Saturday, 11 May 2019 13:58

ကိုယ့်  ချစ်သူကို ဂရုစိုက်ရမည့် အချက်များ

ကိုယ့်ချစ်သူကို ယုံကြည်မှုလွန်ကဲပြီး မာနတွေထားနေရင်လည်း အလုပ်မဖြစ်ပါဘူး။

Saturday, 11 May 2019 12:09

စနောက်နေတတ်တဲ့စုံတွဲဟာ အချစ်ရေးမှာပိုပြီးခိုင်မြဲ

သင်တို့ချစ်သူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်အမြဲစနောက်လေ့ရှိပါသလား? ဒါဆိုရင်တော့

Saturday, 11 May 2019 11:41

လူတစ်ယောက်ကိုဘယ်အချိန်မှာ စွန့်လွှတ်ဖို့ သေချာနေပြီလဲ

စိတ်ပျက်လာခြင်းက နေစွန့်လွှတ်နိုင်ခြင်းတွေဖြစ်လာတာပါပဲ။ တစ်စုံတစ်ယောက်ကို စွဲလမ်းဖို့က

Friday, 10 May 2019 14:40

အိမ်ထောင်ပြုဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်တဲ့ အချက်များ

အိမ်ထောင်ပြုဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်တဲ့ အချက်များ ဘဝကို မောင်နှံစုံ ရွှေလက်တွဲပြီး

Thursday, 09 May 2019 16:07

အမျိုးသားတွေ ချစ်သူကောင်မလေးကို တကယ်ချစ်ရင် လုပ်တတ်တဲ့ အပြုအမူများ

မိန်းကလေးအများစုဟာ သူတို့ချစ်သူက သူတို့ကို သိပ်မချစ်ဘူး ၊ ဂရုမစိုက်ဘူး ၊ အချစ်တွေလျော့ကုန်ပြီ

Thursday, 09 May 2019 14:31

အသည်းကွဲပြီးနောက် လုပ်ဆောင်ရမည့်  နည်းလမ်းများ

ဘယ်သူကရော ချစ်သူနဲ့ လမ်းခွဲပြီး အမှောင်ထဲ တိုးသွားချင်ပါ့မလဲ။

Wednesday, 08 May 2019 16:44

ချစ်သူနှစ်ဦးကြားမှာ ထားသင့် တဲ့ ဆက်ဆံရေး

ချစ်ခင်မြတ်နိုးပါ

 

ပြီးပြည့်စုံတဲ့သူတစ်ယောက်ကို ရှာဖွေလက်တွဲမှချစ်ခြင်း လို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့  မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။

 

တောင်းပန်ပါ

 

ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက် ကိုယ်တွေကြားက ဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။

 

တည်ငြိမ်ပါ

 

လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။

အဆင့်တန်းမြင့်စွာနေထိုင်ပါ

 

လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူဝတ်ဆင်ထားတဲ့ အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။

 

အရှိန်အဝါနဲ့နေပါ

 

ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အ၀ါထက် ပင်ကိုယ်သဘောထားကြီးပြီး ကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။

 

ဆွဲဆောင်မှုရှိအောင်နေပါ 

 

လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ ဆွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။

 

ခွင့်လွှတ်ပါ

 

တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

 

Myanmar Wedding Guide 

Tuesday, 07 May 2019 17:28

အချစ်ရေးနဲ့ဆိုင်တဲ့ အကြံပြုချက်များ

- သင်နှင့်သင့်ချစ်သူ ရန်ဖြစ်တိုင်းမှာ အချင်းချင်းအပြစ်မတင်ဘဲ ပြဿနာရဲ့အဓိကအကြောင်းရင်းကို အရင်ရှာဖွေဖို့ ဦးစားပေးပါ။

 

- အနေဝေးနေသူတွေအနေနဲ့ အိမ်ထောင်ရေးပန်းတိုင်တွေ ချမှတ်ထားရပါမယ်။ မျှော်လင့်ချက်တွေချထားမှသာ နှစ်ဦးသား ရှေ့ဆက်စခန်းသွားဖို့ အင်အားတွေ ရလာမှာပါ။

 

- ချစ်သူရဲ့မိသားစုတွေ သူငယ်ချင်းတွေနဲ့ရင်းနှီးအောင်လုပ်ပါ။ နှစ်ဖက်စလုံးရဲ့ မိသားစုတွေသူငယ်ချင်းတွေနဲ့ရင်းနှီးတဲ့ချစ်သူတွေက ရေရှည်မှာပိုပြီးအဆင်ပြေပါတယ်။

 

- ကိုယ်စိတ်ဝင်စားနေတဲ့သူ သဝန်တိုအောင် တခြားလူနဲ့တွဲတာ/တခြားလူကိုစိတ်ဝင်စားပြတာ မလုပ်ပါနဲ့။ ဒီလိုလုပ်ရင် တစ်ဖက်သားက အထင်လွဲသွားပြီး လက်လျှော့သွားနိုင်ပါတယ်။

