စိတ်ဝင်စားဖွယ် ပရိုမိုးရှင်း အစီအစဉ်များနဲ့ ROMANCE BY MELIÁ

စိတ်ဝင်စားဖွယ် ပရိုမိုးရှင်း အစီအစဉ်များနဲ့ ROMANCE BY MELIÁ

Meliá Yangon Hotel ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမောင်နှံတွေရဲ့ခမ်းနားတဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။

မင်္ဂလာမောင်နှံတွေရဲ့ ယုံကြည်မှုနဲ့ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲအခမ်းအနားများမှာ Meliá Yangon Hotel ရဲ့ကျွမ်းကျင်တဲ့ Wedding Team ကနေ မင်္ဂလာဆောင်တစ်ခုချင်းစီကို ထူးခြားဆန်းသစ်စွာဖြင့် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နှစ်နှစ်အတွင်း ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့် မင်္ဂလာမောင်နှံများရဲ့ ယုံကြည်မှုများကိုထပ်မံရရှိခဲ့ပြီး မင်္ဂလာပွဲအခမ်းအနား မြောက်မြားစွာကို လက်ခံရရှိထားပြီးလည်း ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ခမ်းနားလှပတဲ့ Meliá Yangon Hotel ရဲ့ Wedding Package တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

Meliá Yangon Hotel ရဲ့ လှပခမ်းနားစွာတည်ဆောက်ထားတဲ့  Grand Ballroom ထဲမှာ မိမိစိတ်တိုင်းကျ မင်္ဂလာပွဲကို လူဦးရေ အနည်းဆုံး ၃၀၀ ကျော်မှ အများဆုံး ၆၀၀ ကျော်အထိ ကျင်းပဧည့်ခံနိုင်မှာ ဖြစ်ပါတယ်။ ခန်းမအတွင်း မင်္ဂလာစင်မြင့်၊ မင်္ဂလာလျှောက်လမ်း၊ ခန်းမအဝင် ပန်းအပြင်အဆင်များ ပါဝင်ပါတယ်။ ပရိုဂျက်တာ အခမဲ့အသုံးပြုခွင့်၊ မင်္ဂလာကိတ်၊ မိတ်ကပ်ခန်း အသုံးပြုခွင့်တွေလည်းပါဝင်ပါတယ်။

 

Melia Yangon Ballroom Chinese Wedding min 1

 

ဧည့်ခံ ကျွေးမွေးရေးအတွက် Meliá Yangon Hotel မှာ Tea Reception နဲ့ Dinner Reception ဆိုပြီး Wedding Package အမျိုးအစား ()မျိုး ရှိပါတယ်။ Tea Reception မှာဆိုရင် Romance in Style – တစ်ဦးလျှင် ၁၉ ဒေါ်လာ၊ Romance in Elegence – တစ်ဦးလျှင် ၂၁ ဒေါ်လာ၊ Romance in Glamour – တစ်ဦးလျှင် ၂၃ ဒေါ်လာ အစရှိသဖြင့် ဧည့်သည်များမှ မုန့် (၃မျိုး/၄မျိုး/၅မျိုး) နှစ်သက်ရာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

 

Dinner Reception အနေနဲ့ကတော့ တစ်ဦးလျှင် ၄၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Chinese Set Menu/Asian Set Menu /Western Set Menu  များကို နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ Menu ရွေးချယ်ရာမှာ Food Tasting အနေနဲ့ ၆ဦးစာ မြည်းစမ်းသုံးဆောင် ရွေးချယ်ခွင့် ပေးမှာဖြစ်ပါတယ်။ ဒီ Package တွေအပြင် တစ်ဦးလျှင် ၈၀ ဒေါ်လာ ကျသင့်မည်ဖြစ်သော The Eternal Romance Dinner Package လည်းရှိပါတယ်။ ဒီ Package မှာတော့ Chinese Set Menu/Asian Set Menu/Western Set Menu များမှ နှစ်သက်ရာ ရွေးချယ်နိုင်သည့်အပြင် Soft Drink, Beer and House Wine တို့ကို စိတ်ကြိုက် သောက်သုံးခွင့် ပါဝင်ပါတယ်။ The Eternal Romance Dinner Package မှာ Unique Pre Wedding Photo ရိုက်ကူးခွင့်ပါ ထပ်ဆောင်းပါဝင်မှာ ဖြစ်ပါတယ်။

 

Meliá Yangon Hotel မှာ လာရောက် စုံစမ်းသူများအတွက် ဟိုတယ်ရဲ့ Wedding Package များကို ရှင်းပြပေးရုံသာမကပဲ မင်္ဂလာပွဲအတွက် အရေးကြီးတဲ့ မိတ်ကပ် နှင့် မင်္ဂလာဝတ်စုံ၊ မင်္ဂလာအခမ်းအနားမှူးများ၊ ဓါတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးခြင်းများ၊ Music Band အစရှိတဲ့ အခြားလိုအပ်သော ဝန်ဆောင်မှုများကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုရွေးချယ်စရာ Wedding Package မျိုးစုံရှိပြီး ခမ်းနားထည်ဝါ တဲ့ Meliá Yangon Hotel ရဲ့ မင်္ဂလာခန်းမကြီးမှာ သင့်စိတ်ကူးအိမ်မက်ထဲက မမေ့နိုင်စရာ မင်္ဂလာနေ့လေးတစ်ခုကို လာရောက်အကောင်အထည်ဖော်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

 

ဒီနေရာမှာ သတင်းကောင်းလေးတစ်ခု ပေးစရာ ရှိပါသေးတယ်။ အဲ့ဒါကတော့ Meliá Yangon Hotel ရဲ့ Grand Ballroom မှာ မင်္ဂလာပွဲကျင်းပတဲ့ မင်္ဂလာမောင်နှံအတွက် ပွဲကျင်းပသည့်နေ့မှ တစ်လအတွင်း Premium Lake view  မှာ တစ်ညတာတည်းခိုခွင့်နဲ့ The Market All Day Dinning Restaurant မှာ မနက်စာ သုံးဆောင်ခွင့်တို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် အောက်တိုဘာလအကုန်အထိ အထူးပရိုမိုးရှင်းတွေလည်း ရှိသေးတာကြောင့် မင်္ဂလာမောင်နှံတို့အတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

 

 ဒီလို ထူးခြားတဲ့ အစီအစဉ်တွေအတွက် Meliá Yangon Hotel ရဲ့ Ground Floor မှာ ရှိတဲ့ Banquet Showroom သို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ ဖုန်း ၀၁ ၉၃၄၅၀၀၀ (သို့) This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်းဖို့ ဖိတ်ခေါ်ပါတယ်။မင်္ဂလာမောင်နှံတို့လည်း မိမိတို့ရဲ့လှပသော မင်္ဂလာအိပ်မက်များကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Tuesday, 25 September 2018 10:46
Rate this item
(1 Vote)