Dryer ကိုနည်းစနစ်မှန်မှန်ဘယ်လိုသုံးကြမလဲ

Dryer ကိုနည်းစနစ်မှန်မှန်ဘယ်လိုသုံးကြမလဲ google

ခေါင်းလျှော်တဲ့အခါ dryer သုံးပြီးအခြောက်ခံရင် ဆံပင်ပျက်စီးမှာစိုးလို့ ဆိုတာမျိုးပြောကြတာကို အမြဲလိုလိုကြားနေရပါတယ်။

 


တကယ်တော့ dryer သုံးတိုင်း ဆံပင်ပျက်စီးတာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန် သုံးမယ်ဆိုရင် ဆံပင်မပျက်စီးတဲ့အပြင် bad hair day ဆိုတာလည်း

 


ရှိတော့မှာမဟုတ်ပါဘူး။ဒီတော့ dryer သုံးတဲ့အခါ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါတယ်။

 

 

(၁) အပူကိုပဲ အမြဲသုံးမယ်ဆိုရင် ဆံသားခြောက်သွေ့ကျိုးကြေစေပြီး အဖျားကွဲတာ၊ပြတ်တာတွေဖြစ်စေနိုင်လို့ hair dryer နဲ့

 

 

ဆံပင်အခြောက်ခံတဲ့အခါ အရင်ဆုံးလေပူနဲ့မှုတ်ပြီး ခြောက်ခါနီးဖြစ်သွားရင်တော့ အပူတလှည့်၊အအေးတလှည့်မှုတ်ပေးပါ။

 

 

(၂) လေမှုတ်တဲ့အခါ မှုတ်ချင်သလို မှုတ်တာထက် ရေစိုဆံပင်တွေကို ဘီးအကြဲနဲ့ဖြီးလိုက်ပြီး၊ ဆံပင်အရင်းကနေ အဖျားဘက်ကို ဦးတည်ပြီးမှုတ်ပေးပါ။

 

 

(၃) ဆိုင်တွေမှာ ပုံသွင်းပေးသလို ဘရပ်ရှ်နဲ့ အတင်းဆွဲပြီး dryer နဲ့ မှုတ်တာမျိုးက ဆံသားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အလွယ်လေးပြတ်ထွက်တာ၊

 

 

ကျွတ်တာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် လေမှုတ်တဲ့အချိန်မှာ ဘီးအကြဲနဲ့ပဲဖြီးပေးပါ။

 

 

(၄) ဆံပင်ကို အပိုင်းလေးတွေခွဲပြီး တစ်ပိုင်းချင်း ခြောက်အောင် မှုတ်ပေးတာက ဆံသားပွတ်တိုက်မှုကိုလျော့နည်းစေတာကြောင့် အပျက်အစီးနည်းစေပါတယ်။

 

 

(၅) Hair dryer ကို မျက်နှာနဲ့အရမ်းနီး၊ ခေါင်းနဲ့အရမ်းနီးတဲ့နေရာကနေ မမှုတ်ပါနဲ့။ အနည်းဆုံးတစ်ပေလောက်အကွာကနေမှုတ်ပေးပါ။

 

 

(၆) Dryer နဲ့အခြောက်မခံခင်မှာ တဘက်နဲ့ အချိန်အကြာကြီးပေါင်းထားတာမျိုး မလုပ်ပါနဲ့။ အများဆုံး ၁၅ မိနစ်လောက်ပဲထားပြီး dryer နဲ့မှုတ်ပေးပါ။

 

 

(၇) Dryer နဲ့ အခြောက်မခံခင် ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပေးရင် ဆံပင်ကို ပိုခြောက်သွေ့စေတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ အဲ့ဒါမဟုတ်ပါဘူး။

 

 

Dryer နဲ့ မမှုတ်ခင် ဗီတာမင် အီး၊ အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလေးလိမ်းပြီးမှ dryer နဲ့ မှုတ်ပေးလိုက်မယ်ဆိုရင်

 

 

ဆံပင်လည်း ပုံကျလှပပြီး ဆံပင်လည်း မပျက်စီးတော့ပါဘူး။

 

 

