အမျိုးသားတွေ ချစ်သူကောင်မလေးကို တကယ်ချစ်ရင် လုပ်တတ်တဲ့ အပြုအမူများ

အမျိုးသားတွေ ချစ်သူကောင်မလေးကို တကယ်ချစ်ရင် လုပ်တတ်တဲ့ အပြုအမူများ google

မိန်းကလေးအများစုဟာ သူတို့ချစ်သူက သူတို့ကို သိပ်မချစ်ဘူး ၊ ဂရုမစိုက်ဘူး ၊ အချစ်တွေလျော့ကုန်ပြီ

ပြောင်းလဲသွားပြီ စသဖြင့် ထင်လေ့ရှိကြတယ်။ ဒါဆိုရင်တော့ မှားသွားပြီ။

 

ယောင်္ကျားတွေက မိန်းကလေးတွေလို နုနုရွရွ အသေးစိတ် စိတ်ခံစားချက်တွေကို မဖော်ပြတတ်ပေမယ့် သိပ်ချစ်တတ်တဲ့ အသည်းနှလုံးကြီးကို ပိုင်ဆိုင်ထားကြပါတယ်။ တကယ်မချစ်ဘူးဆိုရင် ကြာကြာဟန်ဆောင်လို့ မရပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွာဟချက်က အမျိုးသမီးတွေက အရမ်းအသေးစိတ် ဂရုစိုက်တတ်၊ စိုးရိမ်ပူပန်တတ်ခြင်း နှင့် အမျိုးသား အများစုကတော့ အဲ့လိုမဟုတ်ပါဘူး။ အဲ့လိုကွာဟမှုတွေကြောင့် အမျိုးသားတွေကို တကယ်မချစ်ဘူး ၊ ပြောင်းလဲသွားတယ် ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ချစ်တတ်တယ်ဆိုတာ ဒီအချက်လေးတွေနဲ့  သက်သေပြလိုက်ပါတယ်။

 

ထင်ထားတာထက်ကို ပိုချစ်တယ်ဆိုတာ ယုံလိုက်ပါ။

 

အချို့အမျိုးသားတွေက သူတို့ရဲ့ စိတ်ခံစားမှုအကုန်လုံးကို မိန်းကလေးတွေလို ထုတ်မပြတတ်ပါဘူး ။ ဒါဟာ သက်သက်ဟန်ဆောင်နေခြင်းတော့ မဟုတ်ပါဘူး ။ သူတို့မင်းကို အရူးအမူးချစ်နေလည်း အကုန်လုံးတော့ ထုတ်မပြပါဘူး ။ဘာလို့လည်းဆို အရမ်းချစ်တာကိုသိပြီး အားနည်းချက်ကို အခွင့်အရေးယူသွားမှာ စိုးလို့ပါ ။ အမျိုးသားတွေကလည်း သူတို့ချစ်တဲ့မိန်းကလေးနဲ့ ခွဲရမှာ အလွန်ကြောက်ပါတယ်။

Facebook မှာ နောက်ယောင်ခံတတ်တယ်။

 

ယောင်္ကျားတွေကလည်း သူတို့မိန်းကလေးရဲ့ ဆိုရှယ်မီဒီယာတွေကို စုံစမ်းရေး ဝင်တတ်ပါတယ်။ သူ့ကောင်မလေး ဘယ်သူနဲ့စကားပြောတယ်၊ ဘာတွေတင်ထားတယ်၊ သင်နဲ့သက်ဆိုင်တဲ့ပုံတွေဆိုလည်း တစ်ပုံချင်းစီ ကြည့်သေးတယ်၊ ဘာတွေ မန့်ထားသလဲ ၊ ဘယ်လို reply ပြန်ထားသလဲ ။ သူတို့အကုန်စိတ်ဝင်စားပါတယ်။ ဒါတွေက သူ့ကောင်မလေးကို တကယ်ချစ်တယ်ဆိုတာ ပြနေတာပါပဲ။

 

အချိန်ပေးတွေ့ဆုံပေးပါတယ်။

 

အလုပ်တွေ အရမ်းများနေတယ်ဆိုရင်တောင် အချိန်ပေးပြီး တွေ့တာ ၊ အချိန်ပေးပြီး ဖုန်းပြောတာမျိုးတွေကို သိပ်ချစ်တတ်တဲ့ ယောင်္ကျားလေးတွေ လုပ်ပါတယ် ။ ဘယ်လောက်အလုပ်များများ ချစ်သူမျက်နှာတွေ့လိုက်ရင် ၊ ချစ်သူအသံကြားလိုက်ရင် တစ်ဝက်လောက် အမောပြေသွားတတ်တာပါ။ ဒါပေမဲ့ အဲ့လိုအချိန်မှာတော့ အမောဆို့အောင် ပြဿနာရှာတာမျိုး ၊ ရစ်တာမျိုးတော့ မလုပ်ပါနဲ့ ။

 

ဒီအချက်တွေက သူတို့မိန်းကလေးကို တကယ်ချစ်လို့  ပြုမူလုပ်ဆောင်တတ်ကြတာပါ။

 

Myanmar Wedding Guide

Read times
Rate this item
(2 votes)
Tagged under