ဝေးနေတဲ့အချိန်မှာ ကိုယ်တိုင် အဆင်ပြေအောင်ဘယ်လိုနေမလဲ

ဝေးနေတဲ့အချိန်မှာ ကိုယ်တိုင် အဆင်ပြေအောင်ဘယ်လိုနေမလဲ google.com

အနေဝေးနေတဲ့အခါ စိတ်ထဲ နီးစပ်တယ်လို့ ခံစားရမှ  ကိုယ့်အတွက် အဝေးကနေ တစ်ယောက်တည်း ဖြတ်သန်းရတာ

ပိုအဆင်ပြေမှာဖြစ်ပါတယ်။

Long Distance ဖြစ်တဲ့အတွက် အနေနီးတဲ့သူတွေထက်တော့ပိုပြီးလွမ်းရတာပေါ့နော်။ တွေးကြည့်လိုက်တိုင်း ကိုယ်နဲ့ ရေခြားမြေခြားဖြစ်နေတဲ့အတွက် စိုးရိမ်စိတ်တွေလည်းပိုရပါတယ်။

အမြဲတမ်း ကိုယ့်အနားက စုံတွဲတွေကြည့်ပြီး ကိုယ့်အဝေးရောက်နေတဲ့သူကို အနီးနားရှိစေချင်တဲ့စိတ်တွေလည်းဖြစ်တာပေါ့။ ကိုယ့်အတွက် အမြဲတစ်စုံတစ်ခုလိုနေသလိုမျိုး လစ်ဟာနေသလိုဖြစ်နေပြီး

တစ်ချို့အရမ်းချစ်တတ်တဲ့ မိန်းကလေးအများစုမှာတော့ စိတ်နဲ့ကိုယ်နဲ့မကပ်တာမျိုးတွေ ခဏခဏ ကြုံရမှာပါ။ ဒါကြောင့်မို့ ချစ်တာလည်းချစ်၊ လွမ်းတာလည်လွမ်းပြီး သူအနားမှာမရှိတဲ့အချိန်တွေကို

ဘယ်လိုအဆင်ပြေအောင်ဖြတ်သန်းမလဲ ဆိုတာ Marry ဖော်ပြပေးလိုက်တယ်နော်။

အကွာအဝေးဆိုတာ အတိုင်းအတာတစ်ခုသက်သက်ပါ

တကယ်ချစ်ရင် မိုင်တွေခြားဝေးနေပေမယ့် အကွာအဝေးဆိုတာ အတိုင်းအတာတစ်ခုသက်သက်ပါဘဲ။ အရမ်းဝေးနေလို့ ဘယ်နှစ်မိုင်လောက်ဝေးနေတာလဲဆိုတာကို Google Map ထဲမှာကြည့်ပြီး စိတ်ညစ်မနေပါနဲ့။

  တစ်ယောက်ကိုတစ်ယောက် စိတ်ထဲရှိနေဖို့က အဓိကကျပါတယ်။ ဒါကြောင့်မို့ ဝေးနေတာကို တွေးပူမနေပါနဲ့နော်။

ယုံကြည်ပါ

Video Call တွေ တစ်ချိန်လုံးခေါ်ပြီး ပလိပ်စစ် စစ်မနေပါနဲ့။ အဲ့လိုမျိုးလုပ်တာ နှစ်ဦးနှစ်ဖက်လုံး စိတ်ရှုပ်ရပါတယ်။ သူဘာမဟုတ်တာလုပ်နေမလဲဆိုတဲ့စိတ်နဲ့ စိတ်ရှုပ်ရသလို သူ့ကိုလည်း လိုက်လံစစ်ဆေးနေတာ

တစ်ဖက်လူလည်း အနေရ အရမ်းကြပ်ပါတယ်။ ချစ်လို့လုပ်တာ မှန်ပေမယ့် ချစ်သူအပေါ်ယုံကြည်မှုလေးထားပြီး စိတ်အေးသက်သာစွာနေကြည့်လိုက်ပါ။

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိပါ

အနေဝေးနေတယ်ဆိုလို့ ကိုယ့်ပြဿနာတွေအခက်အခဲတွေ မြိုသိပ်ထားမယ့်အစား သူနဲ့စကားပြောတဲ့ အခါ ပွင့်ပွင့်လင်းလင်းဖွင့်ဟတိုင်ပင်ကြည့်ပါနော်။ ဒါဆိုကိုယ့် စိတ်သက်သာရာရတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်ကြား

စိတ်ခြင်းပိုနီးတယ်လို့ခံစားရစေမှာပါနော်။ စိတ်ထဲနီးစပ်တယ်လို့ခံစားရမှ  ကိုယ့်အတွက် အဝေးကနေ တစ်ယောက်တည်း ဖြတ်သန်းရတာ ပိုအဆင်ပြေမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တည်ဆောက်ပါ

ရေမြေခြားနေတဲ့ချစ်သူက ကိုယ့်အတွက် အနာဂတ်ခင်ပွန်းလောင်းတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့နော်။ ဒါပေမယ့် သူ့ကိုစောင့်မျှော်ပြီး ကိုယ်က ဘာမှမလုပ်ဘဲနေမယ်ဆိုရင် ပျင်းစရာလည်းကောင်းမယ်၊

ကိုယ့်ချစ်သူအပေါ်သံသယတွေဝင်တာမျိုးလည်းဖြစ်လာပါလိမ့်မယ်။ ကိုယ့်စိတ်က အားနေတော့ တွေးချင်တာတွေးနေနိုင်တာပေါ့နော်။ ဒါကြောင့်မို့ စိတ်လည်းမအားအောင် ကိုယ်ဝါသနာပါရာအလုပ်တစ်ခုကိုတစိုက်မတ်မတ်လုပ်ကြည့်ပါ။

ကိုယ့်ဘဝကိုကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်စိတ်ကြိုက်တည်ဆောက်နေတဲ့အမျိုးသမီးတစ်ယောက်လောက် စမတ်ကျတဲ့သူမရှိပါဘူး။

အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားပါ

ရေမြေခြားချစ်သူနဲ့ အခြေအနေတစ်ခုခုကြောင့် ဝေးကွာသွားရရင် ခံနိုင်ရည်ရှိအောင် ကြိုတွေးထားပါနော်။ ဘယ်လောက်ဘဲ ကိုယ်တစ်ယောက်တည်းနေနိုင်တယ်ဆိုပြီး မာန်တင်းထားတဲ့ မိန်းကလေးမျိုးဖြစ်ပါစေဦးတော့

တကယ်တမ်း စိတ်ထိခိုက်စရာကြုံလာတဲ့အခါ ခံနိုင်ရည်အားမရှိတော့တာများပါတယ်။ ဒါကြောင့်မို့ အဆိုးဆုံးတွေကြုံလာရင် ကိုယ့်ကိုယ်ကို အဆင်ပြေအောင်နေနိုင်ဖို့  ယောဂကျင့်စဉ်တစ်ခုလောက် သို့မဟုတ် တရားထိုင်ခြင်းကို

တစ်နေ့ ၁၀မိနစ်အနည်းဆုံးလုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပါနော်။

ကဲ . . . ဒီအချက်လေးတွေကိုဖတ်ပြီး LDRS တွေကိုပိုင်ဆိုင်ထားတဲ့ သူတွေအားလုံး အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်ပါစေနော်။

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:42
Rate this item
(1 Vote)
Tagged under