ချစ်သူနဲ့လက်ထပ်ဖို့လုံးဝသဘောမတူခဲ့တဲ့ဖခင်ကို ရအောင်သိမ်းသွင်းနိုင်ခဲ့တဲ့နည်းလမ်းကို ဝေမျှခဲ့တဲ့အမျိုးသား

ချစ်သူနဲ့လက်ထပ်ဖို့လုံးဝသဘောမတူခဲ့တဲ့ဖခင်ကို ရအောင်သိမ်းသွင်းနိုင်ခဲ့တဲ့နည်းလမ်းကို ဝေမျှခဲ့တဲ့အမျိုးသား ThutaDaily

ဒီအမျိုးသားကတော့ သူ၏ international relationship အတွေ့အကြုံကို Subtle Asian Traits ဟုခေါ်သော Facebook group မှာ ဝေမျှခဲ့တဲ့အတွက် လူအများ၏စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။

 

Clarence Tan အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဟောင်ကောင်သွေး တစ်ဝက် ၊ စင်ကာပူသွေးတစ်ဝက်ရောနောခဲ့တဲ့ ကပြားတစ်ယောက်ဖြစ်ပြီး USA မှာအခြေ ချနေထိုင်နေသူလည်းဖြစ်ပါတယ် ။ သူမကြာသေးခင်ကလက်ထပ်ခဲ့တဲ့ ချစ်သူကောင်မလေးကတော့ Edna ဖြစ်ပြီး အာဖရိကအနောက်ပိုင်းက Ghanaနိုင်ငံသူလေးဖြစ်

ပါတယ် ။ Clarence ၏ပြောပြချက်အရ ” စိတ်ကူးကြည့်ပါ ၊ အသားမဲတဲ့ အာဖရိကအမျိုးသမီးနဲ့ တွဲခုတ်နေတာကို ဘယ်တရုတ်၊အာရှယဉ်ကျေးမှုကမှ နွေးနွေးထွေးထွေးကြိုဆိုတာမျိုးမရှိခဲ့ပါဘူး ။ပြီးတော့ ပိုပြီးသေချာတာက ကျွန်တော် Edna နဲ့တွဲစတုန်းက မိဘတွေဆီ

ကကန်ထုတ်တာခံခဲ့ရတယ် ၊ အထူးသဖြင့် အဖေဆီကပေါ့ ‘ ဆိုပြီးပြောပြထားပါတယ် ။ထို့အပြင် သူ၏ဖခင်ရဲ့ထင်မြင်ချက်ကိုလည်း ” ကျွန်တော့်အဖေက အဖေကောင်းတစ်ယောက်ပါ ပြီးတော့ ကျွန်တော်သူ့ကို တော်တော်လေး လေးစားတယ် ၊ သူကအလုပ်ကို အတော်လေး ကြိုးစားတယ်ဗျ ၊ ကျွန်တော်တို့ကိုထောက်ပံ့ပေးဖို့လည်း

အတော်လေးအနစ်နာခံခဲ့တယ် ၊ ပြီးတော့ မိသားစုကို ရှေ့တန်းတင်ထားတယ် ၊ ကျွန်တော်ဒီနေ့အချိန်ထိ ရောက်လာရခြင်းကလည်း အဖေ့ကိုကြည့်ပြီးအတုယူခဲ့လို့ပါ ၊ အဲ့ကြောင့် အဖေကEdna နဲ့သဘောမတူတော့ ကျွန်တော်အတော်လေးကို စိတ်ပျက်ခဲ့ရပါတယ် ” ဆိုပြီးပြောပြထားပါသေးတယ် ။ထိုအချိန်ကစပြီး Clarence

ကသူ၏ အစီအစဉ်တွေကိုစတင် အကောင်အထည်ဖော်ခဲ့ပါတော့တယ် ။ အဲတာကတော့ ” ကျွန်တော် သူမကို အခုကော အရင်တုန်းကကော အမြဲအိမ်ကိုခေါ်သွားခဲ့ပါတယ် ။ ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့ စိန်ခေါ်မှုတစ်ခုပါပဲ။

 

 

