Chatrium Hotel Royal Lake Yangon ၏ ၀ါကျွတ်မေတ္တာလက်ဆောင်အစီအစဉ်

Chatrium Hotel Royal Lake Yangon ၏ ၀ါကျွတ်မေတ္တာလက်ဆောင်အစီအစဉ်

Chatrium Hotel Royal Lake Yangon တွင် မင်္ဂလာဆောင်ခြင်းဖြင့် တစ်သက်တာ မေ့မရနိုင်သော ပျော်ရွှင်မှု အမှတ်တရများကို ရရှိစေမှာဖြစ်ပါတယ်။

 

ဟိုတယ်တွင် စေ့စပ်ပွဲများ၊ နှစ်ပတ်လည်အခမ်းအနားများ၊ ကလေးမွေးနေ့ပွဲများလည်း ကျင်းပနိုင်ပါတယ်။ Chatrium Grand Ballroom တွင် လူဦးရေ ၄၀၀ ဆန့်ပြီး Ngapali Pool Garden တွင် လူဦးရေ ၇၀၀ ထိ ဆန့်ကြောင်း သိရပါတယ်။

 CHRY Wedding set up at Ballroom

၂၀၁၇ ခုနှစ် ချက်ထရီယမ်ဟိုတယ်၏ အထူးမေတ္တာလက်ဆောင် ၁၀% လျှော့ဈေးကို ရယူပြီး လူကြီးမင်းတို့၏ စေ့စပ်ပွဲ၊ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ၊ မင်္ဂလာဧည့်ခံပွဲ၊ ညစာစားပွဲနှင့် မင်္ဂလာနှစ်ပတ်လည်ပွဲများအတွက် သာမက Weekdays ကြားရက်များတွင် မင်္ဂလာပွဲကျင်းပမည့်သူများအတွက်လည်း အခြားနှစ်လိုဖွယ်ရာ အထူးအခွင့်အရေးများ စီစဉ်ထားသောကြောင့် မင်္ဂလာရက်မြတ်ရွေးချယ်ပြီး ဘိုကင်တင်နိုင်ပါတယ်။

 CHRY Wedding set up at pool 13

ဟိုတယ်၏ Package ဈေးနှုန်းများမှာ -

 

Tea Reception @ Grand Ballroom

 

Lily Package တွင် ကြိုက်နှစ်သက်ရာမုန့် ၃ မျိုး၊ ရေခဲမုန့်၊ လက်ဖက်ရည်၊ ကော်ဖီ တို့ ပါဝင်ပြီး တစ်ယောက်ကုန်ကျစရိတ် ၂၀,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Lotus Package တွင် ကြိုက်နှစ်သက်ရာမုန့် ၄ မျိုး၊ ရေခဲမုန့်၊ လက်ဖက်ရည်၊ ကော်ဖီ တို့ ပါဝင်ပြီး တစ်ယောက်ကုန်ကျစရိတ် ၂၁,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Daffodil Package တွင် ကြိုက်နှစ်သက်ရာမုန့် ၅ မျိုး၊ ရေခဲမုန့်၊ လက်ဖက်ရည်၊ ကော်ဖီ တို့ ပါဝင်ပြီး တစ်ယောက်ကုန်ကျစရိတ် ၂၂,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Brunch Reception @ Grand Ballroom

 

Orchid Package တွင် နံနက်စာ (Hi Tea Menu) တစ်ယောက်ကုန်ကျစရိတ် ၂၅,၀၀၀ ကျပ် ပါတယ်။

 

Dinner/Lunch Reception @ Grand Ballroom (or) Pool Garden

 

Jasmine Package တွင် မြန်မာအစားအစာ (သို့မဟုတ်) တရုတ်အစားအစာ (သို့မဟုတ်) နိုင်ငံတကာဘူဖေးအတွက် တစ်ယောက်ကုန်ကျစရိတ် ၄၃,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Tulip Package တွင် မြန်မာအစားအစာ (သို့မဟုတ်) တရုတ်အစားအစာ (သို့မဟုတ်) နိုင်ငံတကာဘူဖေးအတွက် တစ်ယောက်ကုန်ကျစရိတ် ၄၈,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Red Rose Package တွင် မြန်မာအစားအစာ (သို့မဟုတ်) တရုတ်အစားအစာ (သို့မဟုတ်) အနောက်တိုင်းအစားအစာ (သို့) နိုင်ငံတကာဘူဖေးအတွက် တစ်ယောက်ကုန်ကျစရိတ် ၅၂,၀၀၀ ကျပ် ဖြစ်ပါတယ်။

 

Package အားလုံးအတွက် လူဦးရေအနည်းဆုံး ၂၈၀ မှ စတင်ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

CHRY Wedding set up at pool 3

 

Chatrium Hotel Royal Lake Yangon တွင် မင်္ဂလာဆောင်မည့် မင်္ဂလာမောင်နှံများအတွက် မင်္ဂလာခန်းမ အခမဲ့အသုံးပြုခွင့်၊ မင်္ဂလာပွဲနှင့် သက်ဆိုင်သော အခမ်းအနားအပြင်အဆင်များနှင့် ပန်းအလှဆင်ခြင်းများကို လက်ဖွဲ့အနေဖြင့် ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းအပြင် မင်္ဂလာကိတ်၊ ရေခဲပန်းပုနှင့် ကားအလှဆင်ပေးခြင်း၊ နောက်ခံတေးသံသာ၊ မီးအလှပြင်ပေးခြင်း၊ ကော်ဇောနီခန်းမတစ်လျှောက် ခင်းပေးခြင်းစသည့် ၀န်ဆောင်မှုများကိုလည်း လက်ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရပါတယ်။

 

Package အမျိုးအစားပေါ်မူတည်၍ Chatrium Hotel ၏ Honeymoon အခန်းတွင် နံနက်စာအပါအ၀င် တစ်ညတာ တည်းခိုခွင့်၊ ရေခဲပန်းပု၊ ရှန်ပိန် fountain, car decoration အစရှိသည့် အထူးအခွင့်အရေး များကိုလည်း ပေးထားကြောင်း သိရပါတယ်။

 

ယခုမှစတင်၍ ချက်ထရီယမ်ဟိုတယ်၏ ၀ါကျွတ်မေတ္တာလက်ဆောင်အစီအစဉ်ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသဖြင့် ဖုန်းနံပါတ် ၀၁-၅၄၄၅၀၀ လိုင်းခွဲ ၆၂၁၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:42
Rate this item
(2 votes)