အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...

အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google

အင်္ဂါသားသမီးများ

အင်္ဂါနေ့ သားသမီးများသည် ယခုနှစ်တွင် ပေါ်ထွန်းလာသည့် အကြံများ ဆောင်ရွက်လိုသည့် ကိစ္စရပ်များ ရှေ့တိုးလုပ်ကိုင်ရင်း တက်လမ်းများ ရရှိနိုင်မည်။

လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိအောင် ကြိုးစားရသော နှစ်လည်းဖြစ်၍ ငွေကြေးကိစ္စ ရပ်များ ချေးငှါးခြင်း ဆောင်ရွက်ရာတွင် အကျိုးအမြတ်ရရှိမည့် နှစ်ဖြစ်သည်။

မမျှော်လင့်ဘဲ ငွေကြေးများ ဝင်လာရခြင်း စက်ပစ္စည်းဝယ်ယူ ခြင်းရှိမည်။ ဖုန်းနှင့် ဥစ္စာဓနများ ကျပျောက်ခြင်းများရှိမည်။

စီးပွားရေး

အလုပ်အကိုင် အပြောင်းအလွဲှများ၊ ပတ်ဝန်းကျင် လူမှုရေးရာ ဆက်ဆံရေးများ၊ မိသားစုအသိုင်းအဝိုင်း အပြောင်းအလွဲှများ၊ ယုံကြည်ကိုးကွယ်ရာ ဓလေ့ထုံးစံ အပြောင်းအလွဲှများ ဖြစ်ပေါ်နိုင်ပါသည်။

စက်သုံးဆီ ရောင်းဝယ်ခြင်း၊ အစုရှယ်ယာလုပ်ငန်းများ၊ အမျိူးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများ အကျိုးခံစားရမည်။

လုပ်ငန်းခွင်တွင်ပြိုင်ဘက်များ၏ အနှောက်အယှက်ကြောင့် စီးပွားရေးထိခိုက်တတ်သည်။

(၁၄.၆.၂၀၂၀)မှစ၍ အရာရာကို သတိနှင့်ဆောင်ရွက်သင့်၏။လုပ်ငန်းကိစ္စများအတွက် တနလာၤနှင့် ကြာသပတေးသား သမီးများနှင့် ဆောင်ရွက်ခြင်း များအထူးဂရုစိုက်ပေးပါ။

မမျှော်လင့်သော အပြောင်းအလွဲှများ ကြုံတွေ့ရတတ်သည်။ လက်ရှိအလုပ်အကိုင ်ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်၏။

လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်း များနှင့်လမ်းခွဲရတတ်သည်။ မိမိထက် နိမ့်သူ၊ မြင့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏။

ပညာရေး

ပြည်ပပညာရပ် လေ့လာနေသူများ ဤနှစ်တွင် လိုရာပန်းတိုင်သို့ဆွတ်ခူးနိုင်မည်။ ဘွဲ့ထူး၊ဂုဏ်ထူးချီးမြှင့် မြောက်စားမှုများရှိမည်။

ပညာရေး မိမိတို့ ရပ်တည်လျက်ရှိနေသော စာပေပညာ၊ ဘာသာရပ်နှင့်သက်ဆိုင်ရာ အတန်းပညာရပ်ကို ဆက်လက်ကြိုးစား လုပ်ကိုင်ပါ။မိမိရည်မှန်းချက်အတွက် ပျော်ပါးလိုက်စားမှုများ ရှောင်ကျဉ် ပေးပါ။

အချစ်ရေး

လူငယ်လူရွယ်များသည် မိမိဘဝခိုင်မြဲစွာ ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကြောင်းပညာကို ကောင်းစွာ သင်ယူတတ်မြောက်ရေးအတွက် ဦးစားပေး လုပ်ကိုင်သင့်သည်။

အချစ်ရေးတွင်စန်းပွင့်နေလိမ့်မည်။ အပျော်ခရီးများသွား လာတတ်သည်။ သို့သော် အချစ်ရေးကို ဦးစားပေးသူများ ဘဝတစ်ခုလုံး နစ်မွန်းဆုံးရှုံးရတတ်သည်။

