လက်ထပ်ပြီးလည်း အချစ်မလျော့အောင်

လက်ထပ်ပြီးလည်း အချစ်မလျော့အောင်

အိမ်ထောင်တစ်ခုတည်ထောင်ခါစ ဒါမှမဟုတ် relationship တစ်ခုအစပြုချိန်ကတော့ ပျားရည်စမ်းကာလလေးဖြစ်နေတတ်ပါတယ်။ ဘာလုပ်လုပ်အပြစ်မမြင်ဘဲ ချစ်ချင်နေတဲ့အချိန်လေးတွေပေါ့။ အများစုက အဲ့လိုအချိန်လေးတွေကုန်ဆုံးသွားတဲ့နောက်မှာ ဒီလိုစိတ်လှုပ်ရှားမှု နဲ့မျှော်လင့်ချက်လေးတွေက ချစ်ခါစကလိုပြန်မရနိုင်တော့ဘူးလို့ယုံကြည်နေတတ်ကြပါတယ်။ ပျိုမေလေးတို့ လက်ထပ်ပြီးချိန်မှာလည်း ဒီလိုပျော်ရွှင်မှုလေးတွေပြန်ရစေဖို့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။

 

(၁)သူက သာမန် ယောကျ်ားတစ်ယောက်လို့ပဲမြင်ပါ။

 

ဒီစာကြောင်းလေးကရိုးရှင်းကောင်းရိုးရှင်းနိုင်ပေမယ့် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအတွက်တော့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။သူကဘယ်လိုအောင်မြင်တဲ့သူ၊ ချမ်းသာတဲ့သူ၊ အရမ်းယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့သူဖြစ်နေပါစေ သူက ယောကျ်ားတစ်ယောက်လို့ပဲမြင်ပါ။

ယောကျာ်းတစ်ယောက် သူချစ်ရမဲ့၊ ကာကွယ်စောင့်ရှောက်ရမယ့် အမျိုးသမီးတစ်ယောက်ကိုလိုက်ရှာနေတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီးသင်ကတော့ သူရှာနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပါစေ။ရိုးရှင်းတဲ့ဖြစ်တည်မှု ၂ ခုကို အချင်းချင်းလက်ခံနားလည်နိုင်ခြင်းကပဲ ဘယ်လိုအခြေအနေမျိုးမှာမဆိုပျော်ရွှင်ရတဲ့အိမ်ထောင်ရေးကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

 

(၂)သင့်ရဲ့လက်တွဲဖော်ကို ဘာလို့ချစ်ရလဲဆိုတဲ့အကြောင်းကို အမြဲပြောပါ။

 

ကိုယ့်ခင်ပွန်း/ဇနီးက ကိုယ့်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ သူ့ကိုအမြဲသိပါစေ၊သူနဲ့ပတ်သတ်လာရင် စိတ်ချင်းဆက်နေတဲ့အထိ စိတ်နှလုံးသားချင်းရင်းနီးတယ်ဆိုတာသူသိပါစေ။

 

(၃) သေးငယ်တဲ့အရာလေးတွေကအစ အသိအမှတ်ပြုပါ။


တခါတလေမှာ သင်သန့်ရှင်းရေးလုပ်ပြီးသား အခန်းကို သင့်အိမ်ထောင်ဖက်ကမသိပဲ ထပ်ရှင်းနေမယ်ဆိုရင် သင့်အနေနဲ့အပြစ်မတင်ပဲသူ့စိတ်ကိုအသိအမှတ်ပြုပေးလိုက်ပါ။တခါတရံမှာ သူဖက်ထားပေးလို့

စိတ်ပင်ပန်းမှုတွေလျော့သွားရတယ်။သူအားပေးလိုက်လို့ အလုပ်တွေအဆင်ပြေသွားရတယ်ဆိုတာမျိုးကိုပြောပြပြီး အဲ့အတွက်သူ့ကိုကျေးဇူးတင်ကြောင်းပြောပြပါ။တခါတရံတချို့အရာတွေက ပြောစရာမလိုဘူးထင်နေပေမယ့် ပြောလိုက်ရင် ပိုအဆင်ပြေသွားတာမျိုးရှိပါတယ်။

