မြန်မာနိုင်ငံ ဆရာဝန်များအသင်း

မြန်မာနိုင်ငံ ဆရာဝန်များအသင်း

မြန်မာနိုင်ငံ ဆရာဝန်များအသင်းသည် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိပါတယ်။

 

ယင်းနေရာတွင် စေ့စပ်ပွဲများ၊ မင်္ဂလာပွဲများ၊ ကုမဏီဧည့်ခံပွဲများ၊ မွေးနေ့ပွဲများ၊ အာစရိယပူဇော်ပွဲများကိုလည်း ကျင်းပနိုင်ပါတယ်။

 

ထိုနေရာတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ ပြုလုပ်လျှင် ဧည့်သည်အယောက် ၃၀၀ ဆန့်ကြောင်း သိရပါတယ်။

 

မင်္ဂလာခန်းမကြေးအဖြစ် ခြောက်သိန်းနှစ်သောင်းကျတိတိကို ပေးချေရပါမယ်။ ပွဲမကျင်းပခင် နှစ်လအလိုမှစ၍ ကြိုတင်စရံငွေ ငါးသိန်းကျပ်ပေးချေရပါမယ်။

 

ယင်းနေရတွင် မင်္ဂလာပွဲကိုတစ်နေ့လျှင် နှစ်ချိန်သာ ကျင်းပနိုင်ကြောင်းသိရပါတယ်။ မနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ အထိတစ်ချိန်၊ ညနေ ၅ နာရီမှ ည ၈ နာရီအထိ တစ်ချိန်ကျင်းပနိုင်ကြောင်း သိရပါတယ်။

 

မင်္ဂလာခန်းမကြေးထဲတွင် မင်္ဂလာခန်းမအပြင်အဆင်၊ စာတမ်းထိုးခြင်း၊ စားပွဲ၊ ကုလားထိုင်အစရှိတို့ ပါဝင်ရမှာဖြစ်ပါတယ်။

 

ဧည့်သည်အတွက် အကျွေးအမွေးကို အပြင်မှမှာယူရမည်ဖြစ်ပြီး အကျွေးအမွေးအပြင်အဆင်အတွက်လည်း အပြင်မှ မိမိအစီအစဉ်ဖြင့် စီမံရမှာဖြစ်ကြောင်းသိရပါတယ်။

 

ယင်းခန်းမတွင် မင်္ဂလာဆောင်လျှင် ကားပါကင်အတွက်လည်း အဆင်ပြေကြောင်း သိရပါတယ်။

 

အမှတ် ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

၀၁-၃၇၈၈၆၃

Read times Last modified on Tuesday, 18 September 2018 14:43
Rate this item
(2 votes)