အိမ်ထောင်ရေးအဆင်ပြေဖို့အတွက်အချက်များ

အိမ်ထောင်ရေးအဆင်ပြေဖို့အတွက်အချက်များ google.com

အိမ်ထောင်ပြုတာကြာလာတာနှင့်အမျှ အဖုအထစ်လေးတွေ ရှိလာတတ်ပါတယ်။

သို့ပေမယ့်လည်း နားလည်မှုရှိရင်တော့ ဒီအဖုအထစ်လေးတွေက ဘာမှမဟုတ်တော့ပါဘူး။

 

အဖုထစ်လေးတွေကနေ ပြသနာအကြီးအဆင့်ထိ ဖြစ်မသွားစေဖို့ အိမ်ထောင်တစ်ခုမှာ ဒီအချက်တွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။

 

သူ့ဘက်ကိုယ့်ဘက်နားလည်ပေးခြင်း

 

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ နှစ်ဘက်မိဘတွေနဲ့ ပတ်သက်ရတော့မှာဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ရင်လည်း အစာကြီးကတည်းက ဝေ့လည်ကြောင်ပတ်ပြောဆိုထားတာတွေ မရှိသင့်ပါဘူး။

 

သူ့မိဘ၊ ကိုယ့်မိဘ၊ သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုး နားလည်ပေးရမှာတွေ ရှိပါတယ်။ ထို့ကြောင့် ကိုယ့်ဘက်မိသားစုက ဘယ်လိုပုံစံရှိတယ်လို့ တစ်ဖက်က ကြိုသိထားတဲ့အခါ သူ့ဘက်က ရှောင်သင့်တာကိုရှောင်ပြီး သည်းခံသင့်တာကို သည်းခံပေးလို့ရမှာဖြစ်ပါတယ်။

 

မိသားစုနဲ့ပတ်သက်လို့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင်လည်း ပွင့်ပွင့်လင်းလင်းပြောထားတာကြောင့် မလိုလားတဲ့ ပြဿနာတွေ မဖြစ်တော့ပါဘူး။

 

ကိုယ့်ရင်သွေးကို သွန်သင်ဆုံးမခြင်း

 

အိမ်ထောင်ပြုလိုက်တာနဲ့ သင်တို့နှစ်ဦး၏ရင်သွေးနဲ့ပတ်သက်တဲ့ ကိစ္စတွေရှိလာတတ်ပါတယ်။ အဲဒီကိစ္စအတွက်လည်း လိမ်လည်ပြောဆိုတာတွေ၊ စကားကို ဟိုပြော ဒီပြော ပြောဆိုတာတွေ မရှိသင့်ပါဘူး။

 

ကလေးနားလည်လာပြီဆိုရင်လည်း ကလေးကို အဖေ့ကို ပြန်မပြောနဲ့၊ အမေ့ကို ပြန်မပြောနဲ့ဆိုတဲ့စကားမျိုး မပြောသင့်ပါဘူး။ ကလေးနဲ့ ပတ်သက်ရင် မိဘနှစ်ပါးစလုံးဟာ ရိုးသားမှုနဲ့ပဲ ဆက်ဆံသင့်ပါတယ်။

 

တစ်ယောက်နှင့်တစ်ယောက်တိုင်တိုင်ပင်ပင်ရှိခြင်း

 

အိမ်ထောင်တစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ပြဿနာအနည်းအများ ဖြစ်တတ်ကြပါတယ်။

 

တစ်ယောက်နှင့်တစ်ယောက်နဲ့တစ်ယောက် ငွေကြေးနဲ့ပတ်သက်ရင် အရင်ကတည်းက ရှင်းရှင်းလင်းလင်း ရှိသင့်ပါတယ်။

 

တစ်ယောက်အပေါ်တစ်ယောက် လိမ်ပြောရမယ့်ကိစ္စမျိုး၊ ဘယ်လိုကိစ္စကိုမှ မပြုလုပ်သင့်ပါဘူး။ ဝယ်တာခြမ်းတာတွေ အကုန်လုံး တစ်ယောက်ယောက်ကို အသိပေးသင့်ပါတယ်။

 

အိမ်ထောင်တစ်ခုမှာ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတိုင်းက နှစ်ဦးစလုံးအတွက် အမြဲတိုင်ပင်တဲ့ ကိစ္စဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:39
Rate this item
(1 Vote)