အထူးသဖြင့် အဖေပါပဲ ။ အဖေကလည်း အမြင်စိမ်းနေတုန်ပါပဲ ၊ သဘောမတူနိုင်တဲ့ သူမကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ခဲ့ပေမဲ့လည်း အသိအမှတ်မပြုခဲ့ပါဘူး ။ တစ်ချိန်တည်းမှာပဲ Edna ကလည်း သူမကိုမကြိုဆိုခဲ့ကြတဲ့အတွက် မခံမရပ်နိုင်အောင်ဖြစ်ခဲ့ပါတယ်” ။ ထို့ကြောင့် Clarence ကသူမကို အိမ်သို့အလည်သွားဖို့

တွန်းအားပေးတိုင်း ရန်ဖြစ်ခဲ့ကြရပြီး အချို့အကြိမ်တွေမှာဆိုရင် သူ၏မိဘများက ဖိတ်ခိုင်းလို့ပါဆိုပြီး လိမ်ပြောခဲ့ရပါတယ် ။တဖြည်းဖြည်းကြာလာတော့ သူမရဲ့အရည်အချင်းတွေ ၊ သဘောထားကြီးမှုတွေ ၊ ဂရုစိုက်မှုတွေ၊ စဉ်းစားဆင်ခြင်တတ်မှုတွေ နဲ့ ယဉ်ကျေးတဲ့သူမရဲ့အပြုအမှုတွေကြောင့် Clarence ရဲ့မိဘတွေက သူမကို

နွေးနွေးထွေးထွေး ကြိုဆိုလာခဲ့ကြပါတယ် ။မိဘတွေက သူမကိုလေ့လာမိခဲ့ကြတယ် ၊ သူမ အားနေတဲ့အချိန်တွေမှာဆိုရင် ကျွန်တော်တည်ထောင်နေတဲ့ကုမ္ပဏီအတွက် အလုပ်လုပ်ပေးတယ် (အခုတော့ ကျွန်တော်တို့ ကုမ္ပဏီပေါ့ဗျာ) ၊ ပြီးတော့ အဲ့အချိန်တုန်က ငွေရေးကြေးရေးတွေလည်း သူမက ထောက်ပံ့ပေးခဲ့တယ် ၊

ကျွန်တော်ရှက်လို့အဲ့အကြောင်းတွေ မပြောခဲ့ပေမဲ့လည်း နောက်ပိုင်းကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့ အားနည်းချက်ကို သိသွားခဲ့ကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။ ညစာအတူတူစားကြရင်း ၊ စကားစမြည်းတွေပြောကြရင်နဲ့ နောက်ပိုင်းသူတို့တွေက Edna ရဲ့ရိုးသားမှုကို သိရှိသွားခဲ့ကြပြီး နောက်ပိုင်းကျွန်တော်တို့ကို လုံးဝ

သဘောတူခဲ့ကြပါတယ်။

 

 

 

“ကျွန်တော်တို့ ချစ်သူသက်တမ်း 3နှစ်ကြာပြီးနောက်မှာတော့ ကျွန်တော့်ရဲ့မိသားစုတွေဆီက ထောက်ခံမှုကိုအပြည့်အဝရခဲ့ပါတယ် ။ အထူးသဖြင့် အဖေ့ဆီ ကပေါ့ ၊ ကျွန်တော့်မင်္ဂလာပွဲမှာ အဖေအဲ့လောက်ပျော်နေတာကိုတစ်ခါးမှမမြင်ဖူးဘူး ၊ Ednaက ‘Daddy,yum cha ‘လို့ပြောလိုက်တဲ့အချိန်မှာ အဖေအတော်လေးပြုံးသွားခဲ့

တယ် ၊ ပြီးတော့ ကျွန်တော်နဲ့အမေအတူကဖို့သူကိုယ်တိုင် Saxophone ကိုမှုတ်ပေးခဲ့သေးတယ် ” ဆိုပြီးသူ၏ မိဘတွေဆီက 100% သဘောတူမှုရရှိခဲ့အောင် ကြိုးစားခဲ့တဲ့သူ၏ အတွေ့အကြုံကို ပြောပြသွားခဲ့ပါတယ် ။

 

 

Source: ThutaDaily

Read times Last modified on Thursday, 17 December 2020 14:29
Rate this item
(0 votes)