အလှအပရေးရာမှာဆရာတစ်ဆူလို့တင်စားကြရတဲ့ အုန်းဆီ

အလှအပရေးရာမှာဆရာတစ်ဆူလို့တင်စားကြရတဲ့ အုန်းဆီ Google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အလှအပရေးရာမှာဆရာတစ်ဆူလို့တင်စားကြရတဲ့အုန်းဆီရဲ့သဘာဝအကျိုးအာနိသင်တွေကိုဖော်ပြပေးချင်ပါတယ်။

 

 

မြန်မာလူမျိုးတွေဟာ ရှေးယခင်ကတည်းက ဆံကေသာထိန်းသိမ်းတဲ့နေရာမှာ အုန်းဆီကိုမပါမဖြစ်အနေနဲ့သုံးစွဲလာကြတာဖြစ်ပါတယ်။

 

 

ဒါပေမယ့်အုန်းဆီမှာဦးရေပြားကိုအေးမြစေပြီးဆံကေသာကိုနက်မှောင်တောက်ပစေတယ်ဆိုတာထက်ပိုတဲ့ အစွမ်းပကားတွေရှိနေပါသေးတယ်။

 

 

အုန်းဆီဟာ အလှအပအတွက်သာမက အစာခြေအားပိုမိုကောင်းမွန်စေခြင်း၊ ရောဂါကူးစက်မှုကိုတိုက်ဖျက်ပေးနိုင်ခြင်းနှင့်ဇီဝဖြစ်စဉ်များကိုတိုးပွားစေခြင်း စတဲ့ကျန်းမာရေးကိုလည်းအထောက်အကူပြုနိုင်တဲ့အကျိုးအာနိသင်တွေရှိပါသေးတယ်။

 

 

အုန်းဆီဟာ ဖက်တီးအက်ဆစ် နဲ့အန်တီအောက်ဆီဒင့် တွေပေါများစွာပါဝင်တာဖြစ်လို့အရေပြားနဲ့ဆံပင်ပျက်စီးမှုကိုကာကွယ်ပေးပြီးအရေပြားဓာတ်မတည့်ခြင်း၊အရေပြားရောင်ရမ်းခြင်းနှင့်တုပ်ကွေးရောဂါများကိုတိုက်ဖျက်နိုင်ပါတယ်။

 

 

အုန်းဆီသည် Lauric အက်ဆစ်ပါဝင်မှုအများဆုံးအရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။

 

 

အစိုဓာတ်ထိန်းပေးနိုင်ခြင်းနှင့်ဟော်မုန်းထိန်းညှိပေးခြင်းစတဲ့ဂုဏ်သတ္တိများအပြင် အိုမင်းရင့်ရော်မှုနှင့်အရေပြားကုသမှုစွမ်းရည်အတွက် ကော်လာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပါတယ်။

 

 

ဗီတာမင်အီးပါဝင်မှုကြောင့်လည်း အရေပြားကိုနေရောင်ခြည်ဒဏ်မှကာကွယ်ပေးပါတယ်။ဆံကေသာထိန်းသိမ်းမှုအတွက် အုန်းဆီအသုံးပြုခြင်းကလည်း အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး ပရိုတင်းဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။

 

 

ဒါ့အပြင်ဆံပင်ကျွတ်ခြင်း၊ဆံသားခြောက်သွေ့ခြင်း၊ဦးရေပြားယားယံခြင်း၊ နှုတ်ခမ်းသားခြောက်သွေ့ခြင်းနှင့်လက်သည်းကျိုးလွယ်ခြင်းများကိုကာကွယ်ပေးနိုင်တာမို့ အခုလိုဆောင်းရာသီအတွက်ကွက်တိပဲပေါ့။

 

 

Reference:dermstore.com

 

 

 

Zawgyi ဖြင့်ဖတ်ရန်

 

 


 


 


 


 

ske5

 


 


 

ske7

 


 

ske8

 

 


 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 06 February 2020 11:45
Rate this item
(0 votes)
Tagged under