၂၀၂၀ခုနှစ် ၊ နိုဝင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

၂၀၂၀ခုနှစ် ၊  နိုဝင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ နိုဝင်ဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။

 

တနင်္ဂနွေ

ဒီလတွေမှာ ဆန်စပါး ၊ စက်ပစ္စည်း ဆေးဝါးလုပ်ငန်းများ အရောင်းအဝယ်သွက်ပြီးတော့ ကောင်းမွန်ပါမယ်။ ဆွေမျိုးတွေနဲ့ ပြန်လည် တွေ့ဆုံပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရရှိပါမယ်။ ပြောင်းလဲမှုလေးတွေ တော်တော်များများ ကြုံပါမယ်။ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ စာချုပ်စာတမ်း ကိစ္စတွေမှာတော့ သတိထားပြီး ချုပ်ဆိုပါ။ လုပ်ငန်း ချဲ့ထွင် ဆန်းသစ်မှုတွေကိုလဲ တွေ့ရပါမယ်။ ပြိုင်ဖက် မနာလိုသူတွေလဲ ရှိနေတတ်တာမို့ သတိထား စေချင်ပါတယ်။ ဝန်ထမ်းများအနေနဲ့ အပြောင်းအရွှေ့ကြုံရတာမျိုး ကောင်းမွန်တဲ့ အနေအထားမျိုး တွေလဲ တွေ့ရတတ်ပါတယ်။ ငယ်ရွယ်သူများ အနေနဲ့ စန်းပွင့်ပြီး အိမ်ထောင်ကျတတ်တာမို့ အိမ်ထောင်ရှင်များလဲ လှေနံ နှစ်ဖက်နင်းတာမျိုး တွေ သတိပြုပါ။ မိမိဇနီးအပေါ် သစ္စာ ရှိနေချင်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ ဦးခေါင်းပိုင်း အာရုံကြောနဲ့ ပက်သက်ပြီး ဖြစ်တတ်လို့ သတိပြု ဆင်ခြင်ပါ။ ကံကောင်းစေသောဂဏန်းမှာ ၁ ၂ ၄ ဖြစ်ပြီး အရောင်မှာ အနီရောင်ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် စပယ်ပန်း ၃ ကုံး ဘုရားလှူပါ။

 


တနင်္လာ

ဒီလမှာ လုပ်ငန်းသစ် တာဝန်သစ်တွေ ရတတ်ပါတယ်။ ရွှေ ငွေနဲ့ ပက်သက်ပြီးတော့ အထွက်များနေတတ်တယ်။ ငွေအတါက်တော့ ပူပင်သောကလေးတွေ တွေ့နေရမယ်။ ဒါပေမဲ့ ၂၄ ရက်အတွင်းမှာ ပြေလည်သွားပါလိမ့်မယ်။ ဒီရက်တွေမှာ ခရီးထွက်ရတာတွေ ကြုံတတ်တယ်။ တောင်ဘက်အရပ် သို့မဟုတ် နိုင်ငံရပ်ခြား ခရီးဖြစ်တတ်တယ်။ ကိုယ့်အတွက်တော့ ကောင်းမွန်တဲ့ ခရီး အကျိုး ပြုမဲ့ခရီးဖြစ်ပါတယ်။ ငွေကြေးကိစ္စတွေ အာမခံပေးတာမျိုတွေ ရှောင်ပါ။ အဝေးရောက်နေသော ဆွေမျိုးများနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေ ချစ်သူနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်နေတတ်တယ်။ အိမ်တွင်းရေးလဲ အဆင်မပြေ ကြုံတတ်တယ်။ တန်ဖိုးကြီးပစ္စည်း ပျောက်တတ်ပါတယ်။ သို့သော် လူကြီးတစ်ဦးရဲ့ ကူညီမှုကြောင့် ပြန်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အညံ့ အနည်းငယ်ရှိနေပါတယ်။ ကျန်းမာရေးကတော့ ဝမ်းဗိုက်ပိုင်းနဲ့ ပက်သက်ပြီးတော့ သတိထားပါ။ ကံကောင်းစေသောဂဏန်းမှာ ၇ ၁ ၄ ဖြစ်ပြီး အရောင်မှာ အညိုရောင်ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ကိတ်မုန့် ၉ ချပ် လှူဒါန်းကန်တော့ပါ။

 


