၂၀၂၀ခုနှစ် ၊ စက်တင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

၂၀၂၀ခုနှစ် ၊ စက်တင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ စက်တင်ဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။


တနင်္ဂနွေ

ဒီလမှာလုပ်ငန်းသစ်၊တာဝန်သစ်တွေပြုလုပ်ရမယ်။ အလှူကိစ္စ၊မင်္ဂလာကိစ္စတွေရှိမယ်။ မင်္ဂလာရက်ရွှေ့ရတာမျိုးလဲကြုံမယ်။ သင်တန်းတွေလဲတက်ရမယ်။ လူမျိုးခြားအကျိုးပေးရှိသလိုနိုင်ငံခြားလဲအကျိုးပေးမယ်။ ရှယ်ယာလုပ်ငန်းမှာဝင်ထားတဲ့သူများအမြတ်ငွေရမယ်။ ပစ္စည်းများအမြတ်အစွန်းရမယ်။ စာချုပ်စာတမ်းလက်မှတ်ထိုးတာတော့သတိပြုပါ။ အောက်လက်ငယ်သားကြောင့်စိတ်အနှောင့်အယှက်တွေ့ရမယ်။ စက်ပစ္စည်းတော့အသစ်မဝယ်ပါနှင့်။ဝယ်လျှင်စိတ်ညစ်ရမယ်။ လွတ်လပ်သောလူပျို၊အပျိုများအိမ်ထောင်ကျတတ်တယ်။ ပျော်ရွှင်ရမယ့်အိမ်ထောင်ကျတတ်တယ်။ ပျော်ရွှင်ရမယ့်အိမ်ထောင်ရေးဖြစ်မယ်။ အစာမှား၊ဆေးမှားတွေကြုံတတ်တယ်။ အစာအိမ်ရောဂါသတိထားပါ။ ကံကောင်းစေတဲ့အရောင်မှာအနီရောင်ဖြစ်ပြီးအကျိုးပေးဂဏန်းမှာ ၉ ၊ ၂ ၊ ၀ ဖြစ်ပါတယ်။

 

ယတြာ။ ။ သရက်သီး ၆ လုံးဘုရားလှူပါ။

 


တနင်္လာ

 

စပ်တူလုပ်ငန်းများလုပ်ကိုင်ပါကအောင်မြင်မယ်။ အင်္ဂါသားနှင့်စပ်တူလုပ်ငန်းအဆင်ပြေမယ်။ ရွှေဝယ်ယူရာမှာလူလိမ်တာမျိုးဖြစ်တတ်တယ်။မိတ်ဆွေသတိထားပါ။ ငွေဝင်သော်လည်းအဖတ်မတင်ဘဲဖြစ်နေမယ်။ ရေလမ်းခရီးသွားရလျှင်သတိပြုပါ။အန္တရာယ်ဖြစ်တတ်တယ်။ အပေါင်းအသင်းမိန်းမတစ်ဦးကြောင့်အမှုကိစ္စကြုံတတ်တယ်။ ကားလုပ်ငန်း၊ကျောက်လုပ်ငန်းများစတင်လှုပ်ရှားလျှင်အဆင်ပြေမယ်။ ငွေကြေးကိစ္စအာမခံပေးခြင်းရှောင်ပါ။ အလောတကြီးဆုံးဖြတ်တာမျိုး၊ဒေါသတကြီးလုပ်တာမျိုးတွေရှောင်ပါ။ ပရဟိတလုပ်ငန်းများလုပ်ကိုင်နေရမယ်။ အချစ်ရေးအိမ်ထောင်ရေးမှာစိတ်ညစ်ရတတ်တယ်။ ကျန်းမာရေးဝမ်းပျက်၊ဝမ်းလျှောဖြစ်တတ်တယ်။ ကံကောင်းစေသောအရောင်မှာ အဝါနုရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၀ ၊ ၃ ၊ ၁ ဖြစ်ပါတယ်။

 

ယတြာ။ ။ရေလှူပါ။

 


အင်္ဂါ

 

