ပျားရည်ဆမ်းခရီးထွက်ရန်အတွက် အကောင်းဆုံးအကြံပြုချက်များ

ပျားရည်ဆမ်းခရီးထွက်ရန်အတွက် အကောင်းဆုံးအကြံပြုချက်များ google.com

အောက်ပါအချက်များကို သုံးသပ်လေ့လာကြည့်ခြင်းဖြင့် သင်တို့ မင်္ဂလာဦးဇနီးမောင်နှံအတွက်

ပြီးပြည့်စုံတဲ့ ပျားရည်စမ်းခရီးတစ်ခုကို ဖန်းတီးနိုင်မှာဖြစ်ပါတယ်။

 

ခရီးသွားရင်လိုအပ်မယ့် အသုံးအဆောင်များ၊ အစားအသောက်များနှင့် သွားရောက်လည်ပတ်မည့်နေရာများတွင် ဘယ်ဟိုတယ်၊ ဘယ်လေယာဉ်လိုင်းနဲ့ ဘယ်လိုကားမျိုးကို ငှားမယ်ဆိုတာရယ် စတာတွေကို ကြိုတင်စဉ်းစားထားပါ။

 

၎င်းအပြင် အခြားလိုအပ်မယ့် အသေးအဖွဲ ကိစ္စများအတွက် ကုန်ကျနိုင်မည့် စရိတ်စကများအတွက်ပါ ထည့်သွင်းစဉ်းစားထားပါ။

 

မျှော်မှန်းမထားသော အသေးသုံးများဖြစ်သည့် ဝင်ကြေးများ၊ တက္ကစီခများအတွက် ကြိုတင်စဉ်းစား ထည့်သွင်းမထားသဖြင့် သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုသွားသဖြင့် ပျော်ရွှင်စရာအိပ်မက်ခရီးလေး ဖြစ်မလာပဲ ငွေကြေးမလောက်မငဖြင့် စိတ်ထင့်နေရသော ခရီးတစ်ခုဖြစ်သွားနိုင်ပါတယ်။

 

ထို့အတူ အိမ်အပြန်လက်ဆောင်တွေဝယ်ဖို့၊ လမ်းမှာတွေ့တဲ့ စားချင့်စဖွယ် အစားအသောက်တွေတွေ့ရင် ဝယ်စားဖို့အတွက်ပါ ထည့်သွင်းတွက်ချက်ထားပါ။

 

သင်တို့ဇနီးမောင်နှံသွားမယ့်ခရီးဟာ နိုင်ငံရပ်ခြားဆိုရင် ကွန်ပျူတာအသစ်တစ်လုံးကဲ့သို့ ပိုက်ဆံခပ်များများနဲ့ပေးပြီးဝယ်ရတဲ့ပစ္စည်းများအတွက်ပါ ထည့်သွင်းထားပါ။

 

ထို့အတူလေယာဉ်ခရီးစဉ်တွင် သယ်ဆောင်ခွင့်ရှိသည့် သတ်မှတ်ခရီးဆောင်အိတ် အလေးချိန်တွေကအစ ကြိုတင်စုံစမ်းထားပါ။

 

အလေးချိန်ပိုနိုင်ပါက အပိုကြေးမည်မျှပေးရမည်ဆိုသည်ကိုပါ စုံစမ်းထားပါ။

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(1 Vote)