ကျောက်ဆည်ဓမ္မာရုံ

ကျောက်ဆည်ဓမ္မာရုံ

ကျောက်ဆည်ဓမ္မာရုံသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ယုဇနဟိုတယ်အနီးတွင်

တည်ရှိပါတယ်။

ယင်းနေရာတွင် ဘာသာရေးနှင့်ပတ်သက်သောသင်တန်းများ၊ မွေးနေ့မင်္ဂလာများနှင့် မင်္ဂလာဧည့်ခံပွဲများကို ကျင်းပရာ နေရာတစ်ခုဖြစ်ပါတယ်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၁ နာရီထိတစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီထိတစ်ချိန်၊ ကြိုက်နှစ်သက်ရာ အချိန်တွင် မင်္ဂလာဧည့်ခံပွဲကို ကျင်းပနိုင်ပါတယ်။

မင်္ဂလာခန်းမကြေးအတွက် ကျပ် ၈ သောင်းကုန်ကျမှာဖြစ်ပါတယ်။ မင်္ဂလာအကျွေးအမွေးကို ထောပတ်ထမင်း (သို့မဟုတ်) ဒံပေါက် (သို့မဟုတ်) ကြက်ဆီထမင်းနှင့် ထူးရေခဲမုန့်အပါအ၀င် ဧည့်သည်အယောက် ၂၂၀ အတွက်ကို ကျပ် ၇ သိန်းကျော် ကုန်ကျမှာဖြစ်ပါတယ်။

kks

မင်္ဂလာအခမ်းအနားအပြင်အဆင်များ၊ မင်္ဂလာသီချင်းဖွင့်လှစ်ပေးခြင်း၊ နောက်ခံစာတမ်းရေးထိုးခြင်း၊ ပန်းအလှပြင်ဆင်ခြင်းနှင့် အကျွေးအမွေးအတွက် ၀န်ဆောင်မှုများကို ဓမ္မာရုံရှိ ၀န်ထမ်းများမှ အခကြေးငွေ ထပ်ပေးစရာမလိုဘဲ ၀န်ဆောင်မှုပေးကြောင်း သိရပါတယ်။

ဧည့်သည်များ ကားပါလာလျှင်လည်း ကားပါကင်လည်းရှိသောကြောင့် အဆင်ပြေကြောင်း သိရပါတယ်။

 

ယုဇနဟိုတယ်၊ အုတ်လမ်းမှတ်တိုင်အနီး၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၄၄၈၀၀၆၈၄၆၊ ၀၉-၂၅၄၄၁၇၃၀၃၊ ၀၉-၂၅၄၅၁၆၁၄၄

 

Read times Last modified on Tuesday, 18 September 2018 14:47
Rate this item
(0 votes)