မင်္ဂလာဝတ်စုံနှင့် အလှပြင်ခြင်းအတွက် ကုန်ကျစရိတ်များ

မင်္ဂလာဝတ်စုံနှင့် အလှပြင်ခြင်းအတွက် ကုန်ကျစရိတ်များ

ဝတ်စုံနှင့် အလှပြင်ခြင်းအတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်

၃ သိန်းခွဲမှ ကျပ် ၁၀ သိန်းအထက် ရှိကြောင်း သိရပါတယ်။

တစ်ခုချင်းမှာယူသူများအတွက် သတို့သမီးဝတ်စုံငှားမယ်ဆိုရင် ကျပ် ၁ သိန်းခွဲမှ ကျပ် ၅ သိန်းရှိပြီး သတို့သမီး ၀တ်စုံအပိုင်ဝယ်ယူချင်သူများအတွက် ကျပ် ၁ သိန်းခွဲမှ ကျပ် ၉ သိန်းအထိရှိကြောင်း သိရပါတယ်။

သတို့သားဝတ်စုံ (တောင်ရှည်၊ တိုက်ပုံ၊ ခေါင်းပေါင်း) ငှားမယ်ဆိုရင် ကျပ် ၃ သောင်းခွဲမှ ကျပ် ၅ သောင်းအထိရှိကြောင်း သိရပါတယ်။

သတို့သမီး ဆိုင်တွင် မိတ်ကပ်ပြင်ဆင်ခြင်းအတွက် ကျပ် ၈ သောင်းနှင့် ဟိုတယ်တွင် ပြင်ဆင်ခြင်းအတွက် ကျပ် ၁ သိန်းခွဲရှိကြောင်း သိရပါတယ်။ သတို့သမီး သစ်ခွပန်းအစစ်ပန်မယ်ဆိုရင် ကျပ် ၁ သောင်းခွဲ ကုန်ကျမှာဖြစ်ပါတယ်။

အရန်ပန်းကြဲနှင့် ဗန်းကိုင် တစ်ဦးချင်းစီအတွက် ကျပ် ၃ သောင်း ကုန်ကျမှာဖြစ်ပြီး လက်ဝတ်ရတနာ ၁ ဆင်စာအတွက် ငှားရမ်းခမှာ ကျပ် ၃ သောင်း၊ ကျပ် ၅ သောင်းနှင့် ကျပ် ၁ သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

သတို့သမီးလက်ကိုင်ပန်းအရှည်အတွက် ကျပ် ၂ သောင်းနှင့် လက်ကိုင်ပန်းအ၀ိုင်းနှင့် ပန်းခြင်းအတွက်မှာ ကျပ် ၁ သောင်းခွဲရှိကြောင်းသိရပါတယ်။

ကလေးကိုင်ပန်းခြင်းအတွက် ကျပ် ၈ ထောင်၊ ပန်း Crown အတွက် ကျပ် ၈ ထောင် နှင့် သတို့သားနှင့် သတို့သမီးရင်ကပ်ပန်းအတွက် ကျပ် ၅ ထောင် ကျသင့်မည်ဖြစ်ပါတယ်။

ရင်ကပ်ပန်းရိုးရိုးတစ်ယောက်စာအတွက် ကျပ် ၁၀၀၀ နှင့် လူအရေအတွက်ပေါ်မူတည်၍ ကုန်ကျမှာဖြစ်ပြီး အရန်လက်ကိုင်ပန်းအတွက် ကျပ် ၁ သောင်း ကျသင့်မှာဖြစ်ပါတယ်။

အရန်ဝတ်စုံအမျိုးသမီးအတွက် ငှားမယ်ဆိုရင် ကျပ် ၂ သောင်းခွဲမှ ကျပ် ၃ သောင်းခွဲအထိရှိပြီး၊ အရန်ဝတ်စုံ အမျိုးသားအတွက် ငှားရမ်းခမှာ ကျပ် ၁ သောင်းခွဲမှ ကျပ် ၂ သောင်းအထိရှိကြောင်း သိရပါတယ်။ အရန်များအတွက် သစ်ခွပန်းအစစ်ပန်မယ်ဆိုရင် ကျပ် ၅ ထောင် ကျသင့်မှာဖြစ်ပါတယ်။

အရန်အမျိုးသမီးရတနာငှားရမ်းခ ၁ ဆင်စာအတွက် ကျပ် ၇ ထောင်မှ ကျပ် ၃ သောင်းအထိရှိကြောင်း သိရပါတယ်။

အောင်စံပယ်ပန်းကုံးနှင့် ကြဲပန်းအတွက် ကျပ် ၂ သောင်းနှင့် ကားအလှဆင်ခြင်းအတွက် ကျပ် ၂ သောင်းမှ ကျပ် ၃ သောင်း ကျသင့်မှာဖြစ်ပါတယ်။

ကလပ်၊ ဖလား၊ ဗန်းငှားရမ်းခမှာ ကျပ် ၃ ထောင်မှ ကျပ် ၈ ထောင်အထိကြောင်း သိရပါတယ်။ သတို့သား၊ သတို့သမီးအတွက် မင်္ဂလာကားကိုလည်း ငှားရမ်းနိုင်ကြောင်း သိရပါတယ်။

New World

Wedding Dress & Beauty Spa

Ladies & Gentlemen

9:00 am to 9:00 pm

အမှတ် ၂၇၂၊ အခန်း (၁)၊ ရန်အောင်လမ်းသွယ် (၆)၊ (၂) ရပ်ကွက်၊ ရန်ကင်း။

၀၉-၅၀၈၇၄၇၂၊ ၀၉-၃၃၃၂၂၆၆၆

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(1 Vote)