ကုန်ကျစရိတ်နည်းနည်းနဲ့ မင်္ဂလာဆောင်မယ် - ၂

ကုန်ကျစရိတ်နည်းနည်းနဲ့ မင်္ဂလာဆောင်မယ် -  ၂ google.com

ယနေ့ခေတ်မှာက မင်္ဂလာပွဲ တစ်ပွဲအတွက်ဆိုရင်  ငွေကုန်ကြေးကျ တော်တော်များပါတယ်။

 

ချဲ့ရင် ချဲ့သလောက်ကို ကုန်ကျမှာဖြစ်ပါတယ်။ စုံတွဲတွေအနေနဲ့ကလည်း ဒါကတစ်သက်မှာတစ်ခါဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးနဲ့ အလှအပဆုံးဖြစ်ချင်မှာ အမှန်ပါပဲဖြစ်ပါတယ်။

 

ယခုတော့ မင်္ဂလာဆောင်တစ်ခုကို စရိတ်စက အနည်းဆုံးနဲ့ ဘယ်လို ကျင်းပမလဲဆိုတာ အကြံပြုပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်ဖိတ်ချင်တဲ့ သူတွေလည်း အကုန်ဖိတ်၊ ပျော်ရွှင်မှုလည်း မပျက်စီး၊ အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကို လမ်းညွှန်ပေးထားခြင်းဖြစ်ပါတယ်။

 

အခမ်းအနား အပြင်အဆင်


မင်္ဂလာဆောင် အခမ်းအနား အပြင်အဆင်ဆိုတာကလည်း သိပ်ပြီး ကြီးကျယ်စရာ မလိုပါဘူး။  အနေတော်လေးနဲ့ ကြည့်ကောင်း ရှုကောင်းရှိရင်ရပါတယ်။ ပြီးရင်တော့ အဲဒါတွေကို ပြန်ဖယ် ပစ်လိုက်ရမှာပဲဆိုတော့ ကုန်ကျစရိတ်နည်းအောင် ပြုလုပ်သင့်ပါတယ်။

 

လက်ဖွဲ့လက်ခံနေရာ  အပြင်အဆင်


ဒါကလည်း သိပ်ပြီး ကြီးကြီးမားမား လုပ်စရာမလိုပါဘူး။ သူငယ်ချင်းတွေ အကူအညီတောင်းပြီး  ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် ဘာလေး ညာလေးထည့် ပြင်ဆင်လိုက်ရင်တော့ ကုန်ကျစရိတ်နည်းမှာဖြစ်ပါတယ်။

 

မင်္ဂလာဆောင် ဝတ်စုံ


မင်္ဂလာဆောင်ဝတ်စုံကတော့ ပိုက်ဆံအသုံးချင်ဆုံး နေရာ ဖြစ်ပါလိမ့်မယ်။

 

လူတိုင်းက ဈေးသက်သာတာထက် လှတာကိုပဲ ရွေးလေ့ရှိကြပါတယ်။ ထို့ကြောင့် ကိုယ့်မှာရှိတဲ့ ငွေကြေးနဲ့ သင့်တော်မယ့် မင်္ဂလာဆောင် ဝတ်စုံဝယ်ဖို့၊ ငှားဖို့လောက်ပဲ အကြံပေးခြင်းဖြစ်ပါတယ်။

 

မင်္ဂလာဆောင်  လက်ဝတ်ရတနာ


မင်္ဂလာဆောင်မှာ လက်ထပ်လက်စွပ် အလဲအလှယ် လုပ်ရတာ အပြင် သတို့သမီးဘက်ကလည်း လက်ဝတ်ရတနာ တချို့လိုမှာပေါ့။

 

စရိတ်သက်သာချင်ရင်တော့ အရမ်းဈေးကြီးတဲ့ ရတနာတွေ မရွေးချယ်မိစေပဲ အသိဆွေမျိုး၊ မိသားစုထဲက ငှားရမ်းရင်တော့ ကုန်ကျစရိတ်သက်သာမှာဖြစ်ပါတယ်။

 

သတို့သား အဝတ်အစား


မင်္ဂလာဆောင်တစ်ခုမှာ လူတိုင်းက သတို့သမီးကိုပဲ အာရုံစိုက်ကြလေ့ ရှိတယ်ဆိုပေမယ့် သတို့သားအတွက် ဝတ်စုံကလည်း အရေးကြီးပါတယ်။

 

သတို့သားအနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျမယ့် အဝတ်အစားဖြစ်နေဖို့ အရေးကြီးပါတယ်။ ဈေးကြီးတဲ့ Tuxedos တွေချည်းပဲ ရွေးနေဖို့တော့ မလိုအပ်ပါဘူး။

 

သတို့သမီးဆံပင်၊ မိတ်ကပ်


ဆံပင်၊ မိတ်ကပ် အလှဖန်တီးရှင်ကိုယ်တိုင် ပြင်ပေးတာက စိတ်ကျေနပ်စရာ ကောင်းတယ်ဆိုပေမယ့် ဆံပင်ကို ကိုယ့်ဘာသာ ကိုယ်ပြင်တတ်မယ်ဆိုရင် စရိတ်လည်း သက်သာပါလိမ့်မယ်။

 

သို့မဟုတ်ပါက သူငယ်ချင်း တစ်ယောက်ယောက်ကို လက်စွမ်းပြခွင့် ပေးလိုက်ပါ။ ဒါမှမဟုတ် ရင်းနှီးတဲ့ အလှပြင်ဆိုင်တစ်ခုမှာ ဈေးသက်သက်သာသာနဲ့ ရအောင် ကြိုးစားပြီး ပြင်ရင်တော့ ကုန်ကျစရိတ်သက်သာမှာဖြစ်ပါတယ်။

Read more >>>>>>>>>>>>  ကုန်ကျစရိတ်နည်းနည်းနဲ့ မင်္ဂလာဆောင်မယ်

 

ဖိတ်စာ


ဒီနေရာက မင်္ဂလာဆောင်စရိတ်ကို အသက်သာဆုံးဖြစ်အောင် ချွေတာနိုင်မယ့် နေရာဖြစ်ပါတယ်။ အခုဆိုရင် မင်္ဂလာဆောင်ဖိတ်စာကို အနည်းငယ်ရိုက်နှိပ်ပြီး ရင်းနှီးတဲ့ သူငယ်ချင်းများကို အင်တာနက်ပေါ်၊ အီးမေးလ်ကနေလည်း  ဖိတ်စာကိုပို့ပြီး ဖိတ်နိုင်တဲ့အတွက် ကုန်ကျစရိတ်ကို ချွေတာနိုင်ပါတယ်။

 

မင်္ဂလာဆောင် လက်ကမ်းပစ္စည်း


မင်္ဂလာဆောင်တစ်ခုမှာ လာရောက်သူတွေကို ကျေးဇူးတုံ့ပြန်တာပဲဖြစ်ဖြစ် သို့မဟုတ် ယဉ်ကျေးမှုတစ်ခုအနေနဲ့ဖြစ်ဖြစ် လက်ဆောင် ပြန်ပေးလေ့ရှိပါတယ်။

 

ဒီလိုပြန်ပေးတဲ့နေရာမှာ အရမ်းဈေးကြီးတဲ့ အရာတွေမပေးဘဲ အမှတ်တရဖြစ်မယ့် အရာလေးတွေ ပြန်ပေးဖို့ စဉ်းစားစေချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကုန်ကျစရိတ်နည်းရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:51
Rate this item
(1 Vote)