မင်္ဂလာပန်းကြဲပေးမယ့်သူကို ဘာတွေမှာထားရမလဲ

မင်္ဂလာပန်းကြဲပေးမယ့်သူကို ဘာတွေမှာထားရမလဲ google.com

မင်္ဂလာပွဲထွက်ကျင်းပမယ့်စုံတွဲလေးတို့ရေ ပွဲထွက်မယ်ဆိုရင်မင်္ဂလာပန်းကြဲမယ့်သူကမပါမဖြစ်ပဲမလားနော်။

သူက အရှေ့ဆုံးကနေထွက်ရမှာမလား။ ဒီတော့စုံတွဲလေးတို့အတွက် ပန်းကြဲပေးမယ့်သူကအရေးကြီးပါတယ်။ ပန်းကြဲမယ့်သူ အဆင်ပြေစေဖို့ကြိုတင်ပြီးမှာထားရမယ့်အချက်လေးတွေ ရှိပါတယ်နော်။

 

ပန်းကြဲမယ့်သူရွေးတဲ့အခါ
စုံတွဲလေးတို့ ပန်းကြဲမယ့်သူရွေးတဲ့အခါ ပန်းကြဲပေးမယ့်သူက ကျက်သရေမင်္ဂလာပြည့်စုံပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်ကြောင်းကိုလည်း စုံတွဲလေးတို့ကယုံကြည်ထားသူဖြစ်ရပါမယ်နော်။ အဲဒီသူကို ရွေးဖို့လိုပါတယ်။

 

မှာထားရမယ့် အချက်တွေ
စုံတွဲလေးတို့ရေ ပန်းကြဲပေးမယ့်သူကိုရွေးပြီးပြီဆိုရင်တော့ အခါတော်ပေးကကြွရောက်ဖို့ ပြောကြားတဲ့အခါမှာ ဖြည်းဖြည်းချင်းလှမ်းဖို့ပြောပါ။ တချို့တွေဆိုရင် ပန်းကြဲကစိတ်လှုပ်ရှားပြီးမြန်မြန်လျှောက်မိလို့ အခါတော်ပေးသီချင်းနဲ့ မကိုက်ညီတော့တာမျိုး၊ အနောက်ဘက်သူတွေပါမြန်မြန်လိုက်လျှောက်ရပြီး မညီညာတော့မျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဖြည်းဖြည်းမှန်မှန်လျှောက်ဖို့ပြောပါ။

 

ပန်းကြဲတာကို ခုမှစပြီးလုပ်မယ့်သူဆိုရင် နည်းနည်းလေးလန့်တာကြောက်တာဖြစ်တတ်ပါတယ်။ အဲဒါကြောင့်ဘေးဘီကိုလုံးဝမကြည့်ဘဲ ခေါင်းငုံ့ပြီးလျှောက်တတ်ကြပါတယ်။ ခေါင်းငုံ့ပြီးမလျှောက်ဖို့ ကြိုတင်ပြောကြားထားပါနော်။ အဓိကလေ့ကျင့်ပေးထားရမယ့်အချက်ကတော့ ပြုံးဖို့ပါ။ မင်္ဂလာခန်းမထဲကိုစပြီးဝင်လိုက်ပြီဆိုတာနဲ့ စင်မြင့်ထက်မှာထိုင်နေတဲ့အချိန်ထိ ပြုံးပြုံးလေးနေဖို့မှာထားပါနော်။

 

ပန်းကြဲလေးတွေအနေနဲ့ နောက်ထပ်လုပ်ဆောင်ရမယ့်အချက်ကတော့ လျှောက်လှမ်းဆီလျှောက်လှမ်းနေစဉ်မှာ မင်္ဂလာမောင်နှံလေးတို့ဘဝတစ်လျှောက်လုံး ဖြောင့်ဖြူးသာယာပြီး၊ ကျန်းမာချမ်းသာစေပြီး သားကောင်းသမီးရတနာ ထွန်းကားနိုင်ဖို့ မေတ္တာပို့ဆုတောင်းတာမျိုး လုပ်ပေးဖို့လိုပါတယ်။

 

စုံတွဲလေးတို့ ပန်းကြဲမယ့်သူကိုမှာထားရမယ့် အချက်လေးတွေသိထားပြီးပြီဆိုရင်တော့ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားပေးဖို့လိုပါတယ်နော်။ ဒီလိုမျိုး တစ်ယောက်ချင်းအဆင်ပြေမှ ကိုယ့်ရဲ့မင်္ဂလာပွဲလေးလည်း ကျက်သရေရှိရှိ လှလှပပ ပြီးဆုံးအောင်မြင်နိုင်မှာပါနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 18 March 2019 17:37
Rate this item
(2 votes)