ္တယ္။ သင့္အေၾကာင္းေတြအားလံုးကို ရင္ဖြင့္ေလ့ရွိတယ္။

 

ေကာင္းတာေရာ ဆိုးတာေရာ အားလံုးေပါ့။ ပြင့္လင္းတဲ့ သင့္ပံုစံေၾကာင့္ ခ်စ္သူခင္သူ မရွားဘူး။

 

ray2

 

သင္ဟာ ေဆာင္းရာသီမွာ ေမြးဖြားခဲ့သူတစ္ေယာက္ဆိုရင္ေတာ့ သင္ဟာ ဇြဲႀကီးသူတစ္ေယာက္ပါ။

 

တစ္ခုခုကို တကယ္လိုခ်င္ၿပီဆို မရရေအာင္ ယူတတ္တာ သင့္အက်င့္ပါ။

 

သင့္ရဲ႕ အားနည္းခ်က္ကေတာ့ လူေတြကို အားနာတတ္လြန္းတာပါပဲ။

 

တစ္ေယာက္ေယာက္က အကူအညီေတာင္းတဲ့အခါ ျငင္းရခက္ေလ့ရွိတယ္။ အလြန္ရွက္တတ္သူတစ္ေယာက္လည္း ျဖစ္တယ္။

 

တစ္ေယာက္ကို ခ်စ္မိတဲ့အခါမွာလည္း သင့္ဘက္ကေတာ့ အၿမဲတမ္း ထာ၀ရအတြက္ကိုပဲ ရည္ရြယ္ေလ့ရွိတယ္။

 

အၿမဲတမ္း ေပးဆပ္သူပဲ ျဖစ္ေလ့ရွိတယ္။ ကိုယ့္ကိုယ္ကုိလည္း အၿမဲ ေ၀ဖန္ေနတတ္သူတစ္ေယာက္။

 

ၿပီးေတာ့ ရည္မွန္းခ်က္ႀကီးေတြလည္း သင့္မွာ ရွိပါတယ္။

 

ေမွ်ာ္မွန္းထားေတြလည္း ျဖစ္မလာတဲ့အခါမွာလည္း အလြန္အားငယ္တတ္သူတစ္ေယာက္ျဖစ္ပါတယ္။

 

သူမ်ားေတြအတြက္ ဘာမဟုတ္တဲ့ ရံႈးနိမ့္မႈေသးေသးေလးေတြက

 

ေဆာင္းရာသီဖြားေလးေတြအတြက္ေတာ့ အႀကီးအက်ယ္စိတ္ဓာတ္က်ေစတတ္ေလ့ရွိပါတယ္။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 03 March 2020 17:20
Rate this item
(0 votes)
Tagged under