မင်္ဂလာအခမ်းအနားအပြင်အဆင် ဈေးနှုန်းများ

မင်္ဂလာအခမ်းအနားအပြင်အဆင် ဈေးနှုန်းများ

မင်္ဂလာပွဲတစ်ခုလုပ်မယ်ဆိုရင် တတ်နိုင်သော ငွေကြေးအပေါ်တွင် မူတည်ပြီး အ ခမ်းအနား အပြင်အဆင် ကွာခြားကြပါတယ်။

အခမ်းအနားလုပ်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်း မတူကြပေ။ တချို့ကမူ တကယ့်ပန်းအစစ်ဖြင့် ပြုလုပ်ထားသော ပန်းအချပ်၊ ပန်းတိုင်၊ ပန်းခြင်း၊ ပန်းအလှခိုင်များ ပြုလုပ်ကြပြီး တချို့ကတော့ ပန်းအစား ပလတ်စတစ်ပန်း၊ စက္ကူပန်း၊ ဘောလုံးများဖြင့် မင်္ဂလာခန်းမကို အလှဆင်ကြပါတယ်။

 

မင်္ဂလာဧည့်ခံပွဲဆင်ယင်ကျင်းပရာတွင် အ၀င်ဝနဲ့ အတွင်းပိုင်း လှပအောင် ပန်းအစစ်နဲ့ ဘောလုံးများကို ဒီဇိုင်းပုံစံဖော်ပြီး မင်္ဂလာခန်းမကို ပြင်ဆင်ကြလေ့ရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ ကုန်ကျငွေပေါ်မူတည်ပြီး ခန်းမဒီဇိုင်းများ ကွဲပြားလေ့ရှိသလို၊ ပန်းအစစ်နဲ့ ဘောလုံးတို့ဖြင့် ပုံစံဖော်ရာတွင်လည်း ဈေးနှုန်းအနည်းအများ ကွာခြားပါတယ်။ မိမိတို့ ကြိုက်နှစ်ရာ ပန်းအမျိုးအစားနှင့် အရောင်ကို ရွေးချယ်နိုင်ပါတယ်။ တချို့မင်္ဂလာခန်းမ ဒီဇိုင်းပြင်ဆင် သူများက စက္ကူပန်းကို ဒီဇိုင်းလုပ်ပြီး ပုံဖော်ပေးလေ့ရှိပါတယ်။ ဈေးနှုန်းကတော့ ပန်းအပွင့် အနည်းအများ ပေါ်တွင် မူတည်ပါတယ်။

 

ပန်းဖြင့် မင်္ဂလာခန်းမကို အလှဆင်ရာတွင် အနည်းဆုံး ကျပ် ၂ သိန်း မှ ကျပ် ၅ သိန်း ခန့် ကုန်ကျပါတယ်။ ဘောလုံးကလေးများဖြင့် မင်္ဂလာခန်းမကို အလှဆင်ရာတွင် ကျပ် ၆ သောင်းကျော်မှ ကျပ် ၁ သိန်းကျော်အထိ ရှိပါတယ်။

 

ပြီးပြည့်စုံသော မင်္ဂလာခန်းမများတွင် ပန်းအစစ်နဲ့ မင်္ဂလာခန်းမကို ပုံစံဖော်ရာတွင် ကျသင့်သော ဈေးနှုန်းမှာ-

 

- Backdrop pillar ၄ တိုင်ကို ကျပ် ၄ သိန်းကျပ်ခန့်

 

- Middle အချပ်ကို ကျပ် ၈သိန်း ခန့်

 

- ပန်းတန်းအရှည် ပေ ၂၀ကို ကျပ် ၆ သိန်း ခန့်

 

- အ၀င်ဝ ပန်းအမိုးကို ကျပ် ၅ သိန်း ခန့်

 

- လျှောက်လမ်းပန်း ၁ တိုင်ကို ကျပ် ၆ သောင်း ခန့်

Read times Last modified on Wednesday, 19 September 2018 15:27
Rate this item
(1 Vote)