မိန်းကလေးတွေ အချစ်ကြီးရင်တော့ဖြင့်

မိန်းကလေးတွေ အချစ်ကြီးရင်တော့ဖြင့် google.com

မိန်းကလေးတွေက ချစ်သူအပေါ် အရမ်းစိတ်တိုတဲ့အခါ ပြောချင်ရာ ပြောလိုက်မိပြီး နောက်မှ

ငါ ပြောတာ လွန်သွားလားလို့ တွေးမိတတ်ကြပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ မျက်ရည်ကျရတဲ့ အခိုက်အတန့် ဆိုတာ ရှိတတ်ပါတယ်။

 

မိန်းကလေးတွေက ချစ်သူအပေါ် အရမ်းသဝန်တိုလို့ ကိုယ့်ချစ်သူကို ပေါက်ကွဲမိပြီးမှ ငါ သံသယဝင်ပြီး သူ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်မိပါလားလို့ တွေးမိတတ်ကြပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့ အခိုက်အတန့် ဆိုတာ ရှိတတ်ပါတယ်။

 

မိန်းကလေးတွေက ချစ်သူအပေါ် အလွန်အကျွံ စိတ်ကောက်ပြီးမှ ကိုယ့်ချစ်သူ စိတ်ညစ်သွားပြီလား လို့ တွေးမိတတ်ကြပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ သနားစိတ်၊ စိုးရိမ်စိတ် ဖြစ်နေတာမျိုးဆိုတာ ရှိတတ်ပါတယ်။

 

မိန်းကလေးတွေက ချစ်သူအပေါ် စိတ်ညစ်ရမှာစိုးလို့ ကိုယ့်ရဲ့ အခက်အခဲကို မြိုသိပ်ပြီး ချစ်ရသူနဲ့ အတူတူ ရယ်မောပျော်ရွှင်အောင် ဟန်ဆောင်နေတတ်တာမျိုးပါဖြစ်ပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ သနားကြင်နာတတ်မှုဆိုတာ ရှိတတ်ပါတယ်။

 

မိန်းကလေးတွေက ချစ်သူအပေါ် ကိုယ့်ရဲ့ မမြင်ကွယ်ရာမှာ ကိုယ်ချစ်ရသူက ဘာတွေများလုပ်နေမလဲဆိုပြီး စိတ်ပူ တတ်ကြပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ ငိုကြေးရတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်ပါတယ်။

 

မိန်းကလေးတွေရဲ့ဘ၀က ချစ်သူအပေါ် ရင်ထဲက ခံစားချက်တွေကို မျက်ရည်နဲ့ ဖြေသိမ့်ရင်း ကိုယ်ချစ်ရသူကို စိတ်ပူခြင်း၊ သ၀န်တိုခြင်း၊ လောဘကြီးခြင်း ဆိုတာ ရှိတတ်ကြပါတယ်။

 

မိန်းကလေးတိုင်း အချစ်ကြီးရင်တော့ အမှားအမှန်ကို မခွဲခြားနိုင်ဘဲ ဖြစ်တတ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:49
Rate this item
(1 Vote)