အင်္ဂါ

စပ်တူရှယ်ယာလုပ်ငန်းတွေမှာ အမြတ်အစွန်းတွေ ရရှိလာပါမယ်။ အကျိုးပေးလုပ်ငန်း ရွှေ ငွေ ငါးလုပ်ငန်းများ ခရီးသွားလုပ်ငန်းများ ကွမ်းလုပ်ငန်းများ ပြန်လည်ပြီး အဆင်ပြေပါလိမ့်မယ်။ စက်ပစ္စည်းလုပ်ငန်းများ သတိထားပါ။ လူမျိုးခြား ဘာသာခြားတော့ ဂရုစိုက်ပါ။ သတိပြုပါ။ စိတ်အနှောင့် အယှက်လေးတွေ ပေးတတ်ပါတယ်။ အလှူကိစ္စ မင်္ဂလာကိစ္စတွေမှာ ဦးဆောင်ပြီး လုပ်ကိုင်ပေးရတတ်တယ်။ လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ရတတ်တယ်။ ကိုယ့်အား ကိုကိုးပြီး မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ပါက ကြီးပွါးတိုးတတ်ပါလိမ့်မယ်။ ဆွေမျိုးများထဲမှ မင်္ဂလာသတင်းကြားရတတ်တယ်။ ချစ်သူ အိမ်ထောင်ဖက်နှင့် ငွေရေးကြေးရေးကိစ္စတွေမှာ ဖြေရှင်းပေးရတတ်တယ်။ ကျန်းမာရေးနှင့် ပက်သက်ပြီး ဒူးနာတတ်တယ်။ နှလုံးအားနည်းတတ်တယ်။ ကံကောင်းစေသောဂဏန်းမှာ ၃ ၆ ၉ ဖြစ်ပြီး အရောင်မှာ ယောဂီရောင် ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ဇီးညွန့် ၃ ညွန့် ဘုရားလှူဒါန်းပါ။

 

 

ဗုဒ္ဓဟူး

ဒီရက်ပိုင်းမှာ ကြိုးစားအားထုတ်မှုကြောင့် သိသိသာသာတိုးတတ် အောင်မြင်လာပါလိမ့်မယ်။ ငွေဝင်မယ် ၊ ရွှေဝင်မယ်။ ငွေဝင်ပြီးရင်အလှူအတန်းလေးပြန်လုပ်ပေးပါ။ လောင်းကစားလုပ်ငန်းနှင့် ပက်သက်ရင် သတိပြုပါ။ အန္တရာယ်ရှိပါတယ်။ မိဘ ဆွေမျိုးများနှင့် အိမ်ထောင်ရေးကိစ္စ စကားအအြေတင်ပြောရတတ်ပါတယ်။ အပြိုင် အဆိုင်မနာလိုတဲ့ သူလဲ ပေါ်တတ်ပါတယ်။ စိတ်ဒေါသလျော့ပါ။ စိတ်ရှည်ရှည်ထားပါ။ ငွေများများနှင့် ရင်နှီးလုပ်ကိုင်ရခြင်းမှားကို ခေတ္တရှောင်ပါ။ ငွေချေးငှားတာမျိုးတွေ မလုပ်ပါနဲ့ ။ အာမခံတာမျိုးတွေ မလုပ်ပါနဲ့။ ဆုံးရှုံါ်တတ်ပါတယ်။ မသွားချင်တဲ့ ခရီးတစ်ခု သွားရတတ်ပါတယ်။ ထိုခရီးမှာ ကိုယ့် အဆတါက် အကျိုးရှိပါလိမ့်မယ်။ မိဘ ကျန်းမာရေး အညံ့ ကြုံနေတတ်တယ်။ အိမ်ထောင်သည် သားသမီး ရတနာ ရတတ်တယ်။ အကျိုးပေးတဲ့ သားသမီးဖြစ်တတ်တယ်။ အပေါင်းအသင်းတော့ သတိထားပါ။ ကျန်းမာရေးအနေနဲ့ မျက်စိနဲ့ ပက်သက်တာမျိုး ဖြစ်တတ်ပါတယ်။ ကံကောင်းစေသောဂဏန်းမှာ ၃ ၂ ၈ ဖြစ်ပြီး အရောင်မှာ ခဲရောင်ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် သစ်သီးတစ်မျိုးမျိုး လှူဒါန်းပါ။

 

 

ကြာသပတေး

ဒီလတွေမှာ မကြာခန ခရီးတွေ သွားရတတ်တယ်။ ငွေကြေးနဲ့ ပက်သက်တဲ့ ကိစ္စတွေ အဆင်ပြေမယ်။ အိုးအိမ် အပြောင်းအရွှေ့ ကြုံလိမ့်မယ်။ ရွှေဝင်မယ် ။ သားသမီး ရတနာဝင်မယ်။ မိတ်ဆွေအပေါင်းအသင်းများနှင့် စိတ်ဝမ်းကွဲတတ်တယ်။ မိသားစုဝင်တစ်ဦးဦးရဲ့ စိတ်ပူပင်သောက ရောက်ရတတ်တယ်။ အင်္ဂါ သားသမီးဖြစ်တတ်တယ်။ မြေကိစ္စနှင့် ပက်သက်ပြီး စကားပြောရမယ်။ မူးယစ်စေတတ်သော ဆေး အရက်နှင့် ပက်သက်သော အရာများနှင့် ပက်သက်ပြီး သတိထားပါ။ အန္တာရာယ်ရှိပါတယ်။ မိန်းမ တစ်ယောက်ရဲ့ အနှောင့်အယှက် ကြုံတတ်တယ်။ ချစ်သူ အိမ်ထောင်ဖက်နှင့် ပက်သက်ပြီး စိတ်အခက်မသင့် တဲ့ စိတ်အနှောင့်အယှက်တွေ ဖြစ်နေတတ်တယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကံကောင်းစေသောဂဏန်းမှာ ၆ ၀ ၁ ဖြစ်ပြီး အရောင်မှာ စိမ်းပြာရောင်ဖြစ်ပါတယ်။ အဖြူရောင်ကို ရှောင်ပါ။

