ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေရမလဲ - ၂

ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေရမလဲ - ၂

မင်္ဂလာမောင်နှံများ တစ်သက်တာအမှတ်ရစေမယ့် မှတ်တမ်းဓါတ်ပုံလေးတွေရရှိအောင်

ဓါတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကို ဖော်ပြပေးထားပါတယ်။

ဒါမှလည်း ကိုယ်ကိုတိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

လက်နှင့် လက်သည်းများကို သန့်ရှင်းစင်ကြယ်အောင်ထားပါ

မိမိရဲ့ လက်ကလေးတွေ လက်ထပ်လက်စွပ် ဆင်မြန်းတဲ့အခါမှာ လှပနေစေဖို့ လက်နှင့်လက်သည်းများကို သန့်ရှင်းစင်ကြယ်ပြုပြင်ပေးသူ ကောင်းကောင်းတစ်ယောက်ဆီမှာ အလှဆင်သင့်ပါတယ်။

ဓာတ်ပုံဆိုင်တွင် ရိုက်ပြီးသား ဓာတ်ပုံများကို လေ့လာထားပါ

ဓါတ်ပုံဆရာတွေရဲ့ လက်ရာတွေကို အရင်လေ့လာထားသင့်ပါတယ်။ ဒီလိုလေ့လာခြင်းကြောင့် သင့်အရိုက်ခံမယ့် ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီးစိတ်ကူးကောင်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။

နေရာကောင်းကိုရွေးချယ်ထားပါ

မင်္ဂလာမောင်နှံနှစ်ဦး နှစ်ယောက်လုံး နှစ်သက်သဘောကျပြီး သက်တောင့်သက်သာနဲ့ ဓါတ်ပုံအရိုက်ခံနိုင်မယ့် နေရာကောင်းတွေကို ရွေးချယ်ထားပါ။ ဓါတ်ပုံဆရာနဲ့လဲတိုင်ပင်ပြီး ဘယ်လိုအကွာအဝေးမျိုးလောက်ကရိုက်ရင် ကောင်းမယ်ဆိုတာကိုပါ ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:53
Rate this item
(0 votes)