မင်္ဂလာပွဲစီစဉ်ရင်း ပိုက်ဆံမလောက်တော့တဲ့အခါ

မင်္ဂလာပွဲစီစဉ်ရင်း ပိုက်ဆံမလောက်တော့တဲ့အခါ google.com

မင်္ဂလာဆောင်ပွဲတစ်ပွဲ စီစဉ်ရတာမလွယ်လှပါဘူးနော်။

လူအင်အား၊ ငွေအင်အား အားလုံးအဆင်ပြေမှ မင်္ဂလာပွဲလေးခမ်းခမ်းနားနား ဖြစ်မှာပါ။ စုံတွဲလေးတို့ မင်္ဂလာပွဲအတွက်ကုန်ကျစရိတ် ကြိုတင်စီစဉ်ထားပေမယ့် မှန်းထားတာထက် ပိုပြီးကုန်ကျတာတွေ ရှိတတ်ပြီး စီစဉ်နေရင်းနဲ့ ပိုက်ဆံလက်ထဲလုံလုံလောက်လောက် မကျန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဘယ်လိုမျိုးဆက်လက်စီစဉ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

စီစဉ်ဖို့ ဘာတွေကျန်ဦးမလဲ

စုံတွဲလေးတို့ မင်္ဂလာဆောင်ပွဲစီစဉ်နေရင်း ငွေကြေးမလုံလောက်တာမျိုး ကြုံတယ်ဆိုရင်တော့ ဘယ်အချက်တွေစီစဉ်ပြီးပြီလဲ ဘယ်အချက်တွေ စီစဉ်ဖို့ ကျန်နေဦးမလဲဆိုတာ အရင်ဆုံးတွက်ပါ။ ဘယ်ဝန်ဆောင်မှုတွေကို စရံချပြီးပြီလဲ၊ ဘယ်ဝန်ဆောင်မှုတွေကို ငွေပေးချေရမလဲဆိုတာ အရင်ဆုံးစာရင်းတွက်ပါ။

 

ဘယ်လိုစီမံမလဲ

စုံတွဲလေးတို့ မင်္ဂလာပွဲ စီစဉ်နေရင်း ပိုက်ဆံ မလောက်ငှခဲ့ဘူးဆိုရင် သေချာလေး စီမံဖို့ လိုပါတယ်။ မင်္ဂလာဆောင်အတွက် စီမံနေတဲ့ကိစ္စတွေကို ခဏလေးရပ်တာမျိုး လုပ်မလား ဒါမှမဟုတ် ချေးငွေချေးတာမျိုး လုပ်မလားတွေးပါ။ ချေးငွေ ချေးမယ်ဆိုရင်လည်း ပြန်လည်ဆပ်ဖို့ အဆင်ပြေနိုင်မလားဆိုတာ အရင်ဆုံး တွေးပါ။ နောက်မှ ဘယ်လောက် ဘယ်သူ့ဆီက ချေးမယ်ဆိုတာမျိုး စဉ်းစားလုပ်ဆောင်ပါ။ တစ်လချင်းဆီ ဖြည်းဖြည်းချင်း လုပ်ဆောင်မယ်ဆိုရင်တော့ ဝန်ဆောင်မှုတွေကို တစ်လချင်းဆီ ချိတ်ပါ။ ကိုယ်တစ်လစုမိတဲ့ငွေနဲ့ ငွေပေးချေပါ။

 

ကုန်ကျစရိတ်လျှော့ချဖို့

စုံတွဲလေးတို့ ကုန်ကျစရိတ်ကိုလည်း ပြန်တွက်ကြည့်ဖို့လိုပါတယ်။ မင်္ဂလာပွဲရဲ့ ဘယ်လိုနေရာတွေမှာ ကုန်ကျစရိတ်လျှော့ချနိုင်မလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။ မင်္ဂလာဆောင်ပွဲမှာ ချုံ့လို့ရမယ့်အချက်လေးတွေရှိတာမို့ လျှော့လို့ရမယ့် စရိတ်တွေ အကုန်လုံးတွက်ချက်ပါ။ မစီစဉ်သေးရသေးတဲ့အချက်တွေထဲမှာ ဘယ်နေရာကျန်သေးလဲ စာရင်းမှတ်ပြီးလျှော့ပါ။

 

ငွေကုန်ကျစရိတ်မလောက်ငှတော့ရင်

ငွေကုန်ကျစရိတ် မလောက်ငှတော့ဘူးဆိုရင် စုံတွဲလေးတို့အနေနဲ့ လျှော့သင့်တဲ့နေရာလေးတွေရှိပါတယ်။ အရံစုံတွဲလေးတွေမထည့်တော့တာ၊ တေးဂီတ သီးသန့်အဆိုတော်တွေ မငှားတော့တာ၊ ပန်းအပြင်အဆင်ကို အစစ်တွေ မသုံးတော့တာမျိုး လုပ်လို့ရပါတယ်နော်။

 

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စီစဉ်နေရင်း ကုန်ကျစရိတ် မလောက်ငှတာမျိုး ဖြစ်တယ်ဆိုရင် စရံချတာတွေ၊ ငွေပေးချေတာတွေကို ခဏလေး ဆိုင်းထားပြီး အချိန်လေး ရွေ့ထားပါ။ စိတ်အေးအေးထားပြီး စီစဉ်ဖို့တော့ လိုပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Tuesday, 26 March 2019 18:31
Rate this item
(1 Vote)