ချစ်သူနဲ့ လက်တွဲမဖြုတ်ခင် မေးသင့်တဲ့အချက်များ

ချစ်သူနဲ့ လက်တွဲမဖြုတ်ခင် မေးသင့်တဲ့အချက်များ google.com

ချစ်သူများ တစ်ဦးနှင့်တစ်ဦး စကားအခန့်မသင့်လို့ ပြတ်စဲကြတဲ့အခါမှာ ပြဿနာက ခက်ခဲလား၊ ဆိုးရွားလားဆိုတာ စဉ်းစားဖို့ လိုအပ်ပါတယ်။

နှစ်ဦးနှစ်ဖက် အချိန်တွေပေးပြီး တည်ဆောက်လာရတဲ့ ဆက်ဆံရေးကို အဆုံးမသတ်ခင် မေးကြည့်သင့်တဲ့ မေးခွန်းများကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

နှစ်ဦးစလုံး အဆင်မပြေနိုင်ဘူးလား

 

တစ်ယောက်နဲ့တစ်ယောက်ဟာ အဆုံးမသတ်ခင်မှာ မေးသင့်တာက တကယ်ပြင်လို့မရတဲ့ အရာတွေကို လုပ်ထားသလားဆိုတာပါပဲ။

 

ဒေါသနဲ့ စိတ်မရှည်မှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် လိုတာထက်ပိုပြီး မကောင်းမှုတွေမြင်တတ် ကြပါတယ်။

 

ထို့ကြောင့် ကြီးမားတဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ခံစားချက်တွေက ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ နှစ်ဦးစလုံး လမ်းမခွဲခင် တကယ်ပြင်လို့ရလား မရဘူးလား ဆိုတာ အရင်မေးမြန်းသင့်ပါတယ်။

 

နှစ်ဦးစလုံး ကြိုးစားခဲ့ရဲ့လား

 

နှစ်ဦးစလုံးမဝေးဖို့အတွက် သင့်အနေနဲ့ရော သူ့အနေနဲ့ပါ ကြိုးစားခဲ့ရဲ့လားဆိုတာ မေးကြည့်သင့်ပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး လေးနက်တဲ့ ဆက်ဆံရေးရှိမှ မေးမြန်းသင့်ပါတယ်။ လေးနက်မှလည်း အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပါတယ်။

 

တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်လို့မရဘူးလား

 

နှစ်ဦးစလုံးမှ တစ်ဘက်ဘက်က သည်းခံပေးလို့မရဘူးလား၊ ဘယ်ဘက်က လွန်သွားတဲ့ ကိစ္စလဲ။ သူ့ဘက်က အလျော့မပေးနိုင်ဘူးလား ဆိုတာတွေကို မေးမြန်းကြည့်သင့်ပါတယ်။

 

ဒါမှလည်း နှစ်ဦးနှစ်ဘက် ပွင့်ပွင့်လင်းလင်းနှင့် သဘောတူလက်ခံနိုင်မယ့် အဖြေတစ်ခုကို ရှာတွေ့မှာဖြစ်ပါတယ်။

 

 

 

 

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(3 votes)