ချစ်သူတိုင်းမှာရှိတတ်တဲ့ အဖြူရောင်အတ္တများ

ချစ်သူတိုင်းမှာရှိတတ်တဲ့ အဖြူရောင်အတ္တများ google

ချစ်သူကို ကောင်းစေချင်တာ၊ အဆင့်မြင့်မြင့်နေစေချင်တာ တကယ်ချစ်တဲ့သူတိုင်းမှာ ရှိတဲ့ ဆန္ဒတစ်ခုပါ။

ချစ်သူကို ကောင်းစေချင်စိတ်တွေများလာတဲ့အခါ ကိုယ့်ရဲ့ ဆန္ဒတွေဟာ အတ္တတွေ ဖြစ်သွားတတ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ ချစ်သူကို ကောင်းစေချင်တဲ့ သူတိုင်းမှာရှိတဲ့ အတ္တတွေပဲဖြစ်ပါတယ်။

(၁) ဆူတယ်

ချစ်သူကို ကောင်းစေချင်တဲ့စိတ်နဲ့ တစ်ခါတလေမှာ ဆူပူမိတတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ စကားလုံးတွေက ကြမ်းသွားတာမျိုး၊ လွန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့်လည်း သူ့ကိုကောင်းစေချင်တဲ့ အတ္တကြောင့်ဖြစ်သွားတာမျိုးပါ။

(၂) ချုပ်ခြယ်မိတယ်

ချစ်သူကို တစ်ခါတလေမှာ ချုပ်ခြယ်သလို ဖြစ်သွားတတ်ပါတယ်။ ချစ်သူကအမှားလုပ်မိမှာ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ကဲ့ရဲ့ခံရမှာတွေကို တွေးကြောက်ပေးတဲ့ အတွက်ပါ။

ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာ ကြိုမြင်နေတဲ့ ကိုယ့်အတွက် တစ်ခါတလေမှာ ချစ်သူကို ချုပ်ခြယ်သလို ဖြစ်နေတတ်ပါတယ်။

(၃) ဆုံးမတယ်

ချစ်သူကိုကောင်းစေချင်တဲ့ အတွက် ကိုယ့်ဖက်ကနေ အမေတစ်ယောက်၊ အမတစ်ယောက်လို ဆုံးမတတ်ကြပါတယ်။

ကိုယ်အရမ်းတော်နေလို့၊ တတ်နေလို့ဆိုတာထက် ချစ်သူကို ကောင်းစေချင်တဲ့စိတ်နဲ့ ကိုယ်တတ်သလောက်၊ မှတ်သလောက် ဆုံးမပေးတာဖြစ်ပါတယ်။

(၄) တစ်ခါတလေ နာကျင်အောင်လုပ်မိတယ်

ချစ်သူကို ကောင်းစေချင်တဲ့စိတ်နဲ့လုပ်လိုက်တဲ့အရာ၊ ပြောလိုက်တဲ့စကားတွေဟာ တစ်ခါတလေမှာ ချစ်သူကို နာကျင်စေပါတယ်။

ချစ်သူကို နာကျင်စေလိုတဲ့ရည်ရွယ်ချက်တစ်ခုမှ မပါပေမယ့် နာကျင်အောင် လုပ်မိတတ်တဲ့ ကိုယ့်ကိုယ်ကို တစ်ခါတလေ အပြစ်တင်နေမိတတ်ပါတယ်။

(၅) ပိုပြီးအားစိုက်ထုတ်စေချင်တယ်

ချစ်သူကို တစ်ခါတလေမှာ အားမလိုအားမရဖြစ်နေတတ်ပါတယ်။ အကြောင်းကတော့ ဒီထက်ပိုမြင့်တဲ့ ဘဝတစ်ခုကို ရောက်စေချင်လို့ပါ။

ချစ်သူက တစ်ခါတလေမှာ ပေါ့ပျက်ပျက်နဲ့ ဇွဲမရှိဘူးလို့ ထင်ပြီး အားမလိုအားမရဖြစ်နေတတ်ပါတယ်။

Crd-Em Em

 

Zawgyi ျဖင့္ဖတ္ရန္...