(၈) ဆံပင်ကို dryer နဲ့မှုတ်ပြီးပုံသွင်းပြီးရင် အိမ်ထဲမှာ ၁၀ မိနစ်လောက်နေပြီးမှ အပြင်ထွက်သင့်ပါတယ်။

 

 

ချက်ချင်းအပြင်ထွက်လိုက်မယ်ဆိုရင် ပြင်ပအပူချိန်က ဆံပင်ကို ပိုခြောက်သွေ့စေပြီး အဖျားကွဲတာ၊ပြတ်တာတွေပိုဖြစ်စေနိုင်လို့ပါ။

 

 

(၉) ရေစိုနေတဲ့ ဆံပင်ကို dryer နဲ့ စမှုတ်တော့မယ်ဆိုရင် လေအားနည်းနည်းပျော့တာနဲ့မှုတ်ပါ။

 

 

စိုနေတဲ့ဆံပင်က ပျက်စီးဖို့ပိုလွယ်တာကြောင့် ချက်ချင်းကြီးလေအားပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံသားခြောက်တာ၊ကြမ်းတာကိုပိုဖြစ်စေပါလိမ့်မယ်။

 

 

(၁၀) Dryer ကို သန့်ရှင်းရေးမလုပ်ဘဲ အမြဲသုံးနေမယ်ဆိုရင် ဖုန်တွေပိတ်ဆို့ပြီး ကိုယ်သုံးတဲ့အခါ အဲ့ဒီဖုန်တွေထွက်လာပြီး

 

 

ဦးရေပြားနဲ့ ဆံပင်မှာကပ်ငြိစေပါတယ်။ ဒါကြောင့် dryer ကို ၂ ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

 

 

Source-Anty May

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

ေခါင္းေလွ်ာ္တဲ့အခါ dryer သံုးျပီးအေျခာက္ခံရင္ ဆံပင္ပ်က္စီးမွာစိုးလို႕ ဆိုတာမ်ိဳးေျပာၾကတာကို အျမဲလိုလိုၾကားေနရပါတယ္။

 တကယ္ေတာ့ dryer သံုးတိုင္း ဆံပင္ပ်က္စီးတာမဟုတ္ပါဘူး။ နည္းမွန္လမ္းမွန္ သံုးမယ္ဆိုရင္ ဆံပင္မပ်က္စီးတဲ့အျပင္ bad hair day ဆိုတာလည္

ရွိေတာ့မွာမဟုတ္ပါဘူး။ဒီေတာ့ dryer သံုးတဲ့အခါ ဒီအခ်က္ေလးေတြကို သတိထားေပးဖို႕လိုပါတယ္။

(၁) အပူကိုပဲ အျမဲသံုးမယ္ဆိုရင္ ဆံသားေျခာက္ေသြ႕က်ိဳးေၾကေစျပီး အဖ်ားကြဲတာ၊ျပတ္တာေတြျဖစ္ေစနိုင္လို႕ hair dryer နဲ႕

ဆံပင္အေျခာက္ခံတဲ့အခါ အရင္ဆံုးေလပူနဲ႕မႈတ္ျပီး ေျခာက္ခါနီးျဖစ္သြားရင္ေတာ့ အပူတလွည့္၊အေအးတလွည့္မႈတ္ေပးပါ။

(၂) ေလမႈတ္တဲ့အခါ မႈတ္ခ်င္သလို မႈတ္တာထက္ ေရစိုဆံပင္ေတြကို ဘီးအၾကဲနဲ႕ျဖီးလိုက္ျပီး၊ ဆံပင္အရင္းကေန အဖ်ားဘက္ကို ဦးတည္ျပီးမႈတ္ေပးပါ။

(၃) ဆိုင္ေတြမွာ ပံုသြင္းေပးသလို ဘရပ္ရွ္နဲ႕ အတင္းဆြဲျပီး dryer နဲ႕ မႈတ္တာမ်ိဳးက ဆံသားကို ဆြဲဆန္႕လိုက္သလိုျဖစ္ျပီး အလြယ္ေလးျပတ္ထြက္တာ၊

ကြ်တ္တာမ်ိဳးျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေလမႈတ္တဲ့အခ်ိန္မွာ ဘီးအၾကဲနဲ႕ပဲျဖီးေပးပါ။

 

