ဦးရေပြားနဲ့ဆံကေသာပြသနာတွေအတွက် အိမ်တွင်းကုထုံး....

ဦးရေပြားနဲ့ဆံကေသာပြသနာတွေအတွက် အိမ်တွင်းကုထုံး.... google

အားလုံးပဲမင်္ဂလာပါရှင်။ဆံကေသာဟာလူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်တာကြောင့်ဆံကေသာကျန်းမာလှပနေဖို့အရေးကြီးပါတယ်။

 

ဒါကြောင့် ဒီနေ့လေးမှာ ဦးရေပြားပြသနာတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိတဲ့ အိမ်တွင်းကုထုံးလေးတစ်ခုကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ဝေမျှပေးချင်ပါတယ်နော်။

 

ပထမဦးစွာရှားစောင်းလက်ပတ်၃ခက်လောက်ကိုအနေတော်အတုံးလေးတွေတုံးပါ။

 

အုန်းဆီစစ်စစ်(၁၀)သားကိုမီးဖိုပေါ်တင်အပူပေးပြီးရှားစောင်းလက်ပတ်တုံးတွေထည့်ပြီးမွှေ(ကြော်)ပေးပါ။ရှားစောင်းလက်ပတ်ခပ်ဝါဝါအရောင်သို့ပြောင်းလာပြီဆိုရင်ဇကာနဲ့စစ်ပြီးဆီပဲယူထားပါ။

 

ကြက်သွန်ဥနီအနေတော်(၂)လုံးကိုထောင်း(သို့)Belender နဲ့ကြိတ်ပြီးပိတ်ဖြူစနဲ့အရည်ညှစ်ချကာခုနကအအေးခံထားတဲ့ဆီထဲကြက်သွန်ဥနီအရည်လောင်းထည့်ပါ။

 

ရေမချိုးခင်ဦးရေပြားကိုနှိပ်နှယ်ရင်းခပ်ရွှဲရွှဲလိမ်းပေးပါ။မိနစ်(၂၀)လောက်ခဏထားပြီးခေါင်းလျှော်ချလိုက်ပါ။ဆံပင်ခြောက်တာနဲ့ကိုယ့်ဆံပင်ကဆံသားပျော့အိအိအရသာလေးကိုကထူးခြားနေပါလိမ့်မယ်။

 

(၂)ခါ(၃)ခါလုပ်ကြည့်ရုံနဲ့ဆံပင်ထူထူသိပ်သိပ်ပြန်ဖြစ်လာပြီးဆံပင်ကျွတ်တာ၊နှစ်ခွဖြစ်တာ၊ထိပ်ပြောင်တာ၊ဆံပင်ဖြူနေရာကပြန်လည်နက်မှောင်လာတာစတာတွေကိုလက်တွေ့ တွေ့မြင်ရမှာဖြစ်ပါတယ်နော်။

 

Reference-quora.com

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

al

 


 

al1

 


 

al3

 


 


 

Reference-quora.com

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 13 February 2020 16:15
Rate this item
(0 votes)
Tagged under