အိမ်ထောင်မြဲစေဖို့အတွက်အချက်များ - ၂

အိမ်ထောင်မြဲစေဖို့အတွက်အချက်များ - ၂ google.com

နှစ်ဦးသဘောတူလက်ထပ်ခြင်းဆိုတာ ကွာရှင်းမှုနဲ့ အဆုံးသတ်ရလိမ့်မယ်လို့

ဘယ်သူကမှ မျှော်လင့်ထားကြမှာ မဟုတ်ပါဘူး။

 

သို့ပေမယ့် တစ်ချို့သော အိမ်ထောင်သည်တွေဟာ သူတို့မျှော်လင့်မထားတဲ့ ကွာရှင်းပြတ်ဆဲခြင်းများနဲ့ အဆုံးသတ်နေရပါတယ်။

 

မိမိတို့၏ အိမ်ထောင်ရေးမြဲစေဖို့အတွက် အောက်ပါအချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ပြဿနာတွေကို ဖြေရှင်းခြင်း

 

တချို့သောသူတွေကတော့ လုပ်ချင်ရာလျှောက်လုပ်တတ်ပြီး၊ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင်လည်း အိမ်ထောင်ဘက်နဲ့ ဆွေးနွေးတိုင်ပင်တာမျိုး မရှိကြပါဘူး။

 

ဒါကတော့ အိမ်ထောင်ရေးတစ်ခုအတွက် မကောင်းတဲ့အရာပါဘဲ။ တချို့ကတော့ ဒီလိုမဟုတ်ဘဲ ပြဿနာ ဖြေရှင်းဖို့ ရှိတာတွေကို တစ်ဦးနဲ့တစ်ဦး တိုင်တိုင်ပင်ပင် ဆွေးနွေးကြပါတယ်။

 

အပြစ်မရှာခြင်း

 

တချို့သောသူတွေကတော့ ကိုယ်ကသာ အိမ်ထောင်ဘက်အပေါ်မှာ ကောင်းအောင်နေဖို့ မကြိုးစားတာ၊ သူ ဘာအပြစ်တွေ လုပ်ထားသလဲ၊ ဘယ်လို သည်းမခံနိုင်တာတွေ လုပ်ထားသလဲဆိုတာကိုတော့ မျက်စိဒေါက်ထောက်ပြီး အပြစ်ပြောရအောင် ချောင်းနေတတ်ပါတယ်။

 

တကယ်ချစ်တဲ့ စုံတွဲတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ့်ကြောင့် တစ်ဖက်သား စိတ်ကသိ ကအောက် ဖြစ်စေတာမျိုးကို ရှောင်ကြဉ်ကြပါတယ်။

 

လွတ်လပ်မှုကိုထိန်းချုပ်ခြင်း

 

အိမ်ထောင်တစ်ခုမှာ တစ်ဦးကိုတစ်ဦးက ထိန်းချုပ်ပြီး လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားလေ အိမ်ထောင်ရေး မတည်မြဲမယ့်ဘက်ကို ဦးတည်ကြတတ်ပါတယ်။

 

သို့ပေမယ့် အိမ်ထောင်ရေးတည်မြဲမယ့်သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ထိန်းညှိတာကလွဲရင် ပြင်းထန်တဲ့ စည်းကမ်းနဲ့အမိန့်တွေ၊ ဘောင်တွေ ကန့်သတ်ချက်တွေ လုံးဝမထားကြပါဘူး။

 

ကြင်နာယုယမှုရှိခြင်း

 

အိမ်ထောင်ရေးတွင် အဆိုးဝါးဆုံး အခြေအနေကတော့ တစ်ယောက်ရဲ့ ခံစားချက်တွေ ဘာဖြစ်နေတယ်ဆိုတာကို တစ်ယောက်က မသိချင်တာ၊ မသိချင်ယောင် ဆောင်တာ၊ လှစ်လျူရှုထားခြင်းပဲဖြစ်ပါတယ်။

 

အိမ်ထောင်ရေးတည်မြဲမယ့်သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အရာရာကို ကြင်ကြင်နာနာ ဖေးဖေး မမနဲ့ ကူညီစောင့်ရှောက်တတ်ကြပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(1 Vote)