စုလျားရစ်ပတ်မင်္ဂလာပွဲတွင် လိုအပ်သောပစ္စည်းများ

စုလျားရစ်ပတ်မင်္ဂလာပွဲတွင် လိုအပ်သောပစ္စည်းများ google.com

- ပန်းကြဲမည့် မိန်းမပျိုအတွက် ငွေဖလားတစ်လုံး

 

- လက်ထပ်အောင်စံပယ်ပန်းကုံး ()ကုံး၊ လင်ဗန်း

 

- လက်ထပ်လက်စွပ်ထည့်ရန် လင်ဗန်း (သို့) ကလပ်

 

- စံပယ်ပန်းကုံးကြီး

 

- လက်စွပ်ပြောင် () ကွင်း (ရက်စွဲပါထည့်ရန်)

 

- ငွေပန်းနှင့် သပြေ၊ ရွှေပန်းနှင့်သပြေပန်းများကို အ၀င်တွင်ဧည့်သည်ကမ်းရန်အတွက်၎င်းပစ္စည်းများထည့်ရန်

 

-ငွေဖလား () လုံး သို့မဟုတ် () လုံးထားရန်

 

- စုလျားရစ်ပတ်အခမ်းအနားပါလျှင် သတို့သား၊ သတို့သမီးအတွက် ထိုင်ဖုံ ၂ ခု၊ လက်တင် ၁ ခု

 

- ကန်တော့ခံလူကြီးတို့အတွက် ထိုင်ဖုံ ၂ ခု

 

- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာနှင့် ပြည့်ရှင်မင်းတို့အားကန်တော့ရန် ကန်တော့ပန်းများနေ့အလိုက်လိုအပ်ပါတယ်။ အခမ်းအနားမှူးအတွက် သပြေခက်

 

- စုလျားရစ်ပတ်ပ၀ါဖြူ ၁ ထည်၊ ကလပ် ၁ ခု ပဝါတင်ရန်

 

- ရေစင်သွန်းရန် ငွေကရား ၂ ခု

 

- ငွေဖလားကြီး ၁လုံး၊ ရေတစ်ဝက်ထည့်၊ ရေစင်သွန်းရန်

 

- ငွေဖလားကြီး ၁ လုံး၊ ကန်တော့ပန်းထည့်ရန်နှင့် ကန်တော့ပြီး ပန်းထည့်ရန်

 

- လက်သုတ် ၄ ထည်၊ ကလပ် ၁ ခု၊ ရေစင်သွန်းပြီး အကြီးအကဲနှင့် သတို့သားမောင်နှံသုံးရန်

 

- ရေမွှေး ၁ ပုလင်း၊ ရေသန့် ၁ ဗူး တို့ လိုအပ်ပါမယ်

 

- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ မိဆိုင်ဖဆိုင်တို့အတွက် ကန်တော့ပွဲ ၆ ပွဲပေးရပါမယ်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)