ခ်စ္သူကို ေကာင္းေစခ်င္တာ၊ အဆင့္ျမင့္ျမင့္ေနေစခ်င္တာ တကယ္ခ်စ္တဲ့သူတိုင္းမွာ ရွိတဲ့ ဆႏၵတစ္ခုပါ။

ခ်စ္သူကို ေကာင္းေစခ်င္စိတ္ေတြမ်ားလာတဲ့အခါ ကိုယ့္ရဲ႕ ဆႏၵေတြဟာ အတၱေတြ ျဖစ္သြားတတ္ပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ ခ်စ္သူကို ေကာင္းေစခ်င္တဲ့ သူတိုင္းမွာရွိတဲ့ အတၱေတြပဲျဖစ္ပါတယ္။

(၁) ဆူတယ္

ခ်စ္သူကို ေကာင္းေစခ်င္တဲ့စိတ္နဲ႔ တစ္ခါတေလမွာ ဆူပူမိတတ္ပါတယ္။ ဒါေပမယ့္လည္း တစ္ခါတေလမွာ စကားလံုးေတြက ၾကမ္းသြားတာမ်ိဳး၊ လြန္သြားတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဒါေပမယ့္လည္း သူ႔ကိုေကာင္းေစခ်င္တဲ့ အတၱေၾကာင့္ျဖစ္သြားတာမ်ိဳးပါ။

(၂) ခ်ဳပ္ျခယ္မိတယ္

ခ်စ္သူကို တစ္ခါတေလမွာ ခ်ဳပ္ျခယ္သလို ျဖစ္သြားတတ္ပါတယ္။ ခ်စ္သူကအမွားလုပ္မိမွာ၊ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္ကဲ့ရဲ႕ခံရမွာေတြကို ေတြးေၾကာက္ေပးတဲ့ အတြက္ပါ။

ဘာလုပ္ရင္ဘာျဖစ္မယ္ဆိုတာ ၾကိဳျမင္ေနတဲ့ ကိုယ့္အတြက္ တစ္ခါတေလမွာ ခ်စ္သူကို ခ်ဳပ္ျခယ္သလို ျဖစ္ေနတတ္ပါတယ္။

(၃) ဆံုးမတယ္

ခ်စ္သူကိုေကာင္းေစခ်င္တဲ့ အတြက္ ကုိယ့္ဖက္ကေန အေမတစ္ေယာက္၊ အမတစ္ေယာက္လို ဆံုးမတတ္ၾကပါတယ္။

ကိုယ္အရမ္းေတာ္ေနလို႔၊ တတ္ေနလို႔ဆိုတာထက္ ခ်စ္သူကို ေကာင္းေစခ်င္တဲ့စိတ္နဲ႔ ကိုယ္တတ္သေလာက္၊ မွတ္သေလာက္ ဆံုးမေပးတာျဖစ္ပါတယ္။

(၄) တစ္ခါတေလ နာက်င္ေအာင္လုပ္မိတယ္

ခ်စ္သူကို ေကာင္းေစခ်င္တဲ့စိတ္နဲ႔လုပ္လိုက္တဲ့အရာ၊ ေျပာလိုက္တဲ့စကားေတြဟာ တစ္ခါတေလမွာ ခ်စ္သူကို နာက်င္ေစပါတယ္။

ခ်စ္သူကို နာက်င္ေစလိုတဲ့ရည္ရြယ္ခ်က္တစ္ခုမွ မပါေပမယ့္ နာက်င္ေအာင္ လုပ္မိတတ္တဲ့ ကိုယ့္ကိုယ္ကို တစ္ခါတေလ အျပစ္တင္ေနမိတတ္ပါတယ္။

(၅) ပိုျပီးအားစိုက္ထုတ္ေစခ်င္တယ္

ခ်စ္သူကို တစ္ခါတေလမွာ အားမလိုအားမရျဖစ္ေနတတ္ပါတယ္။ အေၾကာင္းကေတာ့ ဒီထက္ပိုျမင့္တဲ့ ဘဝတစ္ခုကို ေရာက္ေစခ်င္လို႔ပါ။

ခ်စ္သူက တစ္ခါတေလမွာ ေပါ့ပ်က္ပ်က္နဲ႔ ဇြဲမရွိဘူးလို႔ ထင္ျပီး အားမလိုအားမရျဖစ္ေနတတ္ပါတယ္။

Crd-Em Em

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 20 February 2020 17:10
Rate this item
(0 votes)
Tagged under