မင်္ဂလာမဆောင်မီ ရက်သတ္တပါတ်အတွင်း အပူအပင်မရှိစေရန်

မင်္ဂလာမဆောင်မီ ရက်သတ္တပါတ်အတွင်း အပူအပင်မရှိစေရန်

မင်္ဂလာပွဲနဲ့ သက်ဆိုင်သော လုပ်ဆောင်စရာ ရှိသည်များကို အပြီးသတ်ပါ။

သင့်မင်္ဂလာပွဲအတွက် အချိန်ဇယားကို ပုံသေမဟုတ်ပဲ ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင်တော့ လုပ်ပါ။

 

အမှားတစ်ခုခု ပေါ်ပေါက်လာပါက ဖြေရှင်းနိုင်ရန်အတွက်လည်း ကြိုတင် ပြင်ဆင်ထားပါ။ မင်္ဂလာပွဲအတွက် ဝန်ဆောင်မှု ပေးမည့်သူများ၊ လုပ်ငန်းများနဲ့ ပွဲမလုပ်မီ ရက်သတ္တပတ်အစတွင် ကတည်းက ရက်ချိန်းအတွက် သေချာအောင်လုပ်ပြီး အချိန်ကိုက် ဖြစ်အောင် လုပ်ထားပါ။

 

မင်္ဂလာဝတ်စုံကို မိမိကိုယ်ခာနဲ့ အကိုက်ဖြစ်နေပါစေ။ မင်္ဂလာဝတ်စုံကို အိမ်သို့ယူဆောင်လာသည့်အခါ အဝတ်အိတ်အတွင်း ထည့်ထားခြင်းထက် ဝတ်ရန် အသင့်နှင့် ပြန့်ပြန့်ပြူးပြူး ဖြစ်နေစေရန် ချိတ်ထားခြင်းက ပိုကောင်းပါတယ်။

 

မင်္ဂလာပွဲတွင် စီးမယ့် ဖိနပ်ကိုလည်း စမ်းစီးကြည့်ပါ။ မင်္ဂလာပွဲနေ့မှာ စီးသည့်အခါ ဖိနပ်နဲ့ မတော်လို့ ခြေထောက်နာတာ၊ ဖိနပ်ပေါက်တာ မဖြစ်အောင် ဂရုစိုက်ပါ။

 

ပထမဦးစွာ ခြေအိတ်ထူထူ တစ်ခုဝတ်ပြီး စီးကြည့်ပါ။ ကြပ်နေသည့် နေရာရှိပါက ဆံပင်လေမှုတ်စက်နဲ့ ကြပ်သည့်နေရာကို မှုတ်ပေးပါ။ အေးသည်အထိ ခဏထားပါ။

 

ထို့အတူ ရေအိတ်တစ်ခုလုပ်ပြီး ဖိနပ်အတွင်းထည့်ကာ တစ်ညတာထားလိုက်ပါ။ မင်္ဂလာပွဲမတိုင်မီ ဓါတ်ပုံရိုက်သည့်အခါများ စသည်တို့တွင် စီးကြည့်လျှင် သင့်အတွက် စီးကျင့်ရှိသွားတော့ ပိုကောင်းပါတယ်။

 

မင်္ဂလာပွဲကျင်းပမည့်နေရာတွင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ၊ အခမ်းအနားပစ္စည်းများကို အသင့် ပို့ဆောင်ထားပါ။

Read times Last modified on Wednesday, 19 September 2018 16:36
Rate this item
(1 Vote)