ဒီလထဲမှာသွပ်၊သံ၊သစ်ကိစ္စတွေအောင်မြင်မယ်။ ရောင်းမှား၊ဝယ်မှားမဖြစ်အောင်တော့သတိထားပါ။ တရားမဝင်လုပ်ငန်းများဖြစ်သောလောင်းကစားလုပ်ငန်း၊မူးယစ်ဆေးလုပ်ငန်းများသတိပြုပါ။ လုပ်ငန်းများအောင်မြင်သော်လည်းငွေကြေးအကျပ်အတည်းတွေ့နေမယ်။ ရွှေဝင်မယ်။လူဝင်မယ်။ရွှေနှင့်လူရွေးယူပါ။ကြိုက်တာကောင်းတာကတော့လူဝင်လျှင်အကျိုးပေးမယ်။ ဘာသာရေးများများလုပ်ပါ။အထက်လူကြီးအကူအညီရမယ်။ ဘုရားပုံတော်များကြွလာခဲ့လျှင်ထီထိုးပါ။ အကူအညီတောင်းသူများရှိလျှင် ကူညီပေးပါ။ကိုယ့်အတွက်တဖက်က အဆင်ပြေလိမ့်မယ်။ချစ်သူ၊အိမ်ထောင်ဖက်အပေါ်လဲသစ္စာရှိပါ။ဦးခေါင်းပိုင်း ၊အာရုံကြောပိုင်းနှင့်ပတ်သတ်ပြီးရောဂါရတတ်တယ်။ ကံကောင်းစေသောအရောင်မှာအညိုရောင်ဖြစ်ပြီးအကျိုးပေးဂဏန်းမှာ၁ ၊ ၄ ၊ ၂ ဖြစ်ပါတယ်။

 

ယတြာ။ ။ အုန်းထမင်းလှူပါ။

 


ဗုဒ္ဓဟူး

 

ဒီရက်ပိုင်းမှစတင်ပြီးလုပ်ငန်းများပြန်လည်အဆင်ပြေလိမ့်မယ်။ အဝေးရောက်နေသောဆွေမျိုးများနှင့်ပြန်လည်ဆုံစည်းရမယ်။ ဆန်၊ဆီ၊ဆေး၊စက်၊စိန်စသောလုပ်ငန်းရှင်များအဆင်ပြေမယ်။ အဖိုးတန်ပစ္စည်းဝင်မယ်။(သို့)ငွေနှစ်ပတ်အတွင်းအစုံလိုက်ဝင်မယ်။ငွေဝင်ရင်အလှူပြန်လုပ်ပါ။ဘာသာရေးများများလုပ်ပါ။ ဝန်ထမ်းများမနာလိုလူရဲ့အတိုက်အခိုက်ရှိတယ်။ အထက်လူကြီးစောင့်ရှောက်မယ်။ဒေါသလျော့၍ပေါင်းသင်းဆက်ဆံပါ။ ကျန်းမာရေးအနေဖြင့်အစာအိမ်ရောဂါဟောင်းပြန်ဖြစ်တတ်တယ်။ အစာမှား၊ဆေးမှားကြုံတတ်တယ်။ အိမ်ထောင်ဖက်ချစ်သူကြောင့်ဝမ်းသာပျော်ရွှင်ရမယ်။ ကံကောင်းစေသောအရောင်မှာ အစိမ်းနုဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၂ ၊ ၅ ၊ ၃ ဖြစ်ပါတယ်။

 

ယတြာ။ ။ ငါးစာ ၊ ခိုစာ ကျွေးပါ။

 


ကြာသပတေး


ဝန်ထမ်းများနှင့်ပတ်သတ်ပြီးတစ်ခုမှာချင်တာကတော့ခရီးဝေးသွားရတဲ့ရေလမ်းခရီးပါတဲ့ဝန်ထမ်းများအထူးသတိပြုစေချင်ပါတယ်။အန္တရယ်နှင့်ကြုံတတ်တယ်။ ဘုရားဂုဏ်တော်များပွားများပါ။ငွေကြေးကိစ္စကမမျှဖြစ်နေမယ်။ ငွေရှာရတာတော့လွယ်မယ်။ပြန်ကုန်တာလဲမြန်မယ်။ စက်ပစ္စည်းပျက်တာမျိုးကြုံမယ်။ ဆန်၊စက်၊ကားအနည်းငယ်အရောင်းအဝယ်အေးမယ်။ သူတပါးကိုအာမခံပေးခြင်းရှောင်ပါ။ လူမျိုးခြားအကျိုးပေးမယ်။ ကိုယ့်အထက်အရာရှိအပြောင်းအရွှေ့ကြုံမယ်။ လောင်းကစားလုပ်ငန်း၊လယ်ယာ၊ရွှေ၊ရေလုပ်ငန်းများအဆင်ပြေမယ်။ အိမ်ထောင်ဖက်ချစ်သူနှင့်ပတ်သက်ပြီးမကောင်းသတင်းကြားရမယ်။ စိတ်ညစ်ရတတ်တယ်။ ကျန်းမာရေး လည်ချောင်းနာတာ ၊ လေအောင့်တာမျိုးကြုံမယ်။ ကံကောင်းစေသော အရောင်မှာ အဖြူရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၃ ၊ ၆ ၊ ၄ ဖြစ်ပါတယ်။