အိမ်ထောင်ရှင်များ ပတ်ဝန်းကျင် သွေးထိုးမှုကြောင့် မိသားစုတွင် ပြသာနာဖြစ်တတ်သည်။ အိမ်ထောင်ရှင်များ မိသားစုနှင့် ခွဲခွာပြီး နေထိုင်ရတတ်သည်။ ကာမဂုဏ်စည်းစိမ် အလွန်အကျွံ့ခံစားသူများ အထူးသတိပြုပါ။

နှစ်ဖက် မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင် ကူညီပံ့ပိုးရခြင်းများ ကြုံ ရမည်။ ညီအစ်ကိုမောင်နှမချင်းစကားများမည်။

ကျန်းမာရေးတွင် အသည်းရောဂါ၊ ဆီးရောဂါ၊ ကျီးပေါင်း၊ လေရောဂါများ ဂရုစိုက်ရမည်။ ကူးစက်ရောဂါဝေဒနာများ ပြင်းထန်စွာ ကျရောက်လာတတ်ခြင်းကို တွေ့ရတတ်သည်။

ထီးထိုးရန်

အကျိူးပေးအက္ခရာနှင့် ဂဏန်း- {မ၊လ၊ဝ၊သ} {၃၊၇၊ဝ၊၅} ၃၄အစ, ၅အဆုံး ထီးထိုးပေးပါ။

အထူးသဖြင့် ဤနှစ် အင်္ဂါသားသမီများတို့သည် လုပ်ငန်း ကိစ္စရပ်များအတွက်တော့ “”တနလာၤ,ကြာသပတေး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။

မည်သည်အရာကိုမျှ စိတ်ပြောင်းကိုယ်ပြောင်း မဖြစ်ပေါ်ရန် ကာကွယ်ထိမ်းသိမ်းပါဟု အကြုံပြုပါသည်။

အင်္ဂါသားသမီများတို့သည် ရေလမ်းခရီးသွားခြင်းရှောင် ကျဉ်ပေးပါ။

အကျိူ းပေးအက္ခရာ -{မ၊လ၊ဝ၊သ}

အကျိူ းပေးဂဏန်း-{၃၊၇၊ဝ၊၅}

အကျိူ းမပေးနေ့နံ-{“တနလာၤ,ကြာသပတေး”}

အကျိူ းပေးအရောင်- အနက်၊အညို၊၊အနီရောင်

အကျိူ းမပေးအရောင်- ငွေရောင်၊မိုးပြာရောင်

ဆောင်ရန်- နီရဲသောသန္တာ ကျောက်မျက်ရတနာ

ယတြာ – မိမိမွေးနေ့နံ အပတ်တိုင်း မိမိမွေးနေ့တွင် နှင်းဆီပန်း၊ ဒန်းညွှန့်(၁၀)ညွန့်ဘုရားပူဇော်ပေးပါ။ ဘုရား စေတီဟောင်းပြုပြင်ပေးခြင်း ဆေးသုတ်ခြင်းနှင့် ဘုန်းကြီးကျောင်း လျှပ်စစ်ပစ္စည်းများ လှူဒါန်းပါ။

ဆရာသန်းလင်းအောင်

ဆရာဇော်

 

Zawgyi ျဖင့္ဖတ္ရန္...

အဂၤါသားသမီးမ်ား

အဂၤါေန႔ သားသမီးမၽားသည္ ယခုႏွစ္တြင္ ေပၚထြန္းလာသည့္ အၾကံမၽား ေဆာင္ရြက္လိုသည့္ ကိစၥရပ္မၽား ေ႐ွ႕တိုးလုပ္ကိုင္ရင္း တက္လမ္းမၽား ရရိွႏိုင္မည္။

ေလာကဓံကို ၾကံ့ၾကံ့ခံႏိုင္ရည္ရိွေအာင္ ႀကိဳးစားရေသာ ႏွစ္လည္းျဖစ္၍ ေငြေၾကးကိစၥ ရပ္မၽား ေခၽးငွါးျခင္း ေဆာင္ရြက္ရာတြင္ အကိ်ဳးအျမတ္ရရိွမည့္ ႏွစ္ျဖစ္သည္။