 

(၄) ရိုးသားပါ။


သင်နဲ့ သင့်လက်တွဲဖော်က အချင်းချင်းရိုးသားကြမယ်ဆိုရင် ဘယ်သူကမှ သင်တို့ကိုခွဲလို့မရပါဘူး။ပိုက်ဆံတွေကို အလွန်အကျွံသုံးမိသွားတာ ၊ အမှားလုပ်မိတာမျိုးတွေကို ဖုံးကွယ်မထားပဲ ဝန်ခံပါ။

တစ်ခါလိမ်လိုက်လို့ အလိမ်ခံရမှန်းသိသွားတဲ့အခါမှာ သင့်လက်တွဲဖော်ရဲ့ ယုံကြည်မှုပျက်ပြားသွားနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ အတိတ်ကကိစ္စတွေမှာ မကျေနပ်တာ စိတ်အခန့်မသင့်တာတွေရှိရင် ချက်ချင်းဖြေရှင်းသင့်ပါတယ်။

ပြဿနာဖြစ်တဲ့အခါ အတိတ်ကအကြောင်းတွေပြန်ပြောနေတာမျိုးက နှစ်ယောက်ကြားက ဆက်ဆံရေးကို ဆိုးဝါးစေတဲ့အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် ပြဿနာတိုင်းကို ရိုးသားပြီး အပြန်အလှန်နားလည်မှုရှိရှိဖြေရှင်းသင့်ပါတယ်

 

(၅) ကိုယ့်ကိုယ်ကိုကြည့်ကောင်းအောင်အမြဲနေပါ။


တွဲလာတဲ့နှစ်အနည်းငယ်ကြာတဲ့အခါ ၊ ဒါမှမဟုတ် အိမ်ထောင်ကျတာကြာလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် သတိမထားတော့ပဲ ဖြစ်သလိုနေထိုင်လေ့ရှိပါတယ်။ပထမဆုံးတွေ့တဲ့နေ့ကို သတိရပါ။ဘယ်လိုလှလှပပ သပ်သပ်ရပ်ရပ်တွေ့ခဲ့ကြလဲ?

သင့်ကိုယ်သင် သပ်သပ်ရပ်ရပ် လှလှပပနေထိုင်ခြင်းကလည်း အရင်က ခံစားချက်တွေ ပျော်ရွှင်စရာတွေကို တဖန်ပြန်တူးဖော်နိုင်မယ့် နည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ နေ့တိုင်းသူ့ကိုဘယ်လောက်ချစ်ကြောင်းပြပါ။

ပြဿနာတွေကြုံလာတိုင်းမှာ စတွေ့ခါစအချိန်တွေကိုသတိရပါ။ဘယ်လိုရင်ခုန်ခဲ့ရလဲဆိုတာကိုအမှတ်ရပါ။အချစ်တွေသာမပျောက်ဆုံးသွားဖူးဆိုရင် ဘယ်အရာကမှသင့်ရဲ့အိမ်ထောင်ရေးကို မပျော်ရွှင်မှုတွေနဲ့အဆုံးသတ်စေမှာမဟုတ်ပါဘူး။ကိုယ့်ခင်ပွန်းက ယောကျာ်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုပဲ အမြဲအမှတ်ထားပါ။သူ့ကိုချစ်တာမှန်ရင် သူကသင့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။သူချစ်ရတဲ့ သူလိုလားတဲ့ အမျိုးသမီးအဖြစ်အသက်ရှင်ပြီး သူ့ကိုပျော်ရွှင်စေပါ။ဒါဆိုရင်တော့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာအသေအချာပဲဖြစ်ပါတယ်။

 

 

Marry

Read times
Rate this item
(0 votes)