 

- အရင်ချစ်သူကိုမမေ့နိုင်သေးရင် နောက်ထပ်ချစ်သူတစ်ယောက် မထားသင့်သေးပါဘူး။ ချစ်သူအသစ်နဲ့ အဆင်ပြေနိုင်တဲ့အခွင့်အရေးကိုလည်း ထိခိုက်စေပါတယ်။

 

- ကိုယ်က ကြင်နာတတ်တဲ့ချစ်သူမျိုး လိုချင်ရင် ကိုယ်တိုင် ကြင်နာတတ်အောင် အရင်ကြိုးစားပါ။ ဒါမှသာ အသွင်တူတဲ့အိမ်သူကို ရှာဖွေနိုင်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။

 

- လက်တွဲဖော်ကောင်းတစ်ဦးဟာ ကိုယ့်ကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်လာစေပါတယ်။ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် တွန်းအားပေးနိုင်မယ့် ချစ်သူမျိုးရှာပါ။

 

- ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲရင်းနှီးပါစေ ကိုယ်ရေးကိုယ်တာကိစ္စတိုင်းကို ဝင်မစွက်ဖက်ပါနဲ့။ သူက လျှို့ဝှက်ချက်တစ်ခုကို မပြောပြချင်ရင် အတင်းလိုက်မပြောခိုင်းပါနဲ့။

 

- အရေးမကြီးတဲ့ကိစ္စတွေကို ခွင့်လွှတ်ပြီး မေ့နိုင်အောင်နေပါ။ အရင်ကအမှားလေးတွေကို ပြန်ပြန်မဖော်ထုတ်ပါနဲ့။ သင့်ချစ်သူက အချစ်လျော့သွားတယ် ထင်ပါလိမ့်မယ်။


- ဝါသနာနဲ့စိတ်ဝင်စားမှုတူတာက ခံယူချက်နဲ့ယုံကြည်မှုတူတာလောက် အရေးမကြီးပါဘူး။ ခံယူချက် တူညီမှုရှိခြင်း၊ မရှိခြင်းကသာ ချစ်သူနှစ်ဦးဘယ်လောက်မြဲလဲ ဆုံးဖြတ်ပါတယ်။

 

Myanmar Wedding Guide

Tuesday, 07 May 2019 14:10

RS တစ်ခု ခိုင်မြဲဖို့ သိထားသင့် သော အရာများ

-အခက်အခဲတစ်ခုစီတိုင်းကို ရင်ဆိုင်ဖြေရှင်းပါ။

 

- ယုံကြည်မှုနဲ့  နားလည်းမှုကို ဦးစာပေးပါ။

 

-တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ ချစ်ပေးပါ။


- ကိုယ်နဲ့ သူဖြတ်သန်းလာတဲ့ တစ်လျှောက်လုံး ပျော်ရွင်စရာ၊ အမှတ်တရလေးတွေကို အမြဲမှတ်ထားပေးပါ။

 

- အချိန်ရရင်ရသလောက် ဖုန်းဆက်ပေးပါ။ ပြစ်မထားရင် အကောင်းဆုံးပါပဲ။

 

- ကြည်နူးစရာ၊ တိတိတာတာ စကားလုံးလေးတွေ ပြောပေးပါ။

 

- တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းကြီးရန်မဖစ်သင့်ပါ။အပေးအယူမျှ ပြီး လျော့ သင့် တာကိုလျော့ ပေးပါ။

 

-လျှို ဝှက်ချက်တွေကို မဖုံးကွယ်ထားပဲ ပွင့်ပွင့်လင်းလင်း ဖြေရှင်းပါ။

 

-မိတ်ဆွေ၊ သူငယ်ချင်းတွေ ရှေ့ မှာ မအော်ငေါက်သင့် ပါ။

 

-ကိုယ့်  အလုပ်ကိစ္စနဲ့  ပတ်သပ်ပြီး နေ့ စဉ်ဖြစ်ပျက်နေတာလေးတွေပြောပြပါ။

 

-ဖုန်းပြောပြီးတဲ့ အခါ ပဲဖြစ်ဖြစ်၊ Message ကနေပဲဖြစ်ဖြစ် နောက်ဆုံး " အာဘွား ချစ်တယ် " ဆိုတဲ့ စကားကို ပြောဖို့ ဝန်မလေးသင့် ပါ။

 

စစ်မှန်သော အချစ်သည် ပေးဆပ်ခြင်းသာဖြစ်သည်။

 

Myanmar Wedding Guide

Monday, 06 May 2019 16:42

ယောင်္ကျားလေးတွေက ရုပ်လှတဲ့ သူထက် ဒီလိုပုံစံမျိုးလေးတွေကို ပိုချစ်ကြတယ်

ရုပ်အလှဟာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို၊

Page 14 of 86