မေမၽွာ္လင့္ဘဲ ေငြေၾကးမၽား ဝင္လာရျခင္း စက္ပစၥည္းဝယ္ယူ ျခင္းရိွမည္။ ဖုန္းႏွင့္ ဥစၥာဓနမၽား ကၽေပၽာက္ျခင္းမၽားရိွမည္။

စီးပြားေရး

အလုပ္အကိုင္ အေျပာင္းအလဲႊမ်ား၊ ပတ္ဝန္းက်င္ လူမႈေရးရာ ဆက္ဆံေရးမ်ား၊ မိသားစုအသိုင္းအဝိုင္း အေျပာင္းအလဲႊမ်ား၊ ယံုၾကည္ကိုးကြယ္ရာ ဓေလ့ထံုးစံ အေျပာင္းအလဲႊမ်ား ျဖစ္ေပၚႏိုင္ပါသည္။

စက္သုံးဆီ ေရာင္းဝယ္ျခင္း၊ အစု႐ွယ္ယာလုပ္ငန္းမၽား၊ အမ်ိဴးသမီးမၽားအတြက္ ဖက္႐ွင္ဆိုင္ဖြင့္ျခင္း၊ အလွကုန္ပစၥည္းမၽားႏွင့္ ဖန္စီလုပ္ငန္းမၽား အက်ိဳးခံစားရမည္။

လုပ္ငန္းခြင္တြင္ၿပိဳင္ဘက္မၽား၏ အေႏွာက္အယွက္ေၾကာင့္ စီးပြားေရးထိခိုက္တတ္သည္။

(၁၄.၆.၂၀၂၀)မွစ၍ အရာရာကို သတိႏွင့္ေဆာင္ရြက္သင့္၏။လုပ္ငန္းကိစၥမၽားအတြက္ တနလာၤႏွင့္ ၾကာသပေတးသား သမီးမၽားႏွင့္ ေဆာင္ရြက္ျခင္း မၽားအထူးဂ႐ုစိုက္ေပးပါ။

မေမွ်ာ္လင့္ေသာ အေျပာင္းအလဲႊမ်ား ၾကံဳေတြ႔ရတတ္သည္။ လက္႐ွိအလုပ္အကိုင ္ေျပာင္းခ်င္စိတ္ ျဖစ္ေပၚေနမည္။ ေျပာင္းလ်ွင္ ပိုဆိုးသြားတတ္၏။

လုပ္ေဖာ္ကိုင္ဘက္မ်ား မိတ္ရင္းေဆြရင္း မ်ားႏွင့္လမ္းခြဲရတတ္သည္။ မိမိထက္ နိမ့္သူ၊ ျမင့္သူ ႏွစ္ဦးလံုးက ဒုကၡေပးတတ္ေသာ ကာလျဖစ္၏။

ပညာေရး

ျပည္ပပညာရပ္ ေလ့လာေနသူမၽား ဤႏွစ္တြင္ လိုရာပန္းတိုင္သုိ႔ဆြတ္ခူးႏိုင္မည္။ ဘြဲ႕ထူး၊ဂုဏ္ထူးခ်ီးျမႇင့္ ေျမာက္စားမႈမၽားရိွမည္။

ပညာေရး မိမိတို႔ ရပ္တည္လ်က္ရိွေနေသာ စာေပပညာ၊ ဘာသာရပ္ႏွင့္သက္ဆိုင္ရာ အတန္းပညာရပ္ကို ဆက္လက္ၾကိဳးစား လုပ္ကိုင္ပါ။မိမိရည္မွန္းခၽက္အတြက္ ေပၽာ္ပါးလိုက္စားမႈမၽား ေ႐ွာင္ကၽဥ္ ေပးပါ။

အခ်စ္ေရး

လူငယ္လူရြယ္မ်ားသည္ မိမိဘဝခိုင္ျမဲစြာ ရပ္တည္ႏိုင္ေရး အသက္ေမြးဝမ္းေၾကာင္းပညာကို ေကာင္းစြာ သင္ယူတတ္ေျမာက္ေရးအတြက္ ဦးစားေပး လုပ္ကိုင္သင့္သည္။

