ဟယ်ရီစတိုင်နှင့် အိုလီဗီယာဝိုင်းဒ်တို့ ချစ်သူတွေဖြစ်နေကြပြီလို့ သတင်းတွေထွက်ပေါ်

ဟယ်ရီစတိုင်နှင့် အိုလီဗီယာဝိုင်းဒ်တို့ ချစ်သူတွေဖြစ်နေကြပြီလို့ သတင်းတွေထွက်ပေါ်

One Direction အဖွဲ့သားဟောင်းတစ်ဦးဖြစ်တဲ့ ဟယ်ရီစတိုင်နဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အိုလီဗီယာဝိုင်းဒ်တို့ဟာ သူတို့တွဲနေပြီဆိုတာကို ပရိသတ်တွေကို အသိပေးချင်တဲ့ပုံပါပဲ။

 

ကယ်လီဖိုးနီးယားမှာပြုလုပ်တဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ မင်္ဂလာပွဲအခမ်းအနားကို ဟယ်ရီစတိုင်နဲ့ အိုလီဗီယာ လက်ချင်းတွဲကာ အတူပွဲတက်ခဲ့ကြပါတယ်။

 

ဟယ်ရီရဲ့ မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ ဂျက်ဖ်အဇော့ဖ်ရဲ့ မင်္ဂလာပွဲအခမ်းအနားကို တက်ခဲ့ကြပါတယ်။ အိုလီဗီယာ ကိုယ်တိုင် ဒါရိုက်တာနဲ့ထုတ်လုပ်သူလုပ်ပြီး ရိုက်ကူးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ကား Don ‘t Worry Darling ဇာတ်ကား မှာပါဝင်ဖို့ ဟယ်ရီစတိုင် လက်မှတ်ထိုးပြီးကတည်းက သူတို့နှစ်ဦးတွဲနေကြပြီလားဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

 

မကြာသေးမီက Vogue နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း အိုလီဗီယာနဲ့ ရုပ်ရှင် အဝတ်အစား ဒါရိုက်တာ အေရီအန် ဖိလစ်တို့က သူတို့လုပ်မယ့်အစီအစဉ်မှာ ဟယ်ရီစတိုင် ပါဝင်မှာဖြစ်တဲ့အတွက် ပိုပြီးစိတ်လှုပ်ရှားရတယ်လို့ ဖြေကြား ခဲ့ကြပါတယ်။

 

ဟယ်ရီစတိုင်နဲ့ အိုလီဗီယာတို့နှစ်ဦးစလုံးဟာ ပိုမိုအနေနီးကပ်လာပြီး မကြာသေးမီ သီတင်းပတ်တွေ အတွင်းကလည်း အတူတူအချိန်ဖြုန်းခဲ့ကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဒေးလီးမေးလ်ကိုပြောပါတယ်။ ဟယ်ရီ စတိုင်ရဲ့ အိမ်ကိုလည်းမကြာခဏလာလေ့ရှိတယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

Myanmaalinn

Read times
Rate this item
(0 votes)