Kylie Jenner အား ရင့်သီးစွာပြောဆိုခဲ့တဲ့ Piers Morgan ကို ဝေဖန်လိုက်တဲ့ Liam Payne

Kylie Jenner အား ရင့်သီးစွာပြောဆိုခဲ့တဲ့ Piers Morgan ကို ဝေဖန်လိုက်တဲ့ Liam Payne google.com

လွန်ခဲ့သောရက်ပိုင်းအနည်းက forbe မဂ္ဂဇင်းအနေနဲ့ ကိုင်လီဂျန်နာအား အသက်အငယ်ဆုံး ဘီလီယံနာအဖြစ်ထုတ်ပြန်ခဲ့ပါတယ်။

သူမဟာသူမရဲ့ Kylie Comestics ဖြင့် အသက် ၂၁ နှစ်အရွယ်မှာပင်ပဲ ဒေါ်လာ ၁ဘီလီယံပိုင်ဆိုင်ခဲ့ပါတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးက လူငယ်တွေအဖို့အားကျစရာ၊အတုယူစရာဖြစ်ခဲ့ပြီး ကိုင်လီရဲ့ပရိသတ်တွေနဲ့ မိတ်ဆွေတွေကလည်း ချီးကျူးစကားဆိုခဲ့ကြပါတယ်။

 

Forbe မဂ္ဂဇင်းကနေ အခုလိုထုတ်ပြန်ပြီးမကြာခင်မှာပဲ အစီစဉ်တင်ဆက်သူ ပီရာမော်ဂန်က ၄င်းရဲ့ twitter မှတစ်ဆင့် သူမရဲ့လုပ်ကိုင်လိုရခဲ့တဲ့ဝင်ငွေမဟုတ်ပဲ သူမရဲ့အမ ကင်ကာဒစ်ရှန် ရဲ့ sex ဗီဒီယိုကြောင့် ဝင်ငွေရတွေတာပါလို့ပြောဆိုခဲ့ပါတယ်။ ပီရာမော်ဂန်ရဲ့ပြောဆိုမှုဟာ လူအများဝေဖန်စရာဖြစ်ခဲ့ပြီး ကိုင်လီဂျန်နာရဲ့ ရည်းစားဟောင်းဖြစ်သူ one Direction အဖွဲ့ရဲ့အဆိုတော်တစ်ဦးဖြစ်ခဲ့တဲ့ Liam Payne ကလည်း ၄င်းရဲ့ ပိုစ်အောက်မှာ ဝင်ရောက်ဝေဖန်ခဲ့ပါတယ်။

 

twitter

 

တကယ်ပဲဝမ်းနည်းမိတယ် ပရီရာ ခင်ဗျားတကယ်ကိုရူးနေပါပြီ လူတွေရဲ့အာရုံစိုက်မှုရဖို့အတွက်နဲ့လက်မခံစရာအကြောင်းတွေကို ပြောနေတာပဲ...ကိုင်လီက သူ့စီပွားရေးကို သူကိုယ်တိုင်တည်ဆောက်ခဲ့တာပါ ခင်ဗျားအနေနဲ့ ချီးကျူးရမယ့်အစား ဘာကြောင့်တိုက်ခိုက်ပြောဆိုတာလည်းဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူးဆိုပြီး Liam က ပြန်လည်ပြောဆိုခဲ့ပါတယ်။

 Kardashian Jenner

 

ကိုင်လီဟာ ကင်ကာဒ်စ်ရှန် နဲ့ဖအေတူ မအေကွဲ ညီအမတွေဖြစ်ပြီး ကမ္ဘာကျော်မော်ဒယ်တွေလည်းဖြစ်ပါတယ်။ အမဖြစ်သူ ကင်ကာဒ်စ်ရှန် ရဲ့ sex ဗီဒီယိုထွက်ပြီးနောက်ပိုင်းမှာ တစ်မိသားစုလုံး တစ်ဟုန်ထိုး လူသိများကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ပီရာမော်ဂန်ကိုယ်တိုင်ကလည်း ကိုင်လီအား ဒီအချက်နဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Kylie Jenner

 

Kylie ဟာ၂၀၀၅ ခုနှစ်မှာသူမရဲ့ Comestics ကုမ္ပဏီကိုတည်ထောင်အောင်မြင်ခဲ့ပြီး အခုချိန်မှာဆိုရင် ဒေါ်လာ ၉၀၀ မီလီယံနီးပါးတန်ဖိုးရှိနေပြီးပဲဖြစ်ပါတယ်။ သူမဟာ ရှယ်ယာအားလုံးကိုပိုင်ဆိုင်ပြီး သူ့ ကြော်ငြာလုပ်ငန်းနှင့် သူမရဲ့ Family’s reality TV show တွေမှာရရှိခဲ့တဲ့ ဝင်ငွေတွေကလည်း သီးခြားအနေဖြင့် ရှိနေပါတယ်။ ဒါအပြင် သူမဟာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

 

Myanmar Wedding Guide

Read times Last modified on Thursday, 07 March 2019 14:13
Rate this item
(1 Vote)