အခၽစ္ေရးတြင္စန္းပြင့္ေနလိမ့္မည္။ အေပၽာ္ခရီးမၽားသြား လာတတ္သည္။ သို႔ေသာ္ အခ်စ္ေရးကို ဦးစားေပးသူမ်ား ဘဝတစ္ခုလုံး နစ္မြန္းဆံုးရံႈးရတတ္သည္။

အိမ္ေထာင္႐ွင္မၽား ပတ္ဝန္းကၽင္ ေသြးထိုးမႈေၾကာင့္ မိသားစုတြင္ ျပသာနာျဖစ္တတ္သည္။ အိမ္ေထာင္႐ွင္မ်ား မိသားစုႏွင့္ ခြဲခြာၿပိီး ေနထိုင္ရတတ္သည္။ ကာမဂုဏ္စည္းစိမ္ အလြန္အကြၽံ့ခံစားသူမ်ား အထူးသတိျပဳပါ။

ႏွစ္ဖက္ မိဘေဆြမၽိဳးမၽား၏ ကၽန္းမာေရးကိစၥရပ္မၽားတြင္ ကူညီပ့ံပိုးရျခင္းမၽား ၾကံဳ ရမည္။ ညီအစ္ကိုေမာင္ႏွမခၽင္းစကားမၽားမည္။

ကၽန္းမာေရးတြင္ အသည္းေရာဂါ၊ ဆီးေရာဂါ၊ ကၽီးေပါင္း၊ ေလေရာဂါမၽား ဂ႐ုစိုက္ရမည္။ ကူးစက္ေရာဂါေဝဒနာမ်ား ျပင္းထန္စြာ က်ေရာက္လာတတ္ျခင္းကို ေတြ႔ရတတ္သည္။

ထီးထိုးရန္

အက်ိဴးေပးအကၡရာႏွင့္ ဂဏန္း- {မ၊လ၊ဝ၊သ} {၃၊၇၊၀၊၅} ၃၄အစ, ၅အဆံုး ထီးထိုးေပးပါ။

အထူးသျဖင့္ ဤႏွစ္ အဂၤါသားသမီမ်ားတို႔သည္ လုပ္ငန္း ကိစၥရပ္မ်ားအတြက္ေတာ့ “”တနလာၤ,ၾကာသပေတး” ထိုေနနံသားသမီးမ်ားႏွင့္ ေဆာင္ရြက္ျခင္းမ်ား၊ ခရီးသြားရာတြင္ အထူးသတိထားသင့္သည္။

မည္သည္အရာကိုမ်ွ စိတ္ေျပာင္းကိုယ္ေျပာင္း မျဖစ္ေပၚရန္ ကာကြယ္ထိမ္းသိမ္းပါဟု အၾကံဳျပဳပါသည္။

အဂၤါသားသမီမ်ားတို႔သည္ ေရလမ္းခရီးသြားျခင္းေ႐ွာင္ ကၽဥ္ေပးပါ။

အက်ိဳးေပးအကၡရာ -{မ၊လ၊ဝ၊သ}

အက်ိဳးေပးဂဏန္း-{၃၊၇၊၀၊၅}

အက်ိဳးမေပးေန႔နံ-{“တနလာၤ,ၾကာသပေတး”}

အက်ိဳးေပးအေရာင္- အနက္၊အညိဳ၊၊အနီေရာင္

အက်ိဳးမေပးအေရာင္- ေငြေရာင္၊မိုးျပာေရာင္

ေဆာင္ရန္- နီရဲေသာသႏၱာ ေက်ာက္မ်က္ရတနာ

ယၾတာ – မိမိေမြးေန႔နံ အပတ္တိုင္း မိမိေမြးေန႔တြင္ ႏွင္းဆီပန္း၊ ဒန္းၫႊန္႔(၁၀)ညြန္႔ဘုရားပူေဇာ္ေပးပါ။ ဘုရား ေစတီေဟာင္းျပဳျပင္ေပးျခင္း ေဆးသုတ္ျခင္းႏွင့္ ဘုန္းႀကီးေက်ာင္း လ်ွပ္စစ္ပစၥည္းမ်ား လွဴဒါန္းပါ။

ဆရာသန္းလင္းေအာင္

ဆရာေဇာ္

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 07 February 2020 11:38
Rate this item
(3 votes)
Tagged under