 

ယတြာ။ ။ ကံကောင်းစေရန် ထန်းလျက် ၁၀ ခဲ ခွေးကျွေးပါ။

 

 

သောကြာ

ရေလမ်းနဲ့ ပက်သက်တဲ့ ခရီးတွေ ရှောင်ပါ။ အခက်အခဲတွေနဲ့ ကြုံတတ်ပါတယ်။ ရေလုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ငါးလုပ်ငန်းတွေမှာ အကျပ်အတည်းတွေ တွေ့တတ်ပါတယ်။ စာချုပ်စာတမ်းကို သေချာလေ့လာပြီးမှ ချုပ်ဆိုပါ။ ဝန်ထမ်းများအနေနှင့် သင်တန်းတတ်ရတာတွေ လုပ်ငန်းသစ်တွေ ကြုံရပါမယ်။ အခက်အခဲ အကျပ်အတည်းကြားမှ ကျော်ဖြတ်ရပါလိမ့်မယ်။ သည်းခံစိတ်ထားပြီးလုပ်ကိုင်ပါ။ အောင်မြင်ပါလိမ့်မယ်။ သူတစ်ပါးကိုတော့ သိပ် မယုံလွယ်ပါနဲ့။ အထက်လူကြီးရဲ့ အားပေးကူညီမှုကြောင့် အလုပ်ကိစ္စတွေ အဆင်ပြေချောမွေ့မယ်။ ကိုယ့်ရဲ့ အထက်အရာရှိ မကြာခင်ပြောင်းရွှေ့ဖို့လဲ ကြုံတတ်တယ်။ ဒီရက်ပိုင်းမှာ ချစ်သူ အိမ်ထောင်ဖက်တွေရဲ့ အထင်လွဲမှားမှုတွေ ကြုံနေတတ်တယ်။ ကျန်းမာရေးကတော့ ဒူးနာတာ ၊ ဒူးအောက်ပိုင်းထိခိုက် ဒဏ်ရာရတာမျိုးတွေ ကြုံတတ်ပါတယ်။ ဆိုင်ကယ်စီးတာမျိုးတွေ သတိထားပါ။

ကံကောင်းစေရန် ဒန်း၇ ညွန့် ဘုရားမှာလှူဒါန်းပါ။
ကံကောင်းစေသောဂဏန်းမှာ ၆ ၁ ၈ ဖြစ်ပြီး အရောင်မှာ ရွှေဝါရောင်ဖြစ်ပါတယ်။

ယတြာ။ ။ ကံကောင်းစေရန် ရွှေပန်း ၉ ပွင့် ဘုရားမှာ ဆပ်ကပ်လှူဒါန်းပါ။

 

စနေ

လူမျိုးခြား ဘာသာခြားတွေရဲ့ ကူညီမှုတွေ ရတတ်ပါတယ်။ လုပ်ငန်းသစ်တွေ မိတ်ဆွေသစ်တွေနဲ့ တွေ့ရတတ်ပါတယ်။ ပညာရေး သင်တန်းကိစ္စ သစ်လုပ်ငန်းကိစ္စတွေမှာ စိတ်ပူပင်သောကတွေ ရောက်နေတတ်ပါတယ်။စပ်တူလုပ်ငန်းများပေါ်ခဲ့ရင် ရဲရဲလုပ်ကိုင်ပါ။ အောင်မြင်မှုတွေရပါမယ်။ ငွေလူလိမ်ခံရတာမျိုးတွေ ကြုံတတ်ပါတယ်။ မင်္ဂလာကိစ္စ မြေကိစ္စတွေမှာ ဝင်ရောက် လုပ်ကိုင်ဖြေရှင်းပေးရတတ်ပတါယ်။ အနုပညာလုပ်ငန်း ၊ အလှူအတန်းလုပ်ငန်း ၊ အိုးအိမ် ၊ အလှပြုပြင်ရေး လုပ်ငန်းတွေမှာတော့ အဆင်ပြေ လည်ပတ်ပါမယ်။ ဘာသာရေးလုပ်ငန်းနှင့် ပက်သက်ပြီးတော့ ဘာသာရေး ဝန်ဆောင်မှု ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရတတ်ပါတယ်။ အိမ်ထောင်ဖက် အဝေးရောက်နေရာမှ ပြန်လည် ရောက်ရှိလာတတ်ပါတယ်။ ကံကောင်းစေသောဂဏန်းမှာ ၇ ၈ ၄ ဖြစ်ပြီး အရောင်မှာ အဖြူရောင်ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ဘုရားတွင် သစ်သီး ၆ မျိုး လှူဒါန်းပါ။

 

 

 

Source: 1875

Read times Last modified on Monday, 02 November 2020 11:06
Rate this item
(0 votes)