ကိုယ့်ချစ်သူကို ပွေ့ဖက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးခံစားချက်များ - ၂

ကိုယ့်ချစ်သူကို ပွေ့ဖက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးခံစားချက်များ - ၂ google.com

ကိုယ့်ချစ်သူနေမကောင်းလို့ ကိုယ်ကဂရုမစိုက်ရင် သူ့ကို ဘယ်သူဂရုစိုက်မှာလဲဆိုတဲ့အတွေးကို တွေးမိကြပါလိမ့်မယ်။

ကိုယ့်ချစ်သူနေမကောင်းရင် ကိုယ်က ဖေးဖေးမမနဲ့ ပွေ့ဖက်ခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးရနိုင်တယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။

 

အထီးမကျန်ခြင်း

 

ချစ်သူခရီးသွားနေတဲ့အချိန်မှာ သင်တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးပါသလား။

 

ဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ။ အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ဖက်တွယ်ထားခြင်းက အထီးကျန်မှုကို ပြေပျောက်စေပါတယ်။

 

စိတ်လှုပ်ရှားမှုဖြစ်စေခြင်း

 

ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။ သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ်။

 

တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆို သင်အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေမှာ သေချာပါတယ်။

 

ပျော်စရာတွေဖြစ်စေခြင်း

 

သင်ပျော်ရွှင်နေတဲ့အချိန်မှာ သင့်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့အပျော်တွေ နှစ်ဆတိုးစေနိုင်ပါတယ်။

 

ဥပမာပြောရရင် လုပ်ငန်းတစ်ခုလုပ်နေစဉ်အတွင်းမှာ အောင်မြင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက်တိုးပွားလာမှာပါ။ အောင်မြင်မှုတစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့သင့်ပေ။

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(1 Vote)