 

ယတြာ။ ။ စံပယ် ၃ ကုံးဘုရားလှူပါ။

 


သောကြာ

 

ရပ်ဝေးခရီးသွားရတတ်တယ်။နိုင်ငံခြားခရီး၊နိုင်ငံခြားလူမျိုးအကျိုးပေးမယ်။ ထီကံစမ်းပါ။ထီပေါက်တာမျိုး၊အမွေရတာမျိုးကြုံမယ်။ ဝန်ထမ်းများသင်တန်းတက်ရတာ၊ရာထူးရတာမျိုးဖြစ်မယ်။ ကောင်းသောပြောင်းလဲခြင်းတွေနဲ့ကြုံမယ်။ သွပ်၊သံ၊သစ်သီးလုပ်ငန်းရှင်များအရောင်းအဝယ်ကောင်းမယ်။ လောဘတော့မကြီးပါနှင့်။ရေရှည်ကြည့်ပါ။ ငွေကြေးကိစ္စတွေမှာလူလိမ်နှင့်တွေ့တတ်ပါတယ်။သတိထားပါ။ ဆရာ၊ဆရာမများမျက်နှာပွင့်လန်း၊ငွေရွှင်မယ်။ပင်ပန်းမယ်။ မြေကိစ္စမိန်းမတစ်ဦးအကူအညီနဲ့အဆင်ပြေမယ်။ အိမ်ထောင်ရေးအချစ်ရေးမှာကြားလူနှောင့်ယှက်တတ်တယ်။ မျက်စိ၊ဝမ်းဗိုက်နှင့်ပတ်သက်ပြီးခွဲစိတ်ရတာမျိုး ကြုံမယ်။ ကံကောင်းစေသော အရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၄ ၊ ၇ ၊ ၅ ဖြစ်ပါတယ်။

 

ယတြာ။ ။ ရေသက်စေ့လှူပါ။

 


စနေ

 

လုပ်ငန်းနှင့်ပတ်သက်သောစာရင်းဇယားများရဲ့အရှုပ်အရှင်းရှင်းလင်းရလိမ့်မယ်။ စက်ပစ္စည်းဝင်မယ်။ ငွေချေးငှားခြင်းရှောင်ပါ။အာမခံပေးခြင်းမလုပ်ပါနှင့်။ လုပ်ငန်းသစ်များတာဝန်သစ်များထမ်းဆောင်ရတတ်တယ်။ အဆင်ပြေမယ်။ မိတ်ဆွေသစ်ရမယ်။ ကိုယ့်အပေါ်ကူညီမဲ့သူဖြစ်မယ်။ စပ်တူရှယ်ယာလုပ်ငန်းများမှငွေကြေးအမြတ်အစွန်းရမယ်။ ခရီးသွားရလျှင်ခရီးမှာကျန်းမာရေးညံ့တတ်တယ်။ ရွှေနှင့်ပတ်သက်ပြီးသတိပြုပါ။ လူလိမ်ခံရတတ်တယ်။ ချစ်သူအိမ်ထောင်ဖက်ရဲ့ကူညီမှုကြောင့်ကိုယ့်ရဲ့အခက်အခဲတွေအဆင်ပြေသွားမယ်။ ကျန်းမာရေးအသည်း၊အာရုံကြောနှင့်ပတ်သက်ပြီးအညံ့ရှိမယ်။ ကံကောင်းစေသောအရောင်မှာအနီရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၅ ၊ ၈ ၊ ၆ ဖြစ်ပါတယ်။

 

ယတြာ။ ။ မုန့်ဖက်ထုပ် ၅ ထုပ်လှူပါ။

 

Source: 1879

Read times
Rate this item
(0 votes)