(၄) ဆံပင္ကို အပိုင္းေလးေတြခြဲျပီး တစ္ပိုင္းခ်င္း ေျခာက္ေအာင္ မႈတ္ေပးတာက ဆံသားပြတ္တိုက္မႈကိုေလ်ာ့နည္းေစတာေၾကာင့္ အပ်က္အစီးနည္းေစပါတယ္။

(၅) Hair dryer ကို မ်က္နွာနဲ႕အရမ္းနီး၊ ေခါင္းနဲ႕အရမ္းနီးတဲ့ေနရာကေန မမႈတ္ပါနဲ႕။ အနည္းဆံုးတစ္ေပေလာက္အကြာကေနမႈတ္ေပးပါ။
(၆) Dryer နဲ႕အေျခာက္မခံခင္မွာ တဘက္နဲ႕ အခ်ိန္အၾကာၾကီးေပါင္းထားတာမ်ိဳး မလုပ္ပါနဲ႕။ အမ်ားဆံုး ၁၅ မိနစ္ေလာက္ပဲထားျပီး dryer နဲ႕မႈတ္ေပးပါ။
 (၇) Dryer နဲ႕ အေျခာက္မခံခင္ ဆံပင္ကို ဆီတစ္မ်ိဳးမ်ိဳးလိမ္းေပးရင္ ဆံပင္ကို ပိုေျခာက္ေသြ႕ေစတယ္လို႕ ထင္ေနၾကပါတယ္။ တကယ္ေတာ့ အဲ့ဒါမဟုတ္ပါဘူး။

Dryer နဲ႕ မမႈတ္ခင္ ဗီတာမင္ အီး၊ အုန္္းဆီ၊ သံလြင္ဆီ စတဲ့ အဆီတစ္မ်ိဳးမ်ိဳးကို ခပ္ပါးပါးေလးလိမ္းျပီးမွ dryer နဲ႕ မႈတ္ေပးလိုက္မယ္ဆိုရင္

ဆံပင္လည္း ပံုက်လွပျပီး ဆံပင္လည္း မပ်က္စီးေတာ့ပါဘူး။

(၈) ဆံပင္ကို dryer နဲ႕မႈတ္ျပီးပံုသြင္းျပီးရင္ အိမ္ထဲမွာ ၁၀ မိနစ္ေလာက္ေနျပီးမွ အျပင္ထြက္သင့္ပါတယ္။

ခ်က္ခ်င္းအျပင္ထြက္လိုက္မယ္ဆိုရင္ ျပင္ပအပူခ်ိန္က ဆံပင္ကို ပိုေျခာက္ေသြ႕ေစျပီး အဖ်ားကြဲတာ၊ျပတ္တာေတြပိုျဖစ္ေစနိုင္လို႕ပါ။

(၉) ေရစိုေနတဲ့ ဆံပင္ကို dryer နဲ႕ စမႈတ္ေတာ့မယ္ဆိုရင္ ေလအားနည္းနည္းေပ်ာ့တာနဲ႕မႈတ္ပါ။

စိုေနတဲ့ဆံပင္က ပ်က္စီးဖို႕ပိုလြယ္တာေၾကာင့္ ခ်က္ခ်င္းၾကီးေလအားျပင္းျပင္းနဲ႕ မႈတ္လိုက္မယ္ဆိုရင္ ဆံသားေျခာက္တာ၊ၾကမ္းတာကိုပိုျဖစ္ေစပါလိမ့္မယ္။

(၁၀) Dryer ကို သန္႕ရွင္းေရးမလုပ္ဘဲ အျမဲသံုးေနမယ္ဆိုရင္ ဖုန္ေတြပိတ္ဆို႕ျပီး ကိုယ္သံုးတဲ့အခါ အဲ့ဒီဖုန္ေတြထြက္လာျပီး

ဦးေရျပားနဲ႕ ဆံပင္မွာကပ္ျငိေစပါတယ္္။ ဒါေၾကာင့္ dryer ကို ၂ ပတ္တစ္ၾကိမ္ေလာက္ သန္႕ရွင္းေရးလုပ္ေပးဖုိ႕ လိုပါတယ္။

Source-Anty May

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 25 February 2020 16:40
Rate this item
(0 votes)
Tagged under