Judson Church

Judson Church

Judson Church သည် ရန်ကုန်မြို့၊ ပြည်လမ်းမကြီး၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲတွင်

တည်ရှိပါတယ်။

Judson Church တွင် ခရစ်ယာန်ဘာသာဝင်များသာ မင်္ဂလာဆောင်ခွင့်ရှိသော နေရာတစ်နေရာဖြစ်ပါတယ်။

ယင်းနေရာတွင် မင်္ဂလာပွဲကျင်းပမည့်အချိန် နှစ်ချိန်သာ သတ်မှတ်ထားပါတယ်။ မနက် ၉ နာရီမှ ၁၂ နာရီထိ တစ်ချိန်၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီထိ တစ်ချိန် ကျင်းပနိုင်ပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ကိုတော့ မိမိအစီအစဉ်ဖြင့် နောက်ခံစာတမ်းရေးထိုးခြင်း၊ ပန်းအလှပြင်ဆင်ခြင်းတို့ကို ပြုလုပ်ရပါမယ်။

Judson Church ကျောင်းတွင် ဧည့်သည်အယောက် ၃၀၀ ထိ ဆန့်ပြီး မင်္ဂလာခန်းမကြေးအတွက် ကုန်ကျစရိတ်မှာ ကျပ် ၁ သိန်း ၈ သောင်း ကျပ် ပေးရမှာဖြစ်ပါတယ်။

မင်္ဂလာအကျွေးအမွေးကို မိမိအစီအစဉ်ဖြင့် ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း၊ Snack တို့ကို အပြင်မှ မှာယူ၍ စီစဉ်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ကျွေးမွေးဧည့်ခံပွဲတွင်လည်း ကိုယ့်လူဖြင့်သာ စီစဉ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

ကားပါကင်အတွက် စိတ်ပူစရာမလိုပါ။ ကားရပ်နားဖို့အတွက် နေရာကျယ်ဝန်းပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်း၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၃၆၅၇၀၊ ၀၁-၅၃၈၅၀၉၊ ၀၉-၄၄၈၀၀၄၅၃၂

Read times Last modified on Tuesday, 18 September 2018 14:45
Rate